October 10, 2009

စနေနေ့မုန့်ဟင်းခါး

စနေနေ့နေ့လည်ဘက် မိုးအေးအေးမှာ
အိပ်ရာထဲမှနှပ်နေပြီးမှထလာတာပဲဖြစ်ဖြစ်
ထမင်းမစားရသေးတဲ့ သူတွေအတွက်ဖြစ်ဖြစ်
မြန်မာပြည်ကမုန့်ဟင်းခါးကိုတမ်းတနေသူတွေရော...
ရိုးရာအစားစာလေးတွေကိုစားကြည့်ချင်နေတဲ့သူတွေ
အတွက်ပါ ထားဝယ်မုန့်ဟင်းခါး နဲ့ မုန့်လက်သုတ်
ကို သုံးဆောင်ကြပါဗျာ...

ရှိတာလေးနဲ့ဖြစ်အောင်ချက်ထားလို့ ဘဲဥမပါ၊ပဲကြော်မပါ။
စီးတီးဟောသွားရလည်းပျင်းပြီးအကုန်ကျလည်းသက်သာ
ကောင်းကောင်းလည်းစားချင်သူတွေအတွက်လည်းရည်ရွယ်ပါတယ်



ဒါကတော့မုန့်လက်သုတ်ငန်ငန်လေးပါဗျာ...သံပုရာသီးညှစ်၊
မု့န်ဖတ်ထည့်ပြီးသုံးဆောင်နိုင်သလို၊ ဒီအတိုင်းသောက်လို့လည်း
ကောင်းပါတယ်။

11 comments:

:P said...

ဘယ်မလဲ ချက်နည်း။

yangonthar said...

ဟင်းရည်နည်းနည်းလောက်ပေးပါ ဘဲဥလေးပါ ညှပ်ထည့်ပေးဗျ ..... အားငရုတ်သီးက စပ်ချက် အာကာသကို ပွင့်သွားတာပဲ မျက်လုံးတွေတောင် ဝေတယ် .... ကောင်း၏
ခင်တဲ့
ရန်ကုန်သား :))

ဆောင်းနှင်းရွက် said...

ဘာလဲ မုန့်လက်သုတ် ဆိုတာ ..?
တစ်ခါမှ မကြားဖူးဘူးကွယ် ..း)

မိုးခါး said...

ဗိုက်ဆာနေပါတယ်ဆို နှိပ်စက်ပြန်ဘီ ..
လာကြည့်မိတာ ငါ့အမှားး(
:P

Angel Shaper said...

စားချင်လွန်းလို့ လာငမ်းသွားသည်။
(အသုပ်ပြောပါတယ်) ဟီးးးးးးးးးးး

ဝက်ဝံလေး said...

ဟီးးးရိုးးအင်းးးးနော် နင် နင် ဒါပဲ ပြောမယ် ငါ မုန့်ဟင်းခါး စားချင်နေတာနော် ဟွင်းးးးး

သံလွင် HeRo said...

ချက်နည်းကတော့ နောက်ကြုံရင်ပြောပြမယ်
ဗျာ...ဟဲဟဲ မုန့်လက်သုတ်ဆိုတာက
ရခိုင်မု့န်တီနဲ့ခပ်ဆင်ဆင်ပါ...ဒါပေမဲ့သူက
ကြက်သွန်ဖတ်နဲ့ငါးကိုအဓိကထည့်ပြီးစားရပါတယ်။
အရသာက ချဉ်၊ငန်လေးပါ။ အစပ်ကြိုက်ရင်
ငရုတ်သီးမုန့်နဲ့စားလို့ကောင်းပါတယ်...
ကျနော်ကတော့ အဲဒီထဲကို စာကလေးကြော်ရယ်
ငါးဒေါင်းချင်းဥနဲ့ ထည့်စားတာကိုကြိုက်သဗျာ...

Yu Ya said...

ကိုသံလွင် Hero ရေ.. မုန့်ဟင်းခါး လာတီးသွားတယ်ဗျ..

yu ya

ငချမ်းကောင် said...

အင်း.......ကိုယ်တိုင်ချက်စားတတ်တော့ကောင်းတယ်ဟေ့။ စားချင်တာစားလို့ ရတယ်။ ကျွန်တော်ကတော့ ဆိုင်မှာပဲ တရုတ်မကြီးချက်တာကို စားတယ်။ ကြက်ဥမွေကြော်တောင် ပုံမှန် တစ်ယောက်စာကြော်စားရင် အိုကေတယ်။ သူငယ်ချင်းတွေလာလို့ နှစ်ယောက်စာ သုံးယောက်စာကြော်မိရင် ဆီနည်းသွားရတာနဲ့။ ဆီများသွားရတာနဲ့။ တရုတ်မကြီးချက်တာ သွားစားတာပဲ စိတ်ချမ်းသာတယ်။

Anonymous said...

မကြွားနဲ့ဟေ့.. တို့လဲ စလုံးက မှာထားတဲ့ မုန့်ဟင်းခါး ရောက်နေပြီ မနက်ဖြန် ဘော်သီကြူးနဲ့ အပီဝါးမှာ.. မုန့်ဟင်းခါး နာမည်တောင် ပြောလိုက်ဦးမယ် မျောက်မဒေါ်ချိုတဲ့ မသိရင် မှတ်ထားဦး.. ဟားဟား

Anonymous said...

ဒါနဲ့ မသိလို့ မုန့်လက်သုပ်ဆိုတာက ဘာလဲဗျ.. မုန်လက်သုပ်ဆိုတော့ မုန့်ခြေသုပ်ရော ရှိလို့လားဗျာ..။