October 22, 2009

ပုရစ်ကြော်

အခုတလော အိမ်ကိုလွမ်းနေကြတဲ့ စလုံးက မောင်နှတွေကိုကြည့်ပြီး
ကျနော်လည်း အလွမ်းဓာတ်လေးတွေကူးသွားပါတယ်။ ဒါကြောင့်ဒီနေ့
အလွမ်းဖြောက်ဖို့ရာ ပင်နီဆူးလားပလာဇာသို့ အတန်းပြီးပြီးခြင်းချီတက်
ခဲ့ပါတယ်။ ဟိုရောက်တော့ အိမ်မှာပြတ်လတ်နေတာကြာပြီဖြစ်တဲ့
မြန်မာအစားစာ(အာလူးကြော်၊ ဘာလခြောင်ကြော်၊ငံပြာရည်ချက်၊
ပဲပြုတ်၊ထန်းလျက်ခဲစတဲ့ဘာညာသာရကာနေကြာကွာစေ့) ဝယ်ဖြစ်တယ်။

ကျနော့်သူငယ်ချင်းက သူ့အသိဆိုင်တစ်ဆိုင်ကိုရောက်တော့ သာကြောင်း
မာကြောင်းမေးရင်း ပုရစ်ကြော်အထုတ်ကလေးတွေတွေ.တော့ သူရော
ကျနော်ပါ ရွှေထုတ်ကြီးကောက်ရသလိုပျော်သွားတယ်။ ဟိုတစ်ခေါက်ပြန်
တုန်းက ပုရစ်ပေါ်ချိန်မဟုတ်လို့ မစားခဲ့ရဘူးလေ။ ဒါနဲ့တစ်ထုတ်ဘယ်လောက်
လဲမေးတော့ ၁ ကျပ်တဲ့။ ၅ကောင်ကြီးတောင်ပါပါတယ်။ ၁ကျပ်ဆိုတဲ့အသံကြား
တော့ဟိုကောင်ကကိုင်ထားတဲ့အထုပ်ကိုပြန်ချတယ်။ ဟေ့ကောင်မင်းမစားဘူး
လားလို့မေးတော့ ဈေးကြီးတယ်ကွ တဲ့။ အေးကွာ နောက်တစ်ခါလူကြုံရှိမှပဲ
အိမ်ကိုမှာတော့မယ်လို့ ကျနော်လဲသူ့ကိုပြောရင်း တစ်ခြားပစ္စည်းတွေကိုကြည့်
ကာ အပြင်မှာပဲရပ်နေမိတယ်။ ခဏကြာတော့ ဟိုကောင်ပြန်ထွက်လာပြီး
လက်ထဲမှာအထုတ်လေးတစ်ထုတ်ကိုင်လို့။ ဘာလဲလို့မေးတော့ ဆိုင်ထဲက
အစ်မကြီး ကျနော်တို့ ဝယ်ရနိုးနိုးဖြစ်နေတာကိုတွေ.သွားပြီး ၃ထုပ်အလကား
ပေးလိုက်ပါတယ်တဲ့။ တော်တော်ပျော်သွားပါတယ်။ ရွှေရတနာရေ သိုင်းခကျူးဗျ။

ဒီသုံးထုပ်ပါ။


အိမ်ရောက်တော့ ကြက်သွန်ဖြူဆီသတ်ပြီးကျွတ်ကျွတ်လေးဖြစ်အောင်
ကြော်လိုက်ပါတယ်။



ရေနွေးကြမ်းလေးနဲ့ မြည်းလိုက်တာကောင်းမှကောင်းပဲဗျာ။
စားကောင်းလေးတွေကို မောင်နှမတွေအားမျှလိုက်ပါတယ်။
ရှလွတ်...ဒါပေမဲ့အခုတော့ကုန်သွားပါပြီ။

23 comments:

ပုံ့မေ said...

ငသံလွင်....မစားရ ဝမခမ်း လုပ်ပြီ...

ဟွင်းးးးးးးးး

အမကတော့ ကြောက်တော့ကြောက်တယ်... ထမင်းနဲ့ ဖုံးပြီးစားတယ်...... ဟီးးးးးးး

သူ့ လွမ်းပုံကမိုက်တယ်.... စီးတီးဟောက ဆိုင်တွေမှာ အကုန်ကုန်သွားပြီလား ဝယ်လာတာ :)

တောင်ပေါ်သား said...

အီးးးးး နင် စားတယ် ပုရစ် ငါတော့ မစားဘူးဟ ပေါက်တတ်ကရး) ကောင်းရင်ပြီးတာပဲ သနားပါတယ် နင်တို့ ၂ယောက် ဘယ်လို သွားမေးတာလဲ ငါလဲ ရွှေရတနာကို သွားဦးမယ် အလကားများ ရမလားလို့ အဟီး


လေးစားလျက်
တောင်ပေါ်သား

မိုးခါး said...

ရေနွေးကြမ်း ???????
သေချာလား ????????? :P
ငါမစားဘူးဘူး .. :D ကြောက်တယ်ဟ

ငချမ်းကောင် said...

ကုန်မှပြောတယ်ဟုတ်လား။ အလကားရလာတာတောင် မသဒ္ဒါဘူး။ စိတ်ဓါတ်ကလေးသိရတာ ဝမ်းသာပါတယ်။ ငါအလကားရလာရင်လည်း စားရဖို့ မမျှော်လင့်နဲ့။

ငချမ်းကောင် said...

အိမ်မှာဆို အမေဈေးက သဲပုရစ်ကြီးတွေ ဝယ်လာရင် အသဲ(အဘွား)က ကြက်သွန်ဖြူရယ် ကြက်သွန်နီရယ် ဂျင်းရယ်ထောင်ပြီး တစ်ကောင်ချင်းစီကို ဖင်ကဖောက်ပြီး တဲစလေးနဲ့ ထိုးထည့်ပြီး အစာသွပ်၊ ဆီလေးနဲ့ ရွနေအောင်ကြော်ပေးတာ။ ဘယ်ပြောကောင်းမလဲ ကောင်းချက်က ထောင်းချက်တာနဲ့တောင် ညက်သေး။ ခုများတော့ .........:(

ဝက်ဝံလေး said...

ဟေ့ကောင် ဟီးရိုးအင်း နင်တို့ကလဲ ကပ်စီးနည်းပဲ ငါကတော့ အစားမှာ ကပ်စီးမနဲဘူး ကြိုက်ရင် ဝယ်စားတယ် ကျန်တာသာ ငါ ကပ်စီးနဲတာ ဟားဟားးးးးးး
မကြိုက်ဘူးနော် အဲဒီတော့ ကုန်သွားလဲမနှမြောဘူး ဟားဟားးးး

ဘိုင် တာ့တာ

ဂျပန်ကောင်လေး said...

အီး..း).. အူတွေ ဗိုက်တွေ ယားလာပြီ..

Anonymous said...

သံလွင်ရေ..

ပုရစ်ကြော်ဆိုလို့ ပြေးလာကြည့်တာ..တီဝါ ပုရစ်ကြော်အရမ်းကြိုက်။ ခေါင်းဖြုတ်ပြီးစားတယ်။
ကပ်စေးနှဲထှာ.. ၁ကျပ်ဆိုလို့ မစားဘူးတဲ့.. တီဝါသာတွေ့
ရင် ၅ထုတ်လောက်ဝယ်ဖြစ်မလားပဲ။း))

ညလင်းအိမ် said...

မိုးခါးဆီကနေ လမ်းမှားလာတာ....
ရောက်တော့ ပုရစ်တွေတွေ့တော့ သတိရမိလို့...
မိုးခါးပြောတာဖြစ်နိုင်တယ်...
ပုရစ်နဲ့က ရေနွေးကြမ်းနဲ့လိုက်တာမဟုတ်ဘူး...
(ရှုးတိုးတိုး)

ခင်မင်လျှက်

Ree Noe Mann said...

ပုရစ်ကတော့ အသေကြိုက်ပဲ ညီရ။ ဈေးကြီးရင်တော့ မစားဘူးကွာ။ နောက်လူကြုံရှိမှ မှာတော့မယ်။

သရေကျသွားတယ်

ခင်တဲ့ ကိုရီနို

သံလွင် HeRo said...

ဟီးဟီး...ကတ်စီးနဲတာ လူတွေသိကုန်ကြပြီ :P
ကုန်မှကျွေးတာဟုတ်ပါဝူးဂျ။ ရေးရင်းနဲ့စားလိုက်
တာကုန်သွားလို့ပါ။း)
ဘာနဲ့လိုက်လဲဆိုတော့ကာ ထန်းရည်စစ်စစ်နဲ့
မတရားလိုက်ပါတယ်။

Anonymous said...

ပုရစ်တခါမှတော့စားဖူးဘူး
ဂျပန်ကောင်လေးဆီ ကတဆင့်ဝင်လာတာ
ပုရစ်ကြော်ပြေားလို့ 
အူထဲမှာလျှောက်ပြေးနေရင်ဒုက္ခနော်

တလနွန် said...

သံလွင်တို့  ကြိတ်စားတယ်ကွာ။ အားကျမခံ ဒေါ်သန်းသန်းနုဆီကနေ ပုရစ်ကြော်တွေ မှာလိုက်အုံးမယ် :))))

Unknown said...

စားလို့ကောင်းမကောင်းတော့ မသိဘူး.... မြင်တာနဲ့ အသဲယားလာတယ်.... >.< ပေါက်ပေါက်ရှာရှာ စားတတ်တယ်.... ^-^

Waing said...

ပုရစ်ကြော် မစားဖူးဘူး မြင်တာနဲ့တင် အသည်းယားတယ် မောင်လေးပဲစားပါ အခုလို သတိတရ စာရေးပြီး တင်ပေးတာပဲ ကျေးဇူးပါ...

ဒဏ္ဍာရီ said...

စားတော့စားဘူးတယ် အရသာလေးက စိမ့်နေတာပဲ။ အခုတော့ မစားတာကြာတော့ မစားရဲတော့ဘူး။ အူယားလို့း) မမြင်လို့လည်း ဖြစ်မှာပါ။

ခင်မင်လေးစားလျှက်

စိမ်း... said...

အောင်မလေး ကြောက်လို့ မစားရဲပါဘူး အူတွေတောင်ယားတယ်...

Unknown said...

chanye` said...

ပုရစ်က သေးသေးညှပ်ညှပ်လေးတွေ.. ပုရစ်စဉ်မမီဘူး။
ပုရစ်တွေမွေး ဒင်းတို့ကို လေ့ကျင့်ခန်းလုပ်ခိုင်းပြီး ကိုယ်တိုင် ပုရစ်ကောင်ကြီးကြီး ရောင်းစားရင်ကောင်းမယ်ထင်တယ်။

Yu Ya said...

ပုရစ်ကြော်လေးတွေ သွားရည်လာကျသွားတယ် ကိုသံလွင်ရေ..

yu ya

yangonthar said...

ဟာ တော်တော်ဆိုးတဲ့ ညီသံလွင်ပဲ အသေကြိုက်တာဗျ ..... ခုတော့ အသာလေး တံတွေးမြိုချသွားရတယ် .... ဟင်း သက်ပြင်းတွေပဲ ချသွားရတယ်ဆရာရေ ....
ဘာပဲဖြစ်ဖြစ် မြင်ရလည်းမနည်းပါဘူးလေ ကျေး ဇူးညီရေ (ဘီဘီလေးပါပါရင်ပိုကောင်းမယ်နော)
ခင်တဲ့
ရန်ကုန်သား :))

mabaydar said...

ဒဏ္ဍာရီ ပြောသလိုပဲ ငယ်ငယ်ကတော့ အရမ်းကြိုက်တယ်.. စားလဲ စားရဲတယ်.. ခု မစားတာကြာတော့ မစားရဲတော့ဘူး... စီးတီးဟောကဆိုင်တွေက အလကားပေးတယ်ဆိုတာတော့ ယုံရခက်ခက်ပဲ... ကောင်လေးတွေမို့ပေးလိုက်တာဖြစ်မှာပေါ့... မိန်းကလေးများ သွားရင် ဈေးတောင် ပြောချင်သလိုမပြောချင်သလို... ရွှေရတနာကိုပြောတာဟုတ်ဘူးနော်.. အားလုံးကို ခြုံပြောတာ....

Anonymous said...

အရမ်းကြိုက်... အခုတောင် စားနေတာ.... ရွှေအင်းဝ က ၀ယ်လာတာ....