October 19, 2009

Phobia 2



လေးစားအပ်ပါသော ရုပ်ရှင်ချစ်သူဘလော့ဂါအပေါင်းတို့ခင်ဗျား။
မနှစ်ကရုံတင်သွားတဲ့ 4bia ဆိုတဲ့ယိုးဒယားသရဲကားကိုမှတ်မိ
ကြသေးလား၊ ဒါမှမဟုတ် ကြည့်ဖြစ်ကြလားမသိဘူး။ သူရဲကား
ကြိုက်သူတို့အတွက် တင်ဆက်ပုံဆန်းဆန်းပြားပြားနဲ့ဒါရိုက်တာ
လေးယောက်ရိုက်ထားတဲ့ဇာတ်လမ်းလေးခုပါ 4bia ကို
ပြန်လည်ကြည့်စေချင်ပါတယ်။ ကြိုက်လိမ့်မယ်လို့လဲမျှော်လင့်ပါတယ်။

ဒီနေ့ သံလွင်ဟီးရိုးရုပ်ရှင်ရုံမှာ ရုံတင်မှာကတော့ အဲဒီ 4bia ကားရဲ့
အဆက် Phobia 2 ပါ။ ထိုင်းက နာမည်ကျော်ဒါရိုက်တာ
ငါးယောက်က ဇာတ်လမ်းတို ၅ပိုင်းခွဲထားပြီးလက်စွမ်းပြထားတာကို
သရုပ်ဆောင်များက ကျရာဇာတ်ရုပ်အတိုင်းပီပီပြင်ပြင်ကို
သရုပ်ဆောင်ထားကြပါတယ်။ ပထမဆုံးရုံတင်ရက်၅ရက်ဝင်ငွေစံချိန်
ကလည်းထိုင်းရုပ်ရှင်သမိုင်းမှာအများဆုံးဆိုပဲ။

Novice (by Paween Purijitpanya)

စစချင်းမှာPey ဆိုတဲ့၁၄နှစ်အရွယ်ချာတိတ်နဲ့သူ့သူငယ်ချင်း
တစ်ယောက်ကလူတိတ်တဲ့လမ်းမအပေါ်မှာဆိုင်ကယ်စီးပြီး
ကားတစ်စီးကိုကျောက်ခဲပစ်ပေါက်လိုက်တယ်။သူတို့ရဲ့အကြံကကားတိုက်မှု ဖြစ်ပြီးရင်ကားပေါ်မှာပါလာတဲ့တန်ဖိုးကြီးပစ္စည်း၊ငွေတွေကိုလုဖို့ပါပဲ။
ဒါပေမဲ့တိုက်ဆိုင်စွာပဲ ကျောက်ခဲကကားမှန်ကိုဖောက်ပြီးယာဉ်မောင်းလာ
တဲ့သူကပွဲချင်းပြီးဆုံးသွားတယ်။ အဲဒီတော့ဟိုနှစ်ကောင်ကဆင်းကြည့်တော့
Pey ပေါက်လိုက်တဲ့ကားဟာသူ့အဖေကားဖြစ်နေပြီး
ယူကျုံးမရဖြစ်သွားရော။သူ့အမေကအဲဒါကိုသိတော့
အမှုလည်းဇာတ်ပျောက်၊အကုသိုလ်လည်းကင်းအောင်ဆိုပြီး
ဘုန်းကြီးကျောင်းတစ်ခုမှာကိုရင်ပေးဝတ်လိုက်တယ်။ ဝတ်ဝတ်ချင်း
ညမှာပဲhunger ghost festival နေ့နဲ့တိုက်ဆိုင်နေပြီးPeyတစ်ယောက်ညဖက်
သရဲကျွေးထားတဲ့ရမ်ရမ်ခေါက်ဆွဲခြောက်ကိုခိုးစားလို့ဘယ်လိုဖြစ်တယ်၊ သရဲနဲ့ဘယ်လိုတွေဖြစ်ကြလဲဆိုတော့ကာ...

Ward (by Visute Poolvoralaks)

တစ်နေ့တော့ ဆေးရုံတစ်ခုကို Arthitဆိုတဲ့ဆယ်ကျော်သက်တစ်ယောက်
စက်ဘိန်းစီးပြီး ကမြင်းတာလွန်သွားလို့ရောက်လာပါတယ်။ခွဲစိတ်ပြီးလို့
emergency roomကအထွက်single အခန်းမရတာနဲ့သူ့ကိုနှစ်ယောက်ခန်းထဲ
ကိုပြောင်းလိုက်တယ်။သူ့မိဘဆွေမျိုးတွေကသူနေတဲ့မြို့မှာမရှိတာကြောင့်
သူတစ်ယောက်တည်းဆိုပေမဲ့ခန်းဆီးခြားထားတဲ့ဟိုဘက်ကုတင်ပေါ်မှာက
တော့သေလုဆဲဘိုးတော်တစ်ယောက်ကမျောနေတယ်။ခြေတောက်ကြိုး
နေတဲ့ Arthit နဲ့မျောနေတဲ့ဘိုးတော်တို့ဘယ်လိုဖြစ်ကြသလဲ...
သေလုဆဲဘိုးတော်ရဲ့ဝိညာဉ်ကArthit ရဲ့ကိုယ်ထဲဘယ်လိုရောက်သွားလဲဆိုတော့...

Backpackers (by Songyos Sugmakanan)

ဂျပန်ကလေးအတွဲတစ်တွဲဟာသူတို့အားလပ်ရက်မှာထိုင်းပတ်ဝန်းကျင်ကို
ခရီးထွက်ရင်းလမ်းပျောက်ကာဘန်ကောက်သွားဖို့အတွက်ကားလမ်းတစ်ခုမှာ
ကားတားပါတယ်။တားရင်းတားရင်းထရပ်ကားတစ်စီးနဲ့တိုးပြီးကားဆရာနဲ့
ပိုက်ဆံပေးစီးဖို့သဘောတူညီမှုရကာလိုက်လာပါတော့တယ်။တိုက်တိုက်
ဆိုင်ဆိုင်ပဲသူတို့ပါလာတဲ့ကားအနောက်ခန်းထဲမှာကဘိန်းတွေကို တရားမဝင်ဗိုက်ထဲမှာသယ်ဆောင်လာပြီးလူကုန်ကူးခံထားရတဲ့သနားစရာ
လူတွေပါ။လမ်းခုလပ်မှာဗိုက်ထဲမှာပါလာတဲ့ဘိန်းအထုတ်တွေပေါက်သွားပြီး
အားလုံးသေကုန်ကြပါတယ်။လောဘဇောတက်နေတဲ့ ကားဆရာနဲ့ကားသမားကနောက်ဆုံးမဖြစ်မနေရပ်ပေးလိုက်တော့
နောက်ကြသွားပါပြီ။သေသွားတဲ့လူတွေ zombieဖြစ်ကာ
လိုက်ကိုက်ကြတဲပုံများဘယ်လောက်ကြောက်ဖို့ကောင်းလဲဆိုတော့....

Salvage (by Parkpoom Wongpoom)

accidentတွေကြောင့်ရုပ်ပျက်ဆင်းပျက်ဖြစ်နေတဲ့ကားတွေကို
အကောင်းပကတိတိုင်းပြုပြင်ပြီးပြန်ရောင်းတဲ့Nuchဆိုတဲ့အမျိုးသမီး
တစ်ယောက်ဟာတစ်နေ့တော့ညဘက်ကုမ္ပဏီမှာအလုပ်လုပ်နေတုန်း
သူ့သားလေးဟာကားဂိုတောင်မှာကစားရင်းပျောက်သွားသတိထားမိတယ်။
အဲဒီနောက် security cameraကိုပြန်ရစ်ကြည့်ပြီးသူသားဝင်သွားတဲ့ကားကို
လိုက်ရှာ၊ကားတိုက်လို့သေသွားတဲ့သူတွေကပြန်ခြောက်။သားဇောနဲ့ရင်ကွဲ
လုမတက်ဖြစ်နေတဲ့အဲဒီအမျိုးသမီးလည်းနောက်ဆုံး
ကြောက်လန့်တကြားကားမောင်းထွက်သွားချိန် သူ့သားလေး
ပုန်းနေတာဟာသူမောင်းလာတဲ့ကားအင်ဂျင်ကြားမှာဖြစ်နေတယ်ဆိုတော့...

In the End (by Banjong Pisanthanakun)

ဒီကားမှာကတော့ဟိုးအရင် 4bia(in the middle) မှာသရုပ်ဆောင်ကြတဲ့
သူငယ်ချင်းလေးယောက်ပြန်ပါတယ်။ Alone 2ရုပ်ရှင်ရိုက်ကွင်းမှ
movie crewတွေတဖြစ်လဲသရုပ်ဆောင်ထားတဲ့သူငယ်ချင်းလေးယောက်ဟာ
နောက်ဆုံးသူရဲမကြီးထွက်လာတဲ့အခန်းကိုပီပြင်အောင်ရိုက်နေကြပါတယ်။
သူရဲအဖြစ်သရုပ်ဆောင်တဲ့မင်းသမီးကအပြင်မှာနေမကောင်းဖြစ်နေပြီးရိုက်ကွင်း
မှာမူးလဲသွားလို့ဆေးရုံပို့လိုက်တယ်။ဆေးရုံမှာသေသွားပြီဆိုတဲ့သတင်းကိုသွားပို့
တဲ့သူငယ်ချင်းတစ်ယောက်ကဖုံးဆက်ပြောတော့ကြားလိုက်တဲ့ရိုက်ကွင်းကလူတွေ
အားလုံးအံ့အားသင့်ကုန်ကြတယ်။ဘာဖြစ်လို့လဲဆိုတော့ရိုက်ကွင်းမှာ
မင်းသမီးကနေကောင်းပြီးနောက်ဆုံးအခန်းပြန်ရိုက်မယ်ဆိုပြီးရောက်လာလို့ပါပဲ။
ကြောက်ကြောက်နဲ့ပြေးကုန်ကြတဲ့ မှန်ထိုး၊မီးထိုးတဲ့သူတွေမရှိတော့ကျန်တဲ့သူငယ်ချင်း
သုံးယောက်ရယ်၊ခေါင်းဆောင်မင်းသမီးရယ်၊သူရဲအဖြစ်သရုပ်ဆောင်တဲ့မင်းသမီးရယ်
နောက်ဆုံးအခန်းကိုဘယ်လိုများရိုက်ကြသလဲ၊သူတို့တွေအားလုံးအပြန်လမ်းမှာ
ဆေးရုံကိုသွားပို့တဲ့ကားအတိုက်ခံထိပြီးခေါင်းတစ်ခုလုံးကြေမွနေတာကိုတွေ.
တာရယ်၊ ဆေးရုံကိုသွားပို့တဲ့သူငယ်ချင်းသူတို့နဲ့အတူတူပါလာလို့မင်းသမီးက
သရဲလား၊သူတို့သူငယ်ချင်းကသူရဲလားလို့ခွဲမထိကြတာရယ်၊
နောက်ဆုံးခေါင်းဆောင်မင်းသမီးအိပ်ငိုက်ငိုက်နဲ့မောင်းလာတဲ့ကားက
သူတို့အားလုံးကိုဝင်တိုက်လိုက်တော့...

သုံးသပ်ချက်။ ။ကျနော့်အမြင်ရ4Biaကားတုန်းကလောက်စိတ်ခြောက်ခြားဖွယ်
မကောင်းပေမဲ့အခုကားမှာပါတဲ့ငါးပိုင်းအထဲနောက်ဆုံးအပိုင်းကတော့
ကြောက်ဖို့လည်းကောင်းသလိုဟာသလဲနှောထားတဲ့အတွက်ရီလည်းတော်တော်ရီရ
ပါတယ်။ အားရင်ကြည့်ဖြစ်အောင်ကြည့်ကြပါအုံး။


မနေ့ကထွေလာလေးတင်ဖို့မေ့သွားလို့အခုမှပြန်တင်ပေးလိုက်ပါတယ်။
မကြောက်တက်ရင်ကြည့်သွားကြပါအုံးဗျ



youtube မှာရှာကြည့်တာအရင်
4bia (happiness,
tip for tat,
in the middle,
the last flight) ထဲမှာက
ဒါလေးပဲရှာလို့တွေ.တယ်။ ကောင်းလားလို့မြည်းကြည့်ပါ။ :)
4bia-Happiness part 1
http://www.youtube.com/watch?v=RHxYbgrFM50
4bia-Happiness part 2
http://www.youtube.com/watch?v=yEastuRw87Q&feature=related

11 comments:

Anonymous said...

စိတ်ဝင်စားစရာ ကောင်းပါလား။ တိုးရန့် မှာဝင်ရှာပြီး ဒေါင်းဦးမှဗျာ...။ ကားကောင်းလေးတွေ ရှိလဲပြောဦးဗျနော်...။ ကျနော်က ကားကောင်းရင် ကူးပြီးသိမ်းထားတာ အခုဆို ၅၀၀ကျော်လောက်ရှိပြီဗျ.. ရွာပြန်ပြီး ခွေဆိုင်ဖွင့်စားဖို့လေ.. ဟိ

တောင်ပေါ်သား said...

အေး သရဲတော့ ကြောက်တယ်ဟး) အဟားဟား ငါက သရဲဆိုကြည့်ပြီးသားပဲ လင့်လေးရှိရင် တခါထဲပေးပါ့လားဟး)


လေးစားလျက်
တောင်ပေါ်သား

ပုံ့မေ said...

အမယ်လေးးးးးးးး လေ ကျေးဇူးရှင်.... ပထမ 4bia Last Flight တောင် ကြောက်လို့ ကောင်းကောင်းမကြည့်ဘူး......

နောက်ထပ်ထွက်သေးတယ်...... မကြည့်ဘူးပဲ......ဟွင်းးးးး..........

ဒဏ္ဍာရီ said...

သရဲကားဆို ကြောက်ပေမယ့် အဲဒီလို စိတ်ခြောက်ခြားစရာ ကောင်းတဲ့ တီလုံးတွေကို ရင်တထိပ်ထိပ်နဲ့ နားထောင်ရင်း သရဲ ထွက်လာမယ့် အချိန်ကို မျှော်ရတာကို သဘောကျတယ်။ ကြည့်အုံးမယ်နော်။

ခင်မင်လေးစားလျှက်

ညီညီ said...

လင့်လေးရှိရင်ပေးပါဦးဗျ. သရဲကားသိပ်မကြည့်ဖြစ်ဘူး. ကိုဟီးရိုး ကြေငြားကောင်းလို့ ဖက်နေရင်းနဲ့ကို ကြည့်ချင်စိတ်ဖြစ်လာတယ်. တစ်ကယ်. လင့်လေးပါတင်ပေးပါ.

ခင်မင်လေးစားလျှက်

ညီညီ(အနာဂါတ်သံစဉ်)

မိုးခါး said...

အောင်မလေးလေး
ဖတ်တာနဲ့တင် ကြည့်ဖို့ စိတ်မကူးတော့ဘူး
ကြည့်တော့ ကြည့်ချင်တယ်
ဒါပေမယ့် မကြည့်တာပဲ ကောင်းပါတယ်
ကိုယ့်ဒုက္ခကိုယ်ရှာမိဦးမယ် .. :P

Ree Noe Mann said...

မိုးခါး ကြည့်မယ်ဆို လိုက်ပြမယ် ညီမရေ။
( မကြည့်ရဲမှန်းသိလို့ ပြောတာ ဟီးဟီး)

ဟုတ်တယ် လင့်လေးရှိရင်ပေးအုံး ညီ

ခင်တဲ့ ကိုရီနို

တလနွန် said...

ကြည့်ချင်တယ်ဟ။ ဒါပေမဲ့ လင့်တွေ ရှာလို့ မတွေ့ ဘူး။
အခုမှ ရုံတင်တဲ့ကားလား။
ထိုင်းသရဲကားဆို ကြိုက်ပြီးသားပဲဟ :)

သံလွင် HeRo said...

ကျနော်လည်းဟိုတစ်နေ့ကမှ ရုံမှာသွား
ကြည့်ထားတော့ ဒေါင်းမဲ့ဆိုဒ်ကိုမသိ
သေးဘူးဗျ...သိပ်မကြာခင်အချိန်မှာတော့
အရင်ဒေါင်းနေကြ နာမည်ကြီးဆိုဒ်တွေမှာ
ရှိလိမ့်မယ်လို့ထင်ပါတယ်။

အရင် 4bia the last flight လောက်
တော့ကြောက်စရာမကောင်းပါဘူးဗျ။
ဒါပေမဲ့တစ်ကားလုံးကိုခြုံကြည့်ရင်တော့
ကြည့်ရတာတန်ပါတယ်။ ကောင်းလည်း
ကောင်းပါတယ်။ ကြောက်ဖို့ :)

သိင်္ဂါကျော် said...

ဟား.. ကြည့်ချင်သွားပြီ

mabaydar said...

သရဲကားထဲမှာတော့ ထိုင်းသရဲကားကို အကြောက်ဆုံးပဲ... ပထမ phobia လဲ ဇာတ်လမ်းသိတယ်.. ဒါပေမဲ့ မကြည့်ရဲလို မကြည့်ဘူး.. ဒီ Phobia လဲ အရမ်းကို ကြည့်ချင်ပင်မဲ့ မကြည့်ခဲ့ဘူး... ဟိုးအရင်က ထွက်သမျှသရဲကားတွေ သွားသွားကြည့်ပြီး လူက စိတ္တဇလိုလိုဖြစ်ပြီး ၁ယောက်ထဲဆို မနေရဲ မအိပ်ရဲ ရေချိုးခန်းထဲ မ၀င်ရဲ ဖြစ်နေလို့ အမေ့ကို အမြဲအော်ခေါ်နေရတယ်... အဲဒိကတည်းက ယိုးဒယားသရဲကို ဖြတ်ထားတယ်... ခု အမေက မြန်မာပြည်ပြန်သွားတော့ ခေါ်စရာလူမရှိတော့ဘူးလေ... တော်ကြာ ခေါ်လိုက်လို့ လာတဲ့သူက.... (ဘုရား.. ဘုရား ပြောရင်းကြောက်လာပြီ... ဖွဟဲ့.. လွဲပါစေ..)