October 25, 2009

အကြွေစောတဲ့ကလောင်တစ်လက်





နီကိုရဲ...ဆုံးပြီတဲ့...မျက်နှာစာအုပ်ရဲ့
new feedမှာသူငယ်ချင်းတစ်ယောက်ရေးထား
တာလေး။တွေ.တွေ.ချင်းဟုတ်မှဟုတ်ရဲ့လားလို့ ဘလော့တွေ၊ဆိုက်တွေမှာလျှောက်
ကြည့်မိတော့ အစ်မမိုးချိုသင်းဆီမှာတင်ထားတာတွေ.တယ်လေဗျာ။
သက်ပျင်းရှည်ရှည်ချမိတယ်။ ဟူး....ဒါဆို.သေချာသွားပြီပေါ့။

ကျနော်တို့ဟိုက်စကူးဘဝတည်းက သူငယ်ချင်းတွေရောကျနော်ပါကြိုက်ခဲ့တဲ့
စာရေးဆရာ။ စာအုပ်ဆိုင်မှာလကုန်တိုင်း ဒီလနီကိုရဲဘာထွက်လဲလို့မေးဖြစ်တဲ့
အထိ။ ပေါ့ပေါ့ပါးပါးနဲ့ဖတ်ရင်းရယ်ပြီးဘဝအမောတွေဖျောက်ခဲ့တဲ့အချိန်တွေကို
သတိရနေမိတယ်။
နီကိုရဲ....နီကိုရဲ....သူ့ရဲ့အလွဲတွေကိုစာပေါ်တင်ပြီးလူတွေကိုအပန်းဖြေစေခဲ့သူ။
ခေတ်ရေစီးကြောင်းအလိုက်ရသတွေကိုဖန်တီးပေးခဲ့သူ။ဒါတင်မကဗီဒီယို၊ရုပ်ရှင်
တွေမှာပါဇာတ်ကားကောင်းအောင်ပံ့ပိုးဆောင်ရွက်ပေးသောသူ။
အခုတော့ သူချစ်တဲ့အနုပညာ၊မိသားစု၊အသိုင်းဝိုင်း၊ပရိသတ်တွေကိုနှုတ်ဆက်ဖို့
တောင်အချိန်မရပဲထွက်သွားခဲ့ခြေပြီ။ ဒီခရီးကိုလူတိုင်းသွားရမယ်ဆိုတာသိပေမဲ့
လေးစားအားကျနှစ်သက်တဲ့ စာရေးဆရာတစ်ယောက်ဖြစ်တဲ့အတွက်လည်း
အကြွေစောလို့နှမြောမိပါတယ်။ ကောင်းရာသုဂတိလားပါစေ။


October 23, 2009

A to Z Hero

Image magazine ကိုဖတ်ပြီးအတွေးပေါက်လာလို့ရေးကြည့်လိုက်တယ်။
အေတူဇက် ဟီးရိုးလေးပါ။

A accounting အခုသင်ကြားနေတဲ့ဘာသာရပ်။ စာမေးပွဲမှာbalance
ညီဖို့ကြိုးစားရအုံးမယ်။

B blog ညစ်နေတဲ့စိတ်တွေဒီထဲရောက်တော့ပျောက်သွားတယ်။

C camera ဒီ၅၀၀ တစ်လုံးလောက်တော့ အလိုရှိနေတယ်ဗျ။

D dinosaur အဲကောင်တွေကိုစိတ်ဝင်စားတယ်။ သူတို့ပါတဲ့ကားတွေ
ကိုမလွတ်တမ်းကြည့်တာငယ်ငယ်ကတည်းက အခုထိပဲ။

E egypt အသွားချင်ဆုံးသော နိုင်ငံများထဲကတစ်နေရာ။တစ်ချိန်ချိန်
တော့ ကုလားအုပ်စီးပြီးပရစ်မစ်တွေနဲ့ဓာတ်ပုံတွဲရိုက်မယ်။

F facebook ကွန်ပြူတာဖွင့်လိုက်တာနဲ့ ပထမဆုံးဖွင့်တဲ့ဆိုက်။

G gucci ခရေဇီအဖြစ်ဆုံး Brand ပါ။ ဂျီစာလုံးတွေထက် အနီနဲ့
အစိမ်းစပ်ထားတာကိုသဘောကြတယ်။ တိုတိုပေါက်လို့ကတော့
ဟင်းဟင်း....ဝယ်မယ်။း)

H home sweet home ပျော်စရာကောင်းတဲ့ အိမ်ကလေးမှာ
မိသားစုတွေနဲ့အတူအပူပင်ကင်းစွာနေချင်တယ်။

I internet အဲဒါကြီးမရှိရင် တစ်ခုခုလိုနေသလိုပဲ။သူမရှိတဲ့နေရာ
ရောက်သွားပြန်တော့လဲတစ်ခြားကိစ္စတွေမှာ အချိန်ပိုပေးဖြစ်တယ်။

J justin timberlake အဲကောင်သီချင်းတွေကိုနှစ်သက်တယ်။

K kiwi ဒီအသီးရဲ့အရသာကတစ်မျိုးလေးပဲ။ စားပြီးရင်လန်းသွား
တယ်လို့ခံစားရတယ်။

L libra ကျနော်မွေးတဲ့ရာသီခွင်ပါ။ တရားမျှတမှုကို လိုလားတယ်။
အနစ်နာခံတတ်တယ်။အချစ်ကြီးတယ်။မုန်းပြီဆိုရင်လုံးဝလှည့်မကြည့်ကြေးပါ။

M mother နားလည်ပေးနိုင်ဆုံးသော လူသားတစ်ဦး။

N never never never...give up စိတ်ဓာတ်တွေပြိုလဲတဲ့အချိန်မှာ
Churchill ရဲ့ဒီစကားလေးကိုနှလုံးအမြဲသွင်းမိတယ်။

O oil ဆီလျော့စားကြပါ။ ကျန်းမာရေးအတွက်မကောင်းပါဘူး။
ကမ္ဘာ.ရေနံဈေးကွက်ကြီးကိုချုပ်ကိုင်နိုင်တဲ့သူတစ်ဦးဖြစ်ချင်တယ်။ :)

P passport အသက်တစ်မျှရေးကြီးသောအရာ။

Q quill ပုရစ်ကြော်စားပြီးလို့ အခုငုံးကြော်၊ ငုံးကလီစာဒုတ်ထိုးစားချင်တယ်။

R red ရဲရဲတောက်တို့ဗမာတွေပါ။
အကျီအရောင်ရွေးရင်အနီကိုပထမဆုံးကိုင်မိတယ်။

S swimming ရေကူးချံပီယံတစ်ယောက်ဖြစ်ဖို့ ငယ်ငယ်ကအိမ်မက်။
အခုတော့ အသုံးမကျလို့စနစ်တကျတောင်မကူးတက်တော့ဘူး။

T thanlwin လူနာမည်ထက် သံလွင်မြစ်ကြီးကို သဘောကျတယ်။

U understanding တစ်ယောက်နဲ့တစ်ယောက်နားလည်မှုပေးနိုင်ဖို့က
အရေးကြီးဆုံးအရာတစ်ခုပါ။

V violin တယောထိုးတတ်ချင်တယ်။

W womanizer song ကိုကြားရင်တစ်မျိုးကြီးပဲ ရယ်ချင်တယ်။ပြုံးမိတယ်။

X x-men ရုပ်ရှင်ထဲကလို လူတွေအပြင်မှတစ်ကယ်ဆိုရင် ရေလည်မိုက်မယ်ဗျာ။

Y yoghurt အကြိုက်ဆုံးထဲက အစားစာတစ်ခု။ အန်တီယူစီကဒိန်ချဉ်
ဘယ်လောက်ကောင်းကောင်း လှည်းကလေးနဲ့ဒိန်ချဉ်ကိုတော့အလွမ်းသား။

Z zip စလုံးကမိဘပြည်သူများ အပြင်ထွက်ရင်ဇစ်တပ်ဖို့မမေ့ကြပါနဲ့ဗျာ။

အင်း...ကျနော်တော့ မမစိမ်း နဲ့ ဝက်ဝက်ကြီး ရဲ့ အေတူဇက်လေးတွေကိုဖတ်ချင်
တယ်ဗျာ။ အားရင်လုပ်ကြပါအုံး။း)

October 22, 2009

ပုရစ်ကြော်

အခုတလော အိမ်ကိုလွမ်းနေကြတဲ့ စလုံးက မောင်နှတွေကိုကြည့်ပြီး
ကျနော်လည်း အလွမ်းဓာတ်လေးတွေကူးသွားပါတယ်။ ဒါကြောင့်ဒီနေ့
အလွမ်းဖြောက်ဖို့ရာ ပင်နီဆူးလားပလာဇာသို့ အတန်းပြီးပြီးခြင်းချီတက်
ခဲ့ပါတယ်။ ဟိုရောက်တော့ အိမ်မှာပြတ်လတ်နေတာကြာပြီဖြစ်တဲ့
မြန်မာအစားစာ(အာလူးကြော်၊ ဘာလခြောင်ကြော်၊ငံပြာရည်ချက်၊
ပဲပြုတ်၊ထန်းလျက်ခဲစတဲ့ဘာညာသာရကာနေကြာကွာစေ့) ဝယ်ဖြစ်တယ်။

ကျနော့်သူငယ်ချင်းက သူ့အသိဆိုင်တစ်ဆိုင်ကိုရောက်တော့ သာကြောင်း
မာကြောင်းမေးရင်း ပုရစ်ကြော်အထုတ်ကလေးတွေတွေ.တော့ သူရော
ကျနော်ပါ ရွှေထုတ်ကြီးကောက်ရသလိုပျော်သွားတယ်။ ဟိုတစ်ခေါက်ပြန်
တုန်းက ပုရစ်ပေါ်ချိန်မဟုတ်လို့ မစားခဲ့ရဘူးလေ။ ဒါနဲ့တစ်ထုတ်ဘယ်လောက်
လဲမေးတော့ ၁ ကျပ်တဲ့။ ၅ကောင်ကြီးတောင်ပါပါတယ်။ ၁ကျပ်ဆိုတဲ့အသံကြား
တော့ဟိုကောင်ကကိုင်ထားတဲ့အထုပ်ကိုပြန်ချတယ်။ ဟေ့ကောင်မင်းမစားဘူး
လားလို့မေးတော့ ဈေးကြီးတယ်ကွ တဲ့။ အေးကွာ နောက်တစ်ခါလူကြုံရှိမှပဲ
အိမ်ကိုမှာတော့မယ်လို့ ကျနော်လဲသူ့ကိုပြောရင်း တစ်ခြားပစ္စည်းတွေကိုကြည့်
ကာ အပြင်မှာပဲရပ်နေမိတယ်။ ခဏကြာတော့ ဟိုကောင်ပြန်ထွက်လာပြီး
လက်ထဲမှာအထုတ်လေးတစ်ထုတ်ကိုင်လို့။ ဘာလဲလို့မေးတော့ ဆိုင်ထဲက
အစ်မကြီး ကျနော်တို့ ဝယ်ရနိုးနိုးဖြစ်နေတာကိုတွေ.သွားပြီး ၃ထုပ်အလကား
ပေးလိုက်ပါတယ်တဲ့။ တော်တော်ပျော်သွားပါတယ်။ ရွှေရတနာရေ သိုင်းခကျူးဗျ။

ဒီသုံးထုပ်ပါ။


အိမ်ရောက်တော့ ကြက်သွန်ဖြူဆီသတ်ပြီးကျွတ်ကျွတ်လေးဖြစ်အောင်
ကြော်လိုက်ပါတယ်။



ရေနွေးကြမ်းလေးနဲ့ မြည်းလိုက်တာကောင်းမှကောင်းပဲဗျာ။
စားကောင်းလေးတွေကို မောင်နှမတွေအားမျှလိုက်ပါတယ်။
ရှလွတ်...ဒါပေမဲ့အခုတော့ကုန်သွားပါပြီ။

October 20, 2009

Dagon 1 2004-2005 Batch Gathering


၂၀၀၄-၂၀၀၅ခုနှစ် အ.ထ.က(၁)ဒဂုံကနေပြီးဆယ်တန်း
အောင်ကြတဲ့ ဘော်ဘော်တို့...
အရင်ဟိုက်စကူးတုန်းကသူငယ်ချင်းတွေနဲ့ ပြန်တွေ.ချင်လား။
မတွေ.ရတာကြာပြီဖြစ်တဲ့ မျက်နှာလေးတွေကိုပြန်မြင်ချင်လား။
စလုံးမှာ၂၀၀၅batchကသူငယ်ချင်းတွေအယောက်၅၀ကျော်ရှိ
တာသိရဲ့လား။ အရမ်းခင်ဖို့ကောင်းတဲ့သူငယ်ချင်းတွေနဲ့တစ်ချိန်တည်း
တွေ.ချင်လား။ ကဲလာပါပြီခင်ဗျား။
2004-05batch 2ndGathering(Reunion)
ကို မကြာခင်ရက်ပိုင်းအတွင်းမှာပြုလုပ်တော့
မှာဖြစ်ပါတယ်။ အဲဒါကြောင့် ကြုံတောင့်ကြုံခဲအခွင့်ရေးလေးကို
လက်လွတ်သွားသည်မဖြစ်ရအောင် ငယ်သူငယ်ချင်းတွေနဲ့
တူတူ ပျော်ပျော်ပါးပါးကြီး East Coast မှာတွေ.ဆုံရအောင်လား။
နေ့ရက်က အားလုံးအဆင်ပြေမဲ့၇ရက်နေ့ နိုဝင်ဘာ(စနေနေ့)
အချိန်ကညနေ ၆း၃၀မှအကန့်သတ်မရှိ
ဘာဘီကျူးတူတူကင်ကြရင်း ကျောင်းအကြောင်းတွေပြောကြ၊
ငယ်ငယ်ကဆိုးအတူကောင်းဖက်ပျော်စရာလေးတွေကိုပြန်ဖလှယ်ကြရင်း
ဂိမ်းမာစတာတွေစီစဉ်ထားတဲ့ ဂိမ်းတွေလည်းဆော့အုံးမှာနော်...
အစားသောက်လည်းအပိုအလျှံ၊ ဆီဖြည့်ဖို့လည်းမပူနဲ့...
အားလုံးပျော်စေရပါမယ်။ ကဲဒါဆို...ဘာလို့စဉ်းစားနေသေးလဲ
အခုပဲ သံလွင်ဟီးရိုးဆီကို အီးမေးပို့ပြီးလက်မှတ်ဘွတ်ကင်လုပ်
လိုက်ပါတော့လားဗျာ။ :)
Let's Rock @ East Coast, hope to meet you all !!!
thanlwinhero@gmail.com

facebook ကကြော်ငြာလေးက ဒီမှာ
တစ်ခြားလင့်တွေကတော့
Dagon 1
အကုန်ချစ်တဲ့ဒဂုံ(၁) ၂၀၀၄-၂၀၀၅
Dagon 1 2004-2005 Batch

October 19, 2009

Phobia 2



လေးစားအပ်ပါသော ရုပ်ရှင်ချစ်သူဘလော့ဂါအပေါင်းတို့ခင်ဗျား။
မနှစ်ကရုံတင်သွားတဲ့ 4bia ဆိုတဲ့ယိုးဒယားသရဲကားကိုမှတ်မိ
ကြသေးလား၊ ဒါမှမဟုတ် ကြည့်ဖြစ်ကြလားမသိဘူး။ သူရဲကား
ကြိုက်သူတို့အတွက် တင်ဆက်ပုံဆန်းဆန်းပြားပြားနဲ့ဒါရိုက်တာ
လေးယောက်ရိုက်ထားတဲ့ဇာတ်လမ်းလေးခုပါ 4bia ကို
ပြန်လည်ကြည့်စေချင်ပါတယ်။ ကြိုက်လိမ့်မယ်လို့လဲမျှော်လင့်ပါတယ်။

ဒီနေ့ သံလွင်ဟီးရိုးရုပ်ရှင်ရုံမှာ ရုံတင်မှာကတော့ အဲဒီ 4bia ကားရဲ့
အဆက် Phobia 2 ပါ။ ထိုင်းက နာမည်ကျော်ဒါရိုက်တာ
ငါးယောက်က ဇာတ်လမ်းတို ၅ပိုင်းခွဲထားပြီးလက်စွမ်းပြထားတာကို
သရုပ်ဆောင်များက ကျရာဇာတ်ရုပ်အတိုင်းပီပီပြင်ပြင်ကို
သရုပ်ဆောင်ထားကြပါတယ်။ ပထမဆုံးရုံတင်ရက်၅ရက်ဝင်ငွေစံချိန်
ကလည်းထိုင်းရုပ်ရှင်သမိုင်းမှာအများဆုံးဆိုပဲ။

Novice (by Paween Purijitpanya)

စစချင်းမှာPey ဆိုတဲ့၁၄နှစ်အရွယ်ချာတိတ်နဲ့သူ့သူငယ်ချင်း
တစ်ယောက်ကလူတိတ်တဲ့လမ်းမအပေါ်မှာဆိုင်ကယ်စီးပြီး
ကားတစ်စီးကိုကျောက်ခဲပစ်ပေါက်လိုက်တယ်။သူတို့ရဲ့အကြံကကားတိုက်မှု ဖြစ်ပြီးရင်ကားပေါ်မှာပါလာတဲ့တန်ဖိုးကြီးပစ္စည်း၊ငွေတွေကိုလုဖို့ပါပဲ။
ဒါပေမဲ့တိုက်ဆိုင်စွာပဲ ကျောက်ခဲကကားမှန်ကိုဖောက်ပြီးယာဉ်မောင်းလာ
တဲ့သူကပွဲချင်းပြီးဆုံးသွားတယ်။ အဲဒီတော့ဟိုနှစ်ကောင်ကဆင်းကြည့်တော့
Pey ပေါက်လိုက်တဲ့ကားဟာသူ့အဖေကားဖြစ်နေပြီး
ယူကျုံးမရဖြစ်သွားရော။သူ့အမေကအဲဒါကိုသိတော့
အမှုလည်းဇာတ်ပျောက်၊အကုသိုလ်လည်းကင်းအောင်ဆိုပြီး
ဘုန်းကြီးကျောင်းတစ်ခုမှာကိုရင်ပေးဝတ်လိုက်တယ်။ ဝတ်ဝတ်ချင်း
ညမှာပဲhunger ghost festival နေ့နဲ့တိုက်ဆိုင်နေပြီးPeyတစ်ယောက်ညဖက်
သရဲကျွေးထားတဲ့ရမ်ရမ်ခေါက်ဆွဲခြောက်ကိုခိုးစားလို့ဘယ်လိုဖြစ်တယ်၊ သရဲနဲ့ဘယ်လိုတွေဖြစ်ကြလဲဆိုတော့ကာ...

Ward (by Visute Poolvoralaks)

တစ်နေ့တော့ ဆေးရုံတစ်ခုကို Arthitဆိုတဲ့ဆယ်ကျော်သက်တစ်ယောက်
စက်ဘိန်းစီးပြီး ကမြင်းတာလွန်သွားလို့ရောက်လာပါတယ်။ခွဲစိတ်ပြီးလို့
emergency roomကအထွက်single အခန်းမရတာနဲ့သူ့ကိုနှစ်ယောက်ခန်းထဲ
ကိုပြောင်းလိုက်တယ်။သူ့မိဘဆွေမျိုးတွေကသူနေတဲ့မြို့မှာမရှိတာကြောင့်
သူတစ်ယောက်တည်းဆိုပေမဲ့ခန်းဆီးခြားထားတဲ့ဟိုဘက်ကုတင်ပေါ်မှာက
တော့သေလုဆဲဘိုးတော်တစ်ယောက်ကမျောနေတယ်။ခြေတောက်ကြိုး
နေတဲ့ Arthit နဲ့မျောနေတဲ့ဘိုးတော်တို့ဘယ်လိုဖြစ်ကြသလဲ...
သေလုဆဲဘိုးတော်ရဲ့ဝိညာဉ်ကArthit ရဲ့ကိုယ်ထဲဘယ်လိုရောက်သွားလဲဆိုတော့...

Backpackers (by Songyos Sugmakanan)

ဂျပန်ကလေးအတွဲတစ်တွဲဟာသူတို့အားလပ်ရက်မှာထိုင်းပတ်ဝန်းကျင်ကို
ခရီးထွက်ရင်းလမ်းပျောက်ကာဘန်ကောက်သွားဖို့အတွက်ကားလမ်းတစ်ခုမှာ
ကားတားပါတယ်။တားရင်းတားရင်းထရပ်ကားတစ်စီးနဲ့တိုးပြီးကားဆရာနဲ့
ပိုက်ဆံပေးစီးဖို့သဘောတူညီမှုရကာလိုက်လာပါတော့တယ်။တိုက်တိုက်
ဆိုင်ဆိုင်ပဲသူတို့ပါလာတဲ့ကားအနောက်ခန်းထဲမှာကဘိန်းတွေကို တရားမဝင်ဗိုက်ထဲမှာသယ်ဆောင်လာပြီးလူကုန်ကူးခံထားရတဲ့သနားစရာ
လူတွေပါ။လမ်းခုလပ်မှာဗိုက်ထဲမှာပါလာတဲ့ဘိန်းအထုတ်တွေပေါက်သွားပြီး
အားလုံးသေကုန်ကြပါတယ်။လောဘဇောတက်နေတဲ့ ကားဆရာနဲ့ကားသမားကနောက်ဆုံးမဖြစ်မနေရပ်ပေးလိုက်တော့
နောက်ကြသွားပါပြီ။သေသွားတဲ့လူတွေ zombieဖြစ်ကာ
လိုက်ကိုက်ကြတဲပုံများဘယ်လောက်ကြောက်ဖို့ကောင်းလဲဆိုတော့....

Salvage (by Parkpoom Wongpoom)

accidentတွေကြောင့်ရုပ်ပျက်ဆင်းပျက်ဖြစ်နေတဲ့ကားတွေကို
အကောင်းပကတိတိုင်းပြုပြင်ပြီးပြန်ရောင်းတဲ့Nuchဆိုတဲ့အမျိုးသမီး
တစ်ယောက်ဟာတစ်နေ့တော့ညဘက်ကုမ္ပဏီမှာအလုပ်လုပ်နေတုန်း
သူ့သားလေးဟာကားဂိုတောင်မှာကစားရင်းပျောက်သွားသတိထားမိတယ်။
အဲဒီနောက် security cameraကိုပြန်ရစ်ကြည့်ပြီးသူသားဝင်သွားတဲ့ကားကို
လိုက်ရှာ၊ကားတိုက်လို့သေသွားတဲ့သူတွေကပြန်ခြောက်။သားဇောနဲ့ရင်ကွဲ
လုမတက်ဖြစ်နေတဲ့အဲဒီအမျိုးသမီးလည်းနောက်ဆုံး
ကြောက်လန့်တကြားကားမောင်းထွက်သွားချိန် သူ့သားလေး
ပုန်းနေတာဟာသူမောင်းလာတဲ့ကားအင်ဂျင်ကြားမှာဖြစ်နေတယ်ဆိုတော့...

In the End (by Banjong Pisanthanakun)

ဒီကားမှာကတော့ဟိုးအရင် 4bia(in the middle) မှာသရုပ်ဆောင်ကြတဲ့
သူငယ်ချင်းလေးယောက်ပြန်ပါတယ်။ Alone 2ရုပ်ရှင်ရိုက်ကွင်းမှ
movie crewတွေတဖြစ်လဲသရုပ်ဆောင်ထားတဲ့သူငယ်ချင်းလေးယောက်ဟာ
နောက်ဆုံးသူရဲမကြီးထွက်လာတဲ့အခန်းကိုပီပြင်အောင်ရိုက်နေကြပါတယ်။
သူရဲအဖြစ်သရုပ်ဆောင်တဲ့မင်းသမီးကအပြင်မှာနေမကောင်းဖြစ်နေပြီးရိုက်ကွင်း
မှာမူးလဲသွားလို့ဆေးရုံပို့လိုက်တယ်။ဆေးရုံမှာသေသွားပြီဆိုတဲ့သတင်းကိုသွားပို့
တဲ့သူငယ်ချင်းတစ်ယောက်ကဖုံးဆက်ပြောတော့ကြားလိုက်တဲ့ရိုက်ကွင်းကလူတွေ
အားလုံးအံ့အားသင့်ကုန်ကြတယ်။ဘာဖြစ်လို့လဲဆိုတော့ရိုက်ကွင်းမှာ
မင်းသမီးကနေကောင်းပြီးနောက်ဆုံးအခန်းပြန်ရိုက်မယ်ဆိုပြီးရောက်လာလို့ပါပဲ။
ကြောက်ကြောက်နဲ့ပြေးကုန်ကြတဲ့ မှန်ထိုး၊မီးထိုးတဲ့သူတွေမရှိတော့ကျန်တဲ့သူငယ်ချင်း
သုံးယောက်ရယ်၊ခေါင်းဆောင်မင်းသမီးရယ်၊သူရဲအဖြစ်သရုပ်ဆောင်တဲ့မင်းသမီးရယ်
နောက်ဆုံးအခန်းကိုဘယ်လိုများရိုက်ကြသလဲ၊သူတို့တွေအားလုံးအပြန်လမ်းမှာ
ဆေးရုံကိုသွားပို့တဲ့ကားအတိုက်ခံထိပြီးခေါင်းတစ်ခုလုံးကြေမွနေတာကိုတွေ.
တာရယ်၊ ဆေးရုံကိုသွားပို့တဲ့သူငယ်ချင်းသူတို့နဲ့အတူတူပါလာလို့မင်းသမီးက
သရဲလား၊သူတို့သူငယ်ချင်းကသူရဲလားလို့ခွဲမထိကြတာရယ်၊
နောက်ဆုံးခေါင်းဆောင်မင်းသမီးအိပ်ငိုက်ငိုက်နဲ့မောင်းလာတဲ့ကားက
သူတို့အားလုံးကိုဝင်တိုက်လိုက်တော့...

သုံးသပ်ချက်။ ။ကျနော့်အမြင်ရ4Biaကားတုန်းကလောက်စိတ်ခြောက်ခြားဖွယ်
မကောင်းပေမဲ့အခုကားမှာပါတဲ့ငါးပိုင်းအထဲနောက်ဆုံးအပိုင်းကတော့
ကြောက်ဖို့လည်းကောင်းသလိုဟာသလဲနှောထားတဲ့အတွက်ရီလည်းတော်တော်ရီရ
ပါတယ်။ အားရင်ကြည့်ဖြစ်အောင်ကြည့်ကြပါအုံး။


မနေ့ကထွေလာလေးတင်ဖို့မေ့သွားလို့အခုမှပြန်တင်ပေးလိုက်ပါတယ်။
မကြောက်တက်ရင်ကြည့်သွားကြပါအုံးဗျ



youtube မှာရှာကြည့်တာအရင်
4bia (happiness,
tip for tat,
in the middle,
the last flight) ထဲမှာက
ဒါလေးပဲရှာလို့တွေ.တယ်။ ကောင်းလားလို့မြည်းကြည့်ပါ။ :)
4bia-Happiness part 1
http://www.youtube.com/watch?v=RHxYbgrFM50
4bia-Happiness part 2
http://www.youtube.com/watch?v=yEastuRw87Q&feature=related

October 15, 2009

ကျေးဇူးတင်လွှာ

မနေ့က သံလွင်ဟီးရိုးရဲ့ မွေးနေ့မှာ အိမ်ကိုအလည်ကြွရောက်ချီးမြှင့်ကြသော
ညီကိုမောင်နှမအားလုံးနှင့်တကွ Facebook၊ အီးမေး၊ ဂျီတော့၊ မေ့ဆေ့ခ်ျ၊
ဖုန်းဆက်၊စီဗုံးမှာအော်၊ကွန်မန်းပေးပြီးဆုတောင်းဝုစ်ခ်ျလုပ်ကြတဲ့ချစ်ခင်လေးစား
ရသောညီကိုမောင်နှမများ၊သယ်ရင်း၊ဘော်ဘော်ကြီးများအားလုံးကို
ကျေးဇူးအထူးတင်ရှိပါကြောင်း...
အားလုံးသောမွေးနေ့ဝုစ်ခ်ျကြောင့်နှာစေးပြီးဖျားနေတာလည်းပျောက်ကာ
ကျောင်းလည်းရောက်အောင်သွားနိုင်ခဲ့သလိုပျော်စရာကောင်းပြီး
မမေ့နိုင်သောနေ့တစ်နေ့ဖြစ်ခဲ့ရပါတယ်။

တီဝါအီးမေးပို့ထားတဲ့ မွေးနေ့လက်ဆောင်လေးတွေပါ




ကိုတလနွန်ကလည်း

ညီလေးသံလွင်ဟီးရိုး
(၁၄.၁၀၂၀၀၉) ဗုဒ္ဒဟူးနေ့မှာ ကျရောက်တဲ့ ၂၁နှစ်ပြည့်မွေးနေ့မိုင်တိုင်မှသည်
ပျော်ရွှင်ချင်း၊ အောင်မြင်ချင်းတွေ လှိုင်လှိုင်သီးပွင့်နိုင်ပါစေဗျာ။
တလနွန်

- Show quoted text -

ဝက်ဝက်ကြီးကတော့
ဟီးရိုးအင်း...
ဟေ့ရောင် ငါ့သယ်ရင်းကြီးရေ မွေးနေ့မှပျော်ရွှင်ပါစေကွ
တစ်ကယ့်လက်ဆောင်ပေးချင်ပေမဲ့ အဟီးးးး ဒါလေးနဲ့ပဲကျေနပ်နော်
မင်းရဲ့သူငယ်ချင်း
ဝက်ဝံလေး


ကျောင်းတက်လိုက်၊ပြီးတာနဲ့အင်တာနေရှင်နယ်ကာချာရှိုးအတွက်
မြန်မာအကထွက်ဖို့ရာဆော်သြပေးနေတဲ့အတွက်တစ်နေကုန်မအား
လပ်အောင်ရှိခဲ့ပေမဲ့ဆုတောင်းပေးကြတဲ့စာသားတွေ၊ဖုန်းသံတွေကို၊
ကွန်မန်းတွေကိုမြင်တော့အမောတွေအားလုံး ပျောက်သွားပါတယ်ဗျား။
ထို့အတူပဲ ကျနော့်ကို အမှတ်တရ SIM HQ 2.15 အခန်းထဲမှာ
surprise birthday လုပ်ပေးကြတဲ့ဘော်ဒါများအားလုံးကိုလည်း
ကျေးဇူးထပ်ဆင့်တင်ရှိပါကြောင်း

သူတို့တွေပေးကြတဲ့ ဘတ်ဒေးကိတ်လေးပါ။



ဘော်ဘော်တွေလက်မှတ်ထိုးထားတဲ့ မွေးနေ့လက်ဆောင်
အနောက်က L.V အိတ်တော့မပါပါဘူး ဟီး

October 14, 2009

21st Birthday party !!!

glitters

သံလွင်ဟီးရိုးရဲ့ blog Grand ballroom ထဲတွင် အဝါရောင်တောက်ပနေသော
ပြိုးပြိုးပြက်ပြက်မီးဆလိုက်ကြီးများနဲ့အတူ ဖရောင်းတိုင်ကြီးကြီးများကို နေရာအနှံ့
အလှဆင်ထားသည်။ ၂၁နှစ်မြောက်မွေးနေ့အထိမ်းမှတ်အနေနဲ့ ၇ ယောက်ထိုင်လို့
ရသော စားပွဲဝိုင်းကြီး ၂၁ ဝိုင်းကိုဖန်တီးထားပြီး ထိုစားပွဲကြီးများအပေါ်တွင်...

Pizza hut မှသီးသန့်စပါယ်ရှယ်မှာယူထားတဲ့ ပူပူနွေးနွေး personal pan pizza တွေ




မြန်မာပြည်မှ သီးသန့်အော်ဒါယူထားတဲ့ seven color ပုဂဲကြီးတွေ



ကျန်းမာရေးကိုရှေးရှုသောအားဖြင့် ဗီတာမင်အပြည့်ပါတဲ့ Green Salad တွေ



Mash Potato တို့နဲ့အတူ



စတော်ဘယ်ရီ၊ ပန်းသီး၊စပျစ်၊ဖရဲသီးတို့ကိုအဓိကထည့်ထားပြီး
ခပ်ပျော့ပျော့ဖျော်ထားတဲ့ punch တွေ


ဒါကတော့ ပျားရည်ကြိုက်တဲ့ ဝက်ဝံလေးအတွက် ပျားသလက်နဲ့ပျားရည်
(သူက ပျားရည်ပါမှလာမယ်ဆိုလို့ အညာထိကိုမှာပေးထားရပါတယ်)

တောက်ပနေသောမီးရောင်အောက်တွင် ထိုသို့ခင်းကျင်းထားတဲ့ အစားသောက်
များနဲ့ ပနံရလှပစွာ ကြွရောက်လာကြသူတွေကို ဆွဲဆောင်နေပါတယ်...
ထို့နောက်တဖွဲဖွဲနဲ့ရောက်လာကြတဲ့ ချစ်ခင်လေးစားရတဲ့ဘလော့ဂါတွေ၊သူငယ်ချင်းတွေ
သယ်ရင်းကြီးတွေ။ မွေးနေ့ဖိတ်စာမှာ အကျီ်ကုတ်ကိုထည့်ပေးထားတဲ့အတွက်
တကူးတကရှာပြီး မင်းတုန်းမင်းခေတ်ကအဝတ်စားအဆင်တံဆာတွေနဲ့
ဘလော့ညီကိုတွေ၊ ရှင်စာပုဒီဇိုင်း၊ စုဖုရားလတ်ထမိန်၊ ပုဂံခေတ်အဝတ်စားတွေနဲ့
ဘလော့ညီအစ်မတွေကလည်းအပြုံးကိုယ်စီနဲ့မွေးနေ့လက်ဆောင်ကြီးတွေရင်ဝယ်
ပိုက်ကာ ရောက်လာကြပါတယ်။
သံလွင်ဟီးရိုးကတော့ ပါးစပ်ပိတ်ချိန်မရပဲ သွား၃၂ချောင်းပေါ်အောင်ပြုံးလျက်
မနေ့ကဖျားထားတဲ့အရှိန်ပျောက်နေပေမဲ့ နှာတရှုတ်ရှုတ်နဲ့
ကျေးဇူး...ရွှတ်ရွှတ်(နှာသံ)...သိုင်းခ..ခပ်ဟဒ်ဟတ်ချိုး ကျူး...တစ်ရှူးတစ်ထုပ်ကို
ကိုင်လျက် အားရပါးရလိုက်လံနှုတ်ဆက် ကျေးဇူးတင်စကားဆိုနေပါတယ်။
အခမ်းအနားအစီစဉ်အရ သံလွင်ဟီးရိုးက မွေးသမိခင်ကျေးဇူးရှင်နဲ့ဖခင်ကို
web cam နဲ့ဖိတ်ခေါ်ကာ ကန်တော့ပါတယ်။ အဲဒီနောက် Alvin တို့အဖွဲ.
က ဘတ်ဒေးကိတ်ကြီးတစ်လုံးကိုမလျက်စင်ပေါ်တက်လာပြီး ဘတ်ဒေးသီချင်းကို
မြိုင်မြိုင်ဆိုင်ဆိုင်သီဆိုကြပါတယ်...

ဟဲပီးဘတ်ဒေးတူးယူ...ဟဲပီးဘတ်ဒေးတူးယူ....ဟဲပီးဘတ်ဒေး ဒီးယား
သံလွင်ဟီးရိုး ဟဲပီးဘတ်ဒေးတူးယူ....






အဲဒီနောက်...တစ်ယောက်ချင်းစီအားကိတ်မု့န်လိုက်ခွံ.ကာဝိုင်ကိုယ်စီကိုင်ပြီးချီးယားစ်
လုပ်ကြပါတယ်


အမြီးလေးပါ။


ကြီးမားလှတဲ့ခမ်းမကြီးရဲ့အဆုံးမှာဘလော့ကျောက်စိမ်းအဖွဲ.ရဲ့
ဆိုင်းဝိုင်းကြီးကတစ်ဖက်ပိုးသားလေကြောင်းနဲ့ညဘက်ကြီးရောက်လာကြတဲ့
Ac/Dc bandကတစ်ဖက်မြန်မာ့သံစဉ်နဲ့အဂ်လိပ်သံစဉ်ရောယှက်ကာ ကြွရောက်လာသူတွေကိုဖျော်ဖြေနေပါတယ်...
ပထမဆုံးစင်ပေါ်တက်လာသူက ဖြူဖြူကျော်သိန်းနဲ့ Kelly Clarksonတို့က
because of you ကိုမြန်မာလိုတစ်ပိုဒ်အဂ်လိုတစ်ပိုဒ်အပီဟစ်နေကြတယ်...
အဲဒီနောက် taylor swift နဲ့ လေးဖြူက စတော်ဘယ်ရီချစ်သဲရှင်၊
rihanna နဲ့ အငဲ
ကမေတ္တာကမ္ဘာများဖြင့်မခြားလိုတယ်၊Poker faceကို
လေဒီဂါဂါနဲ့အာဇာနည်အသီးသီးဆိုကြပြီးအောက်ကဘလော့ဂါတို့ကလည်း
သီချင်းဆိုဖို့တန်းစီနေကြပါတယ်...
ဘာသီချင်းကိုဘယ်လိုဆိုကြလဲဆိုတော့ကာ.....

ယနေ့ကြွလာမိတ်သဟာ ချမ်းသာကိုယ်စိတ်မြဲပါစေ


thanks myspace comments
photo ref; www.google.com

October 13, 2009

မွေးနေ့မဂ်လာ ဖိတ်ကြားလွှာ

ချစ်ခင်၊လေးစား၊ယုယ၊ကြင်နာ၊မြတ်နိုးရပါသော အင်တာနက်တခွင်
ဖြဲဖြဲစင်အောင် နာမည်ကျော်ကြားကုန်ကြသော၊ ပွဲတက်လေ့တက်ထ
မရှိသော၊ အိမ်တွင်းအောင်းနေကြသော၊ အခုမှစတင်ခင်မင်ရင်း
နှီးဖူးသော၊ စတဲ့ အလုံးစုံသော ဘလော့ကာမောင်နှမ၊
ညီကို၊သွေးချင်းတို့...
မနက်ဖြန် အောက်တိုဘာလ ၁၄ ရက် ဗုဒ္ဒဟူးနေ့မှာ ကြရောက်မယ့်
၁နှစ်သားအရွယ်ဘလော့ဂါ၊ ဦးသံ၊ ညီသံလွင်၊ မောင်သံလွင်၊ ဖိုးသံ၊
ဟီးရိုး အင်း၊ ညီဟီးရိုး၊ စတဲ့ နာမည်ဂုဏ်ပုဒ်မြောက်မြားစွာနဲ့
ရိုက်ချင်ဖွယ်ကောင်းလှသော အသင်သံလွင်ဟီးရိုး ရဲ့ ပြင်ပအသက်
၂၁ နှစ်မြောက်မွေးနေ့ပွဲကြီးကို ဘလော့ရပ်ဝန်း၌ ခြိမ့်ခြိမ့်သဲအောင်
ကျင်းပဆင်နွှဲမည်ဖြစ်ပါရ်ျ ခင်မင်မှုကိုဦးထိပ်ထား၊ ချစ်ခင်မှုကိုရှေးရှု၊
ပျော်ရွှင်မှုကိုရည်ညွှန်းရင်း၊ သုံးပါးသော ဂါရဝတရားတော်ကိုနှလုံးသွင်း
ကာ မပျက်မကွက်ကြွရောက်ကြပါဟု ရိုသေလေးစားစွာဖိတ်ကြားအပ်ပါ
သည်။ ဒူ.........ဝေ..........ဝေ.............

မွေးနေ့အချိန်- ယနေ့ည ၁၂ နာရီတိတိ မှ ၁၄ ရက်တစ်ရက်လုံး
မွေးနေ့နေရာ- သံလွင်ဟီးရိုးဘလော့
Dress code - တောက်ပသောအရောင်၊ မြန်မာ့နန်းတွင်းပုံစံ
(မြန်မာပြည်မှ AC/DC band ကိုခေါ်ကာ တေးဂီတအစီစဉ်နဲ့အတူ
ဖျော်ဖြေရေးစင်မြင့်တစ်ခုဖန်တီးပေးထားသဖြင့် သီချင်းဆိုဝါသနာပါသူများ
အပီဟစ်နိုင် ဟဲနိုင်ပါသည်။)
ကျေးဇူးတင်ပါသည်။

ဘလော့ရွက်တိုင် ဖိတ်စာရိုက်နှိပ်ရေး


October 11, 2009

T for Thanlwin Hero

1. What is your name : Thanlwin Hero

2. A four Letter Word : Tape

3. A boy's Name : Talanon

4. A girl's Name : Tu Tu Thar

5. An occupation : Tailor

6. A color : Turquoise

7. Something you'll wear : Trouser

8. A food : Tempura

9. Something found in the bathroom : Tap

10. A place : Turkey

11. A reason for being late : Take a Poo

12. Something you'd shout : Take me home

13. A movie title : Transformer

14. Something you drink : Tequila

15. A musical group : Timberland

16. An animal : Tuna

17. A street name : Tampines Road

18. A type of car : Terraplane

19. The title of a song : Teardrops on my guitar

20. A verb : Take off

Rules : It's harder than it looks! Copy to your own note, erase my answers ,enter yours.Use the first letter of your name to answer each of the following questions.If the person before you had the same first initial , you must use different answers.You cannot use any word twice and you can't use your name for the boy/girl name question.

the next luckiest n favorable bloggers are

T for Taung Paw Thar
H for Home (ဦးအိမ်)
A for Aunty War
N for Nga Chan Kaung
K for Khin Oo May
S for Saung Hnin Ywat

October 10, 2009

စနေနေ့မုန့်ဟင်းခါး

စနေနေ့နေ့လည်ဘက် မိုးအေးအေးမှာ
အိပ်ရာထဲမှနှပ်နေပြီးမှထလာတာပဲဖြစ်ဖြစ်
ထမင်းမစားရသေးတဲ့ သူတွေအတွက်ဖြစ်ဖြစ်
မြန်မာပြည်ကမုန့်ဟင်းခါးကိုတမ်းတနေသူတွေရော...
ရိုးရာအစားစာလေးတွေကိုစားကြည့်ချင်နေတဲ့သူတွေ
အတွက်ပါ ထားဝယ်မုန့်ဟင်းခါး နဲ့ မုန့်လက်သုတ်
ကို သုံးဆောင်ကြပါဗျာ...

ရှိတာလေးနဲ့ဖြစ်အောင်ချက်ထားလို့ ဘဲဥမပါ၊ပဲကြော်မပါ။
စီးတီးဟောသွားရလည်းပျင်းပြီးအကုန်ကျလည်းသက်သာ
ကောင်းကောင်းလည်းစားချင်သူတွေအတွက်လည်းရည်ရွယ်ပါတယ်



ဒါကတော့မုန့်လက်သုတ်ငန်ငန်လေးပါဗျာ...သံပုရာသီးညှစ်၊
မု့န်ဖတ်ထည့်ပြီးသုံးဆောင်နိုင်သလို၊ ဒီအတိုင်းသောက်လို့လည်း
ကောင်းပါတယ်။