![glitters](http://images.paraorkut.com/img/pics/glitters/h/happy_bday-7270.jpg)
သံလွင်ဟီးရိုးရဲ့ blog Grand ballroom ထဲတွင် အဝါရောင်တောက်ပနေသော
ပြိုးပြိုးပြက်ပြက်မီးဆလိုက်ကြီးများနဲ့အတူ ဖရောင်းတိုင်ကြီးကြီးများကို နေရာအနှံ့
အလှဆင်ထားသည်။ ၂၁နှစ်မြောက်မွေးနေ့အထိမ်းမှတ်အနေနဲ့ ၇ ယောက်ထိုင်လို့
ရသော စားပွဲဝိုင်းကြီး ၂၁ ဝိုင်းကိုဖန်တီးထားပြီး ထိုစားပွဲကြီးများအပေါ်တွင်...
Pizza hut မှသီးသန့်စပါယ်ရှယ်မှာယူထားတဲ့ ပူပူနွေးနွေး personal pan pizza တွေ
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg1P-OPenGrx7_0NjcXzbXfu3vdjO-Dc0NuHYLPqKTLcG7AehP6msuMDsHzA2I1rMB4xnY4aAXiiTe97QV-wWYSwrKvJ0Ej_Jet_8sMLwCgZUl0wiyD-Z5-JbAhOwiHAEnDc291Nm0Nizo/s400/pan+pizza.jpg)
မြန်မာပြည်မှ သီးသန့်အော်ဒါယူထားတဲ့ seven color ပုဂဲကြီးတွေ
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJLGswxASGq3CV1cizmT8udze6g8s8dxnjj5WDSj7NVuGLIPdPoHpAyMTXIcLWYxyoUdKU3aHKKt8fpi3TsbNtjMEvXTgllq_5Y1VGBcLenIQBKNRGZD4u9GdHzvEV_vtaq70OS3RbSb8/s400/lobster.jpg)
ကျန်းမာရေးကိုရှေးရှုသောအားဖြင့် ဗီတာမင်အပြည့်ပါတဲ့ Green Salad တွေ
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhHE-r272vx1wUESTpnVldZZaaulhtk4uxYxgjE8XCTI04TdfqYShdrjU3wdDq9ha_IWkXMsNOP4EOtzs0A5DfBz0R8BWsL2dnwe1svl0tpT1z93s0f-kBcoli9Cs_jx4SIaLAb9avhqRw/s400/green+salad.jpg)
Mash Potato တို့နဲ့အတူ
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiMVF4Uhyx7xNMuleFWu7WkcUp1Gx-bCenOys5Y1aCtAGF3z06orml780uaOy5BlLk93azqfjhR1JyiMx0NuCp6KKndTEZvABgQEKn4rOKTbUMpJTPfQzg3PofE7L2mZ36xL8s319cOpIc/s400/mash+potato.jpg)
စတော်ဘယ်ရီ၊ ပန်းသီး၊စပျစ်၊ဖရဲသီးတို့ကိုအဓိကထည့်ထားပြီး
ခပ်ပျော့ပျော့ဖျော်ထားတဲ့ punch တွေ
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi969EloQxcSNlBJRrqdPm4idHILy97zrF-bJLR12Rh4huHPLQ2M_51-tdq5-4VT6f393GlTLGXQssBRRNAq1F-OAT1fLghO14wGer5O3WIb5Ct9WyeJIJEzRaSgLrEHuhtaFWlSxhD0As/s400/punch+1.jpg)
ဒါကတော့ ပျားရည်ကြိုက်တဲ့ ဝက်ဝံလေးအတွက် ပျားသလက်နဲ့ပျားရည်
(သူက ပျားရည်ပါမှလာမယ်ဆိုလို့ အညာထိကိုမှာပေးထားရပါတယ်)
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjSjWQn-hOIZn0yCupY3Yq0BNEhjchFPkstmrPWzgCY7K2MxA5l9fTr5PWceSl-FDrSDJ_3LJNtMhjXCctn3rXQxRE9qNfz2Co1hPkhV-KLI9a1p-CC5x44ab3FoUZMpGmPukR_bRIM5xQ/s400/honey.jpg)
တောက်ပနေသောမီးရောင်အောက်တွင် ထိုသို့ခင်းကျင်းထားတဲ့ အစားသောက်
များနဲ့ ပနံရလှပစွာ ကြွရောက်လာကြသူတွေကို ဆွဲဆောင်နေပါတယ်...
ထို့နောက်တဖွဲဖွဲနဲ့ရောက်လာကြတဲ့ ချစ်ခင်လေးစားရတဲ့ဘလော့ဂါတွေ၊သူငယ်ချင်းတွေ
သယ်ရင်းကြီးတွေ။ မွေးနေ့ဖိတ်စာမှာ အကျီ်ကုတ်ကိုထည့်ပေးထားတဲ့အတွက်
တကူးတကရှာပြီး မင်းတုန်းမင်းခေတ်ကအဝတ်စားအဆင်တံဆာတွေနဲ့
ဘလော့ညီကိုတွေ၊ ရှင်စာပုဒီဇိုင်း၊ စုဖုရားလတ်ထမိန်၊ ပုဂံခေတ်အဝတ်စားတွေနဲ့
ဘလော့ညီအစ်မတွေကလည်းအပြုံးကိုယ်စီနဲ့မွေးနေ့လက်ဆောင်ကြီးတွေရင်ဝယ်
ပိုက်ကာ ရောက်လာကြပါတယ်။
သံလွင်ဟီးရိုးကတော့ ပါးစပ်ပိတ်ချိန်မရပဲ သွား၃၂ချောင်းပေါ်အောင်ပြုံးလျက်
မနေ့ကဖျားထားတဲ့အရှိန်ပျောက်နေပေမဲ့ နှာတရှုတ်ရှုတ်နဲ့
ကျေးဇူး...ရွှတ်ရွှတ်(နှာသံ)...သိုင်းခ..ခပ်ဟဒ်ဟတ်ချိုး ကျူး...တစ်ရှူးတစ်ထုပ်ကို
ကိုင်လျက် အားရပါးရလိုက်လံနှုတ်ဆက် ကျေးဇူးတင်စကားဆိုနေပါတယ်။
အခမ်းအနားအစီစဉ်အရ သံလွင်ဟီးရိုးက မွေးသမိခင်ကျေးဇူးရှင်နဲ့ဖခင်ကို
web cam နဲ့ဖိတ်ခေါ်ကာ ကန်တော့ပါတယ်။ အဲဒီနောက် Alvin တို့အဖွဲ.
က ဘတ်ဒေးကိတ်ကြီးတစ်လုံးကိုမလျက်စင်ပေါ်တက်လာပြီး ဘတ်ဒေးသီချင်းကို
မြိုင်မြိုင်ဆိုင်ဆိုင်သီဆိုကြပါတယ်...
ဟဲပီးဘတ်ဒေးတူးယူ...ဟဲပီးဘတ်ဒေးတူးယူ....ဟဲပီးဘတ်ဒေး ဒီးယား
သံလွင်ဟီးရိုး ဟဲပီးဘတ်ဒေးတူးယူ....
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhXrmL0LIB0HuqizQwHD63NcNsDwiw8pszb_LcCXCAyctOM4Y0Lo8al2cmnj0f4UDxURjp_c2z9t0_vPALbhiqEt-jo1IaYh8KZfOLFy-1jTG7Ql8l9GeC7UuY1AMRkeOsdlm44b-VXWZk/s400/21st-birthday-cake-stars.jpg)
အဲဒီနောက်...တစ်ယောက်ချင်းစီအားကိတ်မု့န်လိုက်ခွံ.ကာဝိုင်ကိုယ်စီကိုင်ပြီးချီးယားစ်
လုပ်ကြပါတယ်
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjxbjyZi-QMlJIlrSAJV7ZyYLybBPJOJuEp53vXVPpz4Z1v37QLC7qHzNUbXTLzwDbtQK9rp_UKoVsHXDGDjpKeGyUOot_pZXWmiJSboJtf-zkA6KvZa5Hk3pQoRvmyuAlCE9inlZOxbrk/s400/wine.jpg)
အမြီးလေးပါ။
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjxIouzJ29NnmqE97jqKdx0k23go0gjwRVzNHbjmkP7aK_FKMFmBmQk-Amfp0lapsebNHCQSSPpCTLyb56H7POXYFQt0pVRww7Uq1Gxlf0AFT5Xc2qq-b6Vfkd0OEDVz0hGGS_U223shO0/s400/cheese.jpg)
ကြီးမားလှတဲ့ခမ်းမကြီးရဲ့အဆုံးမှာဘလော့ကျောက်စိမ်းအဖွဲ.ရဲ့
ဆိုင်းဝိုင်းကြီးကတစ်ဖက်ပိုးသားလေကြောင်းနဲ့ညဘက်ကြီးရောက်လာကြတဲ့
Ac/Dc bandကတစ်ဖက်မြန်မာ့သံစဉ်နဲ့အဂ်လိပ်သံစဉ်ရောယှက်ကာ ကြွရောက်လာသူတွေကိုဖျော်ဖြေနေပါတယ်...
ပထမဆုံးစင်ပေါ်တက်လာသူက ဖြူဖြူကျော်သိန်းနဲ့ Kelly Clarksonတို့က
because of you ကိုမြန်မာလိုတစ်ပိုဒ်အဂ်လိုတစ်ပိုဒ်အပီဟစ်နေကြတယ်...
အဲဒီနောက် taylor swift နဲ့ လေးဖြူက စတော်ဘယ်ရီချစ်သဲရှင်၊
rihanna နဲ့ အငဲကမေတ္တာကမ္ဘာများဖြင့်မခြားလိုတယ်၊Poker faceကို
လေဒီဂါဂါနဲ့အာဇာနည်အသီးသီးဆိုကြပြီးအောက်ကဘလော့ဂါတို့ကလည်း
သီချင်းဆိုဖို့တန်းစီနေကြပါတယ်...
ဘာသီချင်းကိုဘယ်လိုဆိုကြလဲဆိုတော့ကာ.....
ယနေ့ကြွလာမိတ်သဟာ ချမ်းသာကိုယ်စိတ်မြဲပါစေ
![thanks myspace comments](http://i.mycommentspace.com/125/12554.jpg)
photo ref; www.google.com
30 comments:
မွေးနေ့ပွဲကို တက်ရောက်ခဲ့ပါကြောင်း ...း)
ရောက်ရှိတဲ့အရပ်မှာပျော်လို့ ... အခက်အခဲမှန်သမျှကျော်လွှားနိုင်ပါစေ ...
မွေးနေ့ပွဲ ကို ရောက်လာတယ်နော်။
ခုတော့ ပြန်သွားပြီ။
အိပ်တော့မယ်။
ပျော်ရွှင်ပါစေကွာ။
ကိုရီနို
တူမောင်သံလွင်ရေ..
သံလွင်မြစ်ကြီးလို အေးမြကြည်လင်ပြီး
ဟီးရိုးကြီးလည်း ဖြစ်ပါစေနော်..
မွေးနေ့မှာ ပျော်ရွှင်ပါစေ..
မွေးနေ့က အချိန်လေးပဲ ကွာနေတာ.. နှစ်တွေလည်း ကွာမှာပေါ့..း))
ချစ်ခင်စွာဖြင့်..
ဦးနော်၊ တီငယ်၊ ကလေးလေး
ပီဇာစားချင်နေတာနဲ့အတော်ဘဲ။
happy birthday ........
စိတ်ကူးလေးနဲ့ပဲ
စားသွားတော့တယ် ..
တကယ် အပြင် ကျွေးချင်ရင်လည်း
ရတယ်နော် ...
မွေးနေ့မှသည်
အစဉ်အမြဲ
ပျော်ရွှင်နိုင်ပါစေ ..
ဟေးးးး ဟီးးးရိုးအင်းကြီးရေ ကျေးဇူးကွနော် ငါ့အတွက် ပျားရည်ပါ ထည့်ပေးလို့ အဟားးးးး
ဆော်တီးကွာ ကောင်ကြီး ငါ နဲနဲနောက်ကျသွားတယ် သိလား ရှုတင် သွားနေရလို့ သိလား ဟက်
ပျော်ရွှင်ဖွယ်ရာ မွေးနေ့လေး ဖြစ်ပါစေကွာ
ဟေ့ ၂၁ တောင်ဖြစ်ပြီနော် ဘယ်နေ့ ဘယ်တော့ မင်္ဂလာကိတ် စားရမတုံး ကွ ငွားငွားးးးးးးးး
မွေးနေ့ပွဲ မဖိတ်ဘဲ လာတတ်ပါတယ်ခင်ဗျာ..21 နှစ်ပြည့်မွေးနေ့မှ သည်. နောင် နှစ်ပေါင်းများစွာတိုင် ပျော်ရွှင်ချမ်းမြေ့ဖွယ်ကောင်းသော မွေးနေ့ပေါင်းများစွာ ကျော်ဖြတ်နိုင်ပါစေ.
ခင်မင်လေးစားလျှက်
ညီညီ(အနာဂါတ်သံစဉ်)
http://degolar.blogspot.com/2009/10/c-for-cake.html
ဟက်ပီဘတ်ဒေးးးးးးးးးးဗျိုးးးးးးးးးးးးးး
အစားအသောက်တွေကတော့ ရှယ်ပဲ။ ပလွတ်။
ဖျော်ဖြေမှု အစီအစဉ်လဲ ကောင်းမှကောင်းးးးးးးးးးးးးးးး
ပျော်ရွှင်စရာမွေးနေ့မှ နောင်နှစ်များတိုင် အောင်မြင်ပျော်ရွှင်မှုများ ပိုင်ဆိုင်နိုင်ပါစေ။
ဟက်ပီဘတ်ဒေးးးးးးးးးးးးးးးးး
ပျော်ရွှင်ဖွယ် မွေးနေ့ပေါင်းများစွာကို ဆင်နွှဲနိုင်ပါစေ။
မွေးနေ့ ပွဲ တက်ရောက်လာကြောင်းပါ.... ရှေးခတ်ဝတ်စုံတွေကို ဇာတ်ပွဲကနေ သွားငှားထားရတာ :)
တည်းခင်းကျွေးမွေးတာကိုလည်း အဝတွယ်ပါတယ်။ ကြွတ်ကြွတ်အိတ်ရှိရင်လည်း တစ်လုံးလောက် :)
HAPPY BIRTHDAY .............
HAPPY BIRTHDAY..............
ပျော်ရွင်တဲ့ မွေးနေ့ ရက်မြတ်ဖြစ်ပါစေ။
ဟေးးးးးးး ၂၁ ပြည့်ပြီကွ..... ဒန့် ဒန် .... အသက်တနှစ်ကြီးလာပါကြောင်းးးးးးးး........ ရှေ့ ခေတ်အကျီ င်္ ဝတ်တာ ထမီတုတ်နေလို့ မွေးနေ့ ပွဲလာ တာ ဟတ်ထိုးလဲသေးတယ်.......... ဒူးပြဲသွားပြီ... လျော်ပေးးးးးးးးးး :P
ပျော်ရွှင်ဖွယ်မွေးနေ့ ဖြစ်ပါစေ မောင်လေးရေ....
အမတော်တော့ မနေ့ ညက စားတာ ဘာမတည့်တယ်မသိဘူးးးးးး အီးတီရုပ်ထွက်နေပြီ ... ဟီးး :D
ပျော်စရာမွေးနေ့မှသည် ၂၂နှစ်ပြည့်မွေးနေ့အထိ နေ့တိုင်းပျော်ရွှင်ပါစေကြာင်းဆုတောင်းလိုက်ပါတယ်။
HAPPY BIRTHDAY TO YOU....... တောက် နာတယ်ကွာ ညက နဲနဲများသွားတယ် ခုမှ ရောက်လာတယ်း) မှီသေးတယ်မလားကွး)
-- ညီလေးရေ မွေးနေ့လေးမှသည် နောင်နှစ်ပေါင်းများစွာ ချစ်သော မိသားစု၊ ချစ်သူတို့နဲ့ ပျော်ရွှင်စွာ နေနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်။
လေးစားလျက်
တောင်ပေါ်သား
မောင်လေး သံလွင်ရေ ပျော်ရွှင်သောမွေးနေ့လေးဖြစ်ပါစေကွယ်။ အများကြီးစာသွားတယ်နော်
happy birthday to than lwin
HAPPY BIRTHDAY ပါ မောင်သံလွင်ရေ။
တီဝါတို့လာလည်တုန်းက တကူးတကလာပြီး အလည်လိုက်ပို့ပေးခဲ့တာလေးတွေကို အမှတ်ရနေမိပါ
တယ်။
၂၁ နှစ်ပြည့်မွေးနေ့မှသည် စိတ်၏ချမ်းသာခြင်း ၊ကိုယ်၏
ကျန်းမာခြင်းများနဲ့ ပြည့်စုံပျော်ရွှင်နိုင်ပါစေကြောင်း...
သမီးလေးက ပီဇာအရမ်းကြိုက်တယ် ဆွဲသွားပြီ ၁ချပ်.
:-D
ဦးဥာဏ်+တီဝါ
သမီးလေးခိုင်
မိသားစု
Happy Birthday ပါ မောင်ငယ်လေးရေ၊ မမလဲ မွေးနေ့ပွဲ လာတက်ပါတယ်...ပျော်ရွှင်ပါစေ..နောင်နှစ်ပေါင်းများစွာ..း)
happy birthday par shin... pizza tay a twat thz ^^
ဟယ် ၂၁ နှစ်ပဲ ရှိသေးတယ် သွားက ၃၂ ချောင်းပေါက်ပြီလား... မစိမ်းတောင် ၂၃ နှစ်ရှိပြီ ခုထိ ၂၈ ချောင်းပဲ ရှိသေးတယ်...
နေမကောင်းပဲ တဟွတ်ဟွတ် တချိုးချိုးဖြစ်နေတာကို အဲ့ဒီလိုကြီး ၃၂ ချောင်းဖြဲထားတော့ ကြက်တွေ၊ ၀က်တွေ၊ ငှက်တွေ ကူးကုန်ဦးတော့မှာပဲ... ဒါပေမယ့်လည်း ကိုယ့်မောင်လေး မွေးနေ့ဆိုတော့ နန်းမတော်မယ်နုဖက်ရှင်နဲ့ mask လေး အုပ်ပြီးတက်ခဲ့တယ်... စင်ပေါ်ကနေ ရောသမမွှေနေတဲ့ သီချင်းတွေနဲ့အတူ မြိုင်မြိုင်ဆိုင်ဆိုင်ဖြစ်သွားအောင် မွေးနေ့ရှင် သံလွင်ဟီးရိုးက တစ်ယောက်တည်းနဲ့ ဘိုတခြမ်း၊ ဗမာတခြမ်း ကပြား အကလေး ကပြအသုံးတော်ခံရန် တောင်းဆိုအပ်ပါသည်ရှင့်... ရွှီး ဖြောင်း ဖြောင်း ဖြောင်း....
ပျော်စရာမွေးနေ့ပါ ငါ့မောင်ရေ....
နောင်နှစ် နောင်နှစ် များမှာလည်း ဒီ့ထက်မက အခုလို ဘလော့ဂ်ဂါမောင်နှမတွေ စုံစုံညီညီနဲ့ ပေါနိုင် အဲလေ ပျော်နိုင်ပါစေ ... လူတွေက အသက်ကြီးလာရင် အပျော်တွေ လျော့တတ်ကြတယ်မလား... ပါးတော့မပါးပါစေနဲ့နော်... အိပ်ဖောင်းမှ တို့ဘလော့ဂ်ဂါမောင်နှမတွေ ၀ါးတီးဆွဲရမှာ...... :P
Happy Birthday to u~~~
အစားအသောက်များစွာနဲ့ ဧည့်ခံကျွေးမွေးထားတဲ့ မွေးနေ့ပွဲလေးကို တက်ရောက်ခဲ့ပါတယ်။ တေးဂီတ အစီအစဉ်တွေကလည်း ရှယ်ပဲ သံလွင်အတွက်လည်း ဘက်ဒ်ဒေးသီချင်းကို ဘလော့ဂါမောင်နှမတွေ အစုံအလင်နဲ့ သီဆို ဆုတောင်းပေးခဲ့ပါတယ်။ ထာဝရ ပျော်ရွှင်နိုင်ပါစေ.....
ဟာ ဟာ ငါ နောက်ကျနေပြီကွာ ကျန်ပါတော့မလား မသိဘူးးးးးးးးးး မကျန်တော့ဘူးကွာ ညနေ စီးတီးဟော လာမှဘဲ စားတော့မယ်။းP ၂၁ မှ ၂၂ သို့ အဓိပ္ပါယ် ရှိစွာ ဖြတ်သန်းသွားနိုင်ပါစေ
ကိုယ့်ထက် 15နှစ်လုံးလုံး ငယ်တယ် ဆိုတော့ကာ ညီလေး မခေါ် တူတော်မောင် သာ ခေါ်ရပေတော့မပေါ့။
တူတော်မောင် ဟီးလွင်သံရိုး အဲလေ သံလွင်ဟီးရိုး.. မွေးနေ့မှာ ပီဇာ တစ်ကယ်မစားရရင် မွေးနေ့ဆုတောင်း မပေးချင်ဘူး။
မကောင်းတတ်လို့သာ ပြောသွားမယ်။
*HAPPY 21st BIRTHDAY!!!!!!*
ပျော်ပါစေညီလေး
မွေးနေ့ဆုတောင်းပေးသွားပါတယ်...
ချစ်ခင်စွာဖြင့်
ဖိုးစိန်
ချစ်လှစွာသော ညီကိုမောင်နှမများအားလုံးကို
ကျေးဇူးအထူးတင်ရှိပါတယ်ဗျာ...
တာဝန်မကျေခဲ့သည်များရှိရင် ခွင့်လွတ်ပါ
ကြောင်းတောင်းပန်အပ်ပါသည်ဗျား...
စိတ်ကူးထဲမှာတော့...ဘလော့ကမောင်နှမတွေနဲ့
ကောင်းပေ့ဆိုတဲ့ ဆိုင်ကြီး၊ ဟော်တယ်ကြီးတွေ
မှာစားချင်တာပေါ့...ဟဲဟဲ...တစ်နေ့နေ့ပေါ့လေ
တိုတိုထိုးလိုက်အုံးမယ်... :P
တော်တော်နောက်ကျသွားသဗျ
Happy birthday ပါဗျို့....
ကျေးဇူး ကိုဖန် :P
မွေးနေ့မှာ ပျော်ရွင်ချမ်းမြေ့ပါစေဗျာ။ ယခုမွေးနေ့မှ နောင်နှစ်ပေါင်းများစွာတိုင် မိသားစုနဲ့ ပျော်ရွှင်ချမ်းမြေ့တဲ့ ဘဝလေးကို ပိုင်ဆိုင်နိုင်ပါစေ။
မွေးနေ့ရှိတယ်လား...
မသိလိုက်လို့ နောက်ကျသွားတယ်လား...
ဆုမွန်ကောင်းတွေ တောင်းပေးပါတယ် လား...
းဝ)
ကိုငချမ်း၊ ကိုလူထွေးကျေးဇူးပါပဲဗျာ။
Post a Comment