September 27, 2009

SIM ARTS FESTIVAL

SIM (Singapore Institute of Management) Arts Festival
လို့နာမည်ပေးထားတဲ့ SIM students week ကို September
22nd မှ 25th ထိ ကျောင်းက Atrium မှာစည်ကားသိုက်မြိုက်စွာ
ကျင်းပခဲ့ပါတယ်။
Atrium ကိုမရောက်မီ ကျောင်းကို စဝင်လိုက်တာနဲ့ Basketball
ကွင်းအတုကြီးကို ဖန်တီးထားပြီး basketball club မှာ အသင်းဝင်
များက သရုပ်ပြကစားနေကြပါတယ်။ အဲဒီနံဘေးမှာ ဘတ်စ်ကက်ဘော
ဂိမ်းစက်တစ်ခုလည်းထားပေးထားပြီး မည်သူမဆိုအခမဲ့ဝင်ရောက်
ဆော့ကစားနိုင်ပါတယ်။
Atrium ကိုရောက်တော့, Indonesia, India culture, Vietnam
Malaysia စတဲ့နိုင်ငံအသီးသီးမှ အဖွဲ.တွေ
UOL,RMIT,UOW,UB စတဲ့ student council တွေ
Immix(international minority mix), Social Innovative Park,
Christian Fellowship, Buddhist Society,Psychology Society,
အစရှိတဲ့ ကျောင်းသားကျောင်းသူတွေဖွဲ.စည်းထားတဲ့ club
တွေကနေပြီးတော့ နောက်လာမဲ့စာသင်နှစ်အတွက် အဖွဲ.ဝင်တွေကို
နွေးထွေးစွာဖိတ်ခေါ်နေပါတယ်။ Admin Office အရှေ့မှာတော့
Photography Club က booth အကြီးကြီးများဖြင့်လက်စွမ်းပြ ရိုက်ချက်
များကိုပြသထားပါသေးတယ်။
အနောက်ကိုဆက်ဝင်သွားရင် ငါးကန်အကြီးကြီးနားမှာတော့
ဖန်စီပစ္စည်းအရောင်းဆိုင်တွေ၊ မုန့်ဆိုင်တွေနဲ့စည်ကားနေသလို
Library အရှေ့မှာလည်း စာအုပ်တွေရောင်းချနေတာကိုတွေ.ရပါတယ်။
အပေါ်၎လွှာက Grand-Hall မှာတော့ ကြက်တောင်ကွင်း၊ ဟော်ကီကွင်း
စတဲ့ကွင်းအတုတွေဖန်တီးထားပြန်ပြီး Dragon boat, bowling, swimming,
football, hockey, badminton, tennis, table tennis, canoe, judo,
muya thai, taekwondo, စတဲ့ များစွာသော sports club တွေကလည်း
အသင်းဝင်အသစ်တွေကိုဖိတ်ခေါ်နေပြန်တယ်။
ကျနော်လည်း ဒီလေးရက်မှာ မနှစ်ကအသင်းဝင်ထားတဲ့ Immix နဲ့
IFG (international friendship group) မှာ
သူငယ်ချင်းတွေကို သွားနှုတ်ဆက်ပြီးအတန်းတက်လိုက်၊
အားတဲ့အချိန်တွေမှာ ပွဲစဉ်တွေကိုလာကြည့်လိုက်နဲ့ နောက်ဆုံးနေ့မှပဲ
အတန်းက ၁၁ နာရီခွဲလောက်ပြီးတာမို့ ပွဲစဉ်တွေအကုန်နီးပါးအားပေးလိုက်
ရပါတော့တယ်။
ဒီနှစ်တော့ SIM Buddhist Society ကိုဝင်ဖြစ်သလို အရမ်းဝင်ချင်တဲ့
Hip hop dance နဲ့ Live Saving Club ကတော့ ဈေးအရမ်းကြီးလို့
စုံစမ်းပြီးတော့ ကျေးဇူးလို့ပြောပြီးပြန်ထွက်လာခဲ့တယ်။

များမကြာမီအချိန်တွင်းမှာလည်း SIM university ရဲ့
global education တွေဖြစ်တဲ့ DMS (diploma in management
studies),UOL(university of London),RMIT university,
စတဲ့ရွှေမြန်မာအများစုတက်နေတဲ့ကျောင်းတွေကနေ
မြန်မာကျောင်းသား၊ ကျောင်းသူတွေ စုစုစည်းစည်းဖွဲ.ထားတဲ့
My-SIM အဖွဲ.ကြီးအောင်အောင်မြင်မြင်နဲ့ထွက်ပေါ်လာပါစေလို့
ဆန္ဒပြုရင်း...

နောက်ဆုံးနေ့ညနေပိုင်းဆိုတော့ လူကရှင်းနေပါပြီ



ဘယ်ဘက်ဒေါင့်ဆုံးကတော့ the best booth ဆုကိုရသွားပါတယ်
မလေးကလပ်ကလို့ထင်တာပဲ။



ကျနော်ဝင်ထားတဲ့ Immix ကအလယ်ကဟာကလေးပါ။


ဝူရှူးကလပ်ကလည်း သရုပ်ပြတယ်...


တယောကလပ်ကတွေ


muya thai က ဘောက်စင်သမားတွေ


ဒါကတော့ sport club အသီးသီးကိုကိုယ်စားပြုထားတဲ့ ဖက်ရှင်ရှိုးပါ။


India Culture ကလည်း slumdog က အကနဲ့


secondary က ကလေးတွေလည်း တက်တက်ကြွကြွနဲ့


ရင်သပ်ရှူမောဖွယ် salsa ကလပ်ကတွေ


SIM got Talent မှာဝင်ပြိုင်ကြတဲ့အထဲကနေ နောက်ဆုံးအဆင့်မှာ
ပါဝင်ကြမဲ့ ငါးဖွဲ.ပါ။ သီချင်းဆိုတဲ့သူက ၃ ယောက်ဖြစ်ပြီး
salsa club မှ ၂ယောက်၊ hip hop dance မှ ၅ယောက်

အဲဒီငါးအဖွဲ.ကနေ ပထမဆုကို hip hop dance, ဒုတိယကို
salsa ကနှစ်ယောက် နဲ့ တတိယဆုကို သီချင်းဆိုတဲ့ကျနော်တို့သူငယ်ချင်း
ဓာတ်ပုံထဲမှာ ညာဘက်ဘေးဆုံးက
Vietnam မလေးတစ်ယောက်ရရှိသွားပါတယ်။
အဲဒီ Vietnam မလေးကိုအားပေးဖို့ယောက်လာတဲ့ သူ့သူငယ်ချင်းတွေ

သူ့အတွက်တီရှပ်မှာလက်မှတ်ထိုးကြစဉ်


Fashion show လည်းရှိတယ်





အိုင်တီအီးက မလေးတွေကလည်းလာရောက်ဖျော်ဖြေတယ်


တိုက်ကွမ်ဒိုတွေ ပွဲကြမ်းနေပြီ



Japanese Drummer performance ကလည်းမြိုင်ဆိုင်လှတယ်


I m MiX, U r Mix, We r IMMIX


Grand-Hall မှာလည်း ဒီလိုဒီလို



နေ့စဉ်စင်ပေါ်တက်တိုင်းလက်ခုပ်သံတွေအများဆုံးသိမ်းပိုက်လေ့ရှိတဲ့
Dream Werks အဖွဲ.ရဲ့ Hip Hop Dance


ဒါကတော့ SIM Got Talent မှာ ပထမဆုရသွားတဲ့
dancers ၅ ယောက်



DE (diploma in economics) မှာထူးထူးချွန်ချွန်အောင်မြင်ကြတဲ့
ကျောင်းသားကျောင်းသူတွေကို SIM ကနေပြီးတော့ ဆုတော်ငွေ
ချီးမြှင့်စဉ် (တစ်ယောက်ကို ၄၀၀၀ တောင်မှ)


Animation club က သရုပ်ပြ



Credits to MMA !!!

12 comments:

ဝက်ဝံလေး said...

ဓာတ်ပုံလေးတွေ ကြည့်သွားတယ် ဟီးရိုးအင်းရ အဟီးးးး ပျော်စရာကြီးနေမှာနော်

ဝက်ဝံလေး said...

ဟဲ့နင်ကလဲဟာဘာလို့ approval လုပ်တာတုံး နင့်ကို လာဆဲမှာစိုးလို့လား ငါ တောင်မလုပ်ထားဘူး မကြောက်နဲ့ ဟိဟိ ငါ တယောက်လုံး ရှိတယ် ဟက် ဘိုင် တာ့တာ

တလနွန် said...

ရွှေမြန်မာကျောင်းသားကျောင်းသူ My-Sim အဖွဲ့ ကြီး ပေါ်ထွက်လာပါစေလို့  ထပ်တူဆုတောင်းပေးပါတယ်။ ဓါတ်ပုံကနေ ကြည့်ရင်း ကြည်နူးရွှင်ပျမိပါတယ်။

Ree Noe Mann said...

ညီရေ ဓာတ်ပုံတွေ လာခံစားသွားတယ် ညီ

ခုလိုမျှဝေတာ ကျေးဇူးညီရေ

ချင်တဲ့ ကိုရီနို

Yu Ya said...

ဓာတ်ပုံလေးတွေ တ၀ကြီးကြည့်သွားတယ် ကိုသံလွင်ဟီးရိုးရေ..

yu ya

yangonthar said...

Fashion show မှာ စင်ပေါ်က မြင်းကျားပြာမ လေး ...ဟဲဟဲ လန်းချက်က လန်ထွက်နေ တာပဲ ညီသံလွင်ရေ .... ကြည့်ရတာပျော်စရာ ကောင်း ချက် .... ကျေးဇူးဗျ
ခင်မင်လျှက်
ရန်ကုန်သား :)))

ရေတမာ said...

အရမ်းစိတ်ဝင်စားစရာကောင်းတဲ့ အတွေ့အကြုံတွေပဲနော်.. ကျနော်တို့မြန်မာတွေလည်း စွမ်းဆောင်နိုင်ပါစေ ဆန္ဒပြုရင်း

ပုံ့မေ said...

ကိုယ့်ကျောင်းပွဲတွေဆို ဘာဖြစ်ဖြစ် ပျော်တာပဲ။း)

ဓာတ်ပုံလေးတွေလာကြည့်တယ်.....

စိမ်း... said...

လိုက်လည်တယ်ဝေ့....
F1 သွားကြည့်ဘူးလား ညက...

www.kohtet4you.co.cc said...

အခုလို SIM ကျောင်းတော်ကြီးအကြောင်း ဝေမျှပေးလို့ ကျေးဇူးအထူးတင်ရှိပါတယ် ^_^

Angel Shaper said...

ပျော်စရာကြီးဗျာ။ စိတ်ဝင်စားဖို့လဲ ကောင်းတယ်။ တစ်ခါမှ မကြုံဖူးတော့ အားကျမိတယ်။ ဘောက်စ်စင်ဝင်ထိုးချင်တယ်။ တယောလဲ ၀င်ထိုးချင်တယ်။ Salsa လဲ ကချင်တယ်။ ဟိဟိ လုပ်တတ်တာ ဒီသုံးခုပဲပါတာကိုးးးးးးးး

Anonymous said...

မျက်စေ့ကို ရှုပ်နေတာပဲ.. ဒါပေမဲ့ ကောင်မလေးတွေတော့ လှတယ်နော်.. အဟီး