



ဒီဇင်ဘာလ...အဖြူရောင်မြူနှင်းကြားမှာ အတူဆုံနေကြဒီလိုအချိန်လေးရောက်လာ ဟိုအရင်က အပြာရောင်အိမ်မက်လေးကို ပြန်လည်တမ်းတရင်းကြေကွဲ...
အဟမ်းဟမ်း (ချောင်းဟပ်သံ).....လေးစားအပ်ပါသောရုပ်ရှင်ချစ်သူဘလော့မိတ်ဆွေအပေါင်းနှင့်စာဖတ်ဘော်ဒါအပေါင်းတို့ခင်ညား။ ဒီတပတ်သံလွင်ဟီးရိုးဘလော့ တွင်ရုံတင်ပြသမဲ့ကားကတော့...
နိုင်ငံကျော်စာရေးဆရာမ Stephenie Meyer ရေးသားတဲ့ The Best Seller - Twilight Series (twilight, new moon, breaking dawn, Midnight Sun) ထဲမှ Director Catherine Hardwicke ခံစားတင်ပြပြီး Kristen Stewart ( Bella Swan) နဲ့ Robert Pattinson (Edward Cullen)တို့အကောင်းဆုံးဖြစ်အောင်သရုပ်ဆောင်ကြားတဲ့ TWILIGHT ရုပ်ရှင်ဇာတ်ကားကြီးပဲဖြစ်ပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားဟာ အခုလက်ရှိ အမေရိကန်ပြည်ထောင်စုတွင် တတိယဝင်ငွေအများဆုံးဇာတ်ကားဖြစ်ပြီး စင်္ကာပူနိုင်ငံအတွင်းကောင်မလေးများသာမကယောက်ျားလေးများကြားပါအထူးရေပန်းစား ခေတ်စားကာ အောင်မြင်ကျော်ကြားလျက်ရှိပါတယ်။ Twilight ရုပ်ရှင်ဇာတ်ကားဟာ သာမာန်လူသားတွေရဲ့ ချစ်၊ ကွဲ၊ ညား ဇာတ်တွေထဲမှခွဲထွက်ပြီး Vampire တစ်ကောင်နဲ့လူသားတစ်ဦးတို့ရဲ့ ထူးဆန်းတဲ့အချစ်၊ Romance နဲ့ Thriller တို့်ပေါင်းစပ်ရိုက်ကူးထားတဲ့ အက်ရှင်ဇာတ်ကားကောင်းဆိုလည်းမမှားပါဘူး။ Phoniex မှနေ Forks က High School တစ်ခုကိုပြောင်းလာတဲ့ Bella နဲ့ သူများတွေနဲ့မတူတစ်မူထူးခြားနေတဲ့ Edward နဲ့တွေ.ပြီးကြိုက်သွားတဲ့အချိန်၊ သာမာန်လူတစ်ယောက်ထက်ပြင်းထန်တဲ့ အင်အား၊ လျင်မြန်ဖျတ်လတ်မှု၊ အေးစက်လှတဲ့အသားရေ၊ မျက်လုံးတစ်စုံအရောင်ပြောင်းနိုင်မှု အစရှိတဲ့ Vampire တစ်ကောင်ရဲ့လက္ခဏာတွေကို ရိပ်မိပြီးတဲ့နောက် မင်းသမီးရဲ့ခံစားမှု၊ တိရစ္ဆာန်သွေးသာသောက်သုံးလေ့ရှိတဲ့ မင်းသားရဲ့အိမ်မှ မိသားစုဝင်များက မင်းသမီးအပေါ်ဆက်ဆံပုံ၊ လူသွေးစုပ်တဲ့ ဂိုဏ်းနဲ့ ဆုံပြီး မင်းသမီးအပေါ်အနှောင့်ယှက်များကိုမင်းသားက ကာကွယ်ပေးပုံများက Twilight ရုပ်ရှင်ကားရဲ့ အထူးခြားဆုံးသောပြကွက်များဖြစ်ပါတယ်။
အဲဒီလိုအက်ရှင်ဇာတ်ကားကောင်းကို လက်လွှတ်မခံပဲ ဘော်ဒါတို့ရေ...ဒီဇင်ဘာလ New Year ပိတ်ရက်အတွင်း ငွေရောင်ပိတ်သားပြင်ပေါ်မှာ Popcorn စားရင်း ကြည့်ရှုခံစားအပန်းဖြေကြရအောင်လားဗျာ။
...ငါငိုနေဆဲ ယုံပါကောင်မလေးရေ ပြန်ဆုံနိုင်မဲ့ ကံကိုပြန်တမ်းတတယ် ဒါပေမဲ့လည်း အဖြူရောင်မြူနှင်းကြားမှာ ငါဟာအချစ်ပျောက်လိုက်ရှာရင်းနဲ့ လွမ်းနေဆဲ...
ရုပ်ရှင်ရုံမှာသွားမကြည့်ခင် ထွေလာရင်းကိုအရင်မြည်းသွားမယ်။
ဇာတ်ရှိန်အမြင့်ဆုံးအခန်းလေးပါ။
“ဟေ့...မဂ်လာဒီဇင်ဘာ...စဉ်မမေ့စေချင်တာ...ညီညီညာတီတီတာ...သံပြိုင်သီကျူးမှာ“...christmas christmas time is near, time for toys and time for cheers...အကောင်းစားအရက်ပုလင်းနဲ့ဖေဖေအရက်သောက်တာမကြိုက်တဲ့မေမေ. သူတို့နှစ်ယောက်ကိုချစ်တဲ့ကျနော် ခရစ်စ်မတ်မှာပြသာနာပေါ်...Jingle bells jingle bells...jingle all the way oh, what fun it is to ride In a one horse open sleigh...
စတဲ့သီချင်းလေးတွေက CHRISTMAS ကိုအသက်ဝင်စေပါတယ်...
ခရစ်ယာန်ဘာသာဝင်တစ်ယောက်မဟုတ်ပေမဲ့ သူတို့ရဲ့ပျော်စရာကောင်းတဲ့
ပွဲကလေးမှာ ကျနော်တို့လဲဝင်ရောက်ဆင်နွှဲပါစို့လားဗျာ...ဒီနေ့CHRISTMAS နေ့မှာပဲ
ကျနော့်အိမ်မှာတော့ PARTY ပေးမယ်ဗျာ။ New Year မှာကပါတီပေးမဲ့အိမ်တွေကပေါတော့
စားရင်း.သောက်ရင်း.မူးကုန် မှာစိုးလို့ကျနော် ဒီနေ့ပဲစောစောပါတီပေးလိုက်ပါတယ်။
လုံးဝအားမနာကြေးဗျို့...အဝသာစားကြပါ...ဟဲဟဲ
Pizza Hut က Christmas meal လေးပါ...chicken, mushroom နဲ့
Hawaiian တွေကြိုက်မယ်ထင် လို့ လုံးဝရှယ်မှာထားပါတယ်...
topping အတွက် cheese တွေလည်းအများကြီးနော် ။
ဒီကောင်ကတော့ CHRISTMAS ပါတီမှာ မပါမဖြစ် ကြက်ဆင်သားစစ်စစ်ကို မွှေးမွှေးလေးကင်ထားပါတယ်...
ဘလော့ဂါတီတီမမတွေအတွက်ကတော့ red wine နဲ့ ရာသီဥတုအေးအေးမှာ
အပီကစ်မဲ့ ရွှေညီကိုဘလော့ဂါတွေအတွက် tequila. ဆားနဲ့သံပုရာသီးလည်း
အဆင်သင့်လုပ်ပေးထားပါတယ်ဗျ။ punch တွေလဲအများကြီးဖျော်ထားသေးတယ်...
ကြိုက်ရင်ကြိုက်သလောက် သောက်ကြပါ...လုံးဝ free flow !!!
အရမ်းမိုက်နေကြပြီဆိုရင် dancing floor ကကြိုဆိုပါတယ်...ok everybody let's dance together...
"Shawty had them Apple bottom jeans boots with the fur....the whole club was looking at her She hit the flo...next time you know, Shawty got low low low low low low low low..."
" you cut me open and I keep bleeding, keep, keep bleeding love, I keep bleeding, I keep , keep bleeding love, keep bleeding, keep, keep bleeding love you cut me open..."
"you tell me that you need me, then you go and cut me down, but wait You tell me that your're sorry Didn't think I'd trun around and say That it's too late to apologize, it's too late..."
ကဲ...ဘယ်လိုလဲဗျာ ပျော်ကြရဲ့လား ။ သီချင်းတွေ အမိုက်စားလေးတွေရွေးပေးထားတယ်. drinks တွေထပ်ထည့်ကြပါအုံး...ဟဲဟဲ
ပြန်တော့မှာလား ? အခုလိုမျိုးတကူးတကလာရောက်အားပေးတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်။ ပျော်ရွှင်စရာကောင်းသောမနက်ဖြန်များစွာကိုပိုင်ဆိုင်ပါစေဗျား ။
အိမ်အပြန် Santa ကြီးဆီကနေ လက်ဆောင်လေးတစ်ခုစီ တောင်းသွားဖို့မမေ့နဲ့ဦးဗျာ။
သူကလိုချင် တာတောင်း ကြိုက်တာတစ်ခုပေးမယ်တဲ့...
ဇာတ်က New Youk Central park ထဲကို 30,000 k/s နဲ့ကျရောက်လာမယ့် ဥက္ကာပျံတစ်ခုကို စစ်ဆေးဖို့အတွက် scientists တွေအကုန်လုံးကို goverment order နဲ့စုစည်းပြီးအရေးပေါ် ခေါ်လိုက်ကြတယ်။အဲဒီနောက် ကမ္ဘာမြေပေါ်ကိုပြင်းထန်စွာကျရောက်လာမယ်လို့ယူဆရတဲ့ဥက္ကာခဲကြီးကNY central park ထဲကိုဖြေးညင်းစွာဆင်းသက်လာကာ klaatu လို့ခေါ်တဲ့ Alien တစ်ကောင်နဲ့ ကြီးမားလှတဲ့စက်ရုပ်ကြီးတစ်ကောင်ထွက်လာပါတယ်။သူတို့တွေကမ္ဘာမြေကြီးကိုလာရတဲ့အကြောင်းရင်းက ပျက်စီးယိုယွင်းနေပြီဖြစ်တဲ့ကမ္ဘာကြီးလူသားတွေလက်ထဲမှ ပြန်လည်ကယ်တင်ဖို့ပါသတဲ့။ ရည်ရွယ်ချက်က လက်ရှိကမ္ဘာမြေကြီးပေါ်မှာ အသက်ရှင်သန်နေကြတဲ့ဇီဝမျိုးကွဲ.မျိုးစိတ်တွေအကုန်လုံးကိုသူတို့ရဲ့ planet ဆီသယ်ဆောင်သွားပြီး လက်ရှိကျန်ခဲ့တဲ့ကမ္ဘာမြေပေါ်ကသက်ရှိအားလုံးကို ဖျက်ဆီးပစ်မှာပါ။ အဲဒီနောက် ပုံတူမျိုးပွားနည်းနဲ့ပြန်ပွားပြီး ကမ္ဘာမြေပေါ်ကိုပြန်လည်ပေးပို့ရှင်သန်စေမှာပါ။ ဒါပေမဲ့ အဲဒီထဲမှာ လူသားတွေကလုံးဝပါဝင်ခွင့်မရှိဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကမ္ဘာမြေကြီးကို အဓိကပျက်စီးစေတဲ့အကြောင်းရင်းရဲ့ အဓိကတရားခံက လူသားတွေကြောင့်ပဲတဲ့။ စက်ရုပ်ကြီးက သူ့ရဲ့ကိုယ်ထဲကနေပြီးတော့ ဖုန်မှုန့်အရွယ် အစုလိုက်တိုက်စားပျက်စီးစေတဲ့ စက်ရုပ်သေးသေးလေးတွေကို NY မြို့တစ်လျှောက်ပျံ့နှံ့စေပြီး စတင်ဖျက်ဆီးပါတော့တယ်. သမ္မတ အပါအဝင် တာဝန်ရှိတဲ့သူတွေ ကုန်လုံးခေါင်းမီးတောက်နေတဲ့အချိန်မှာ အမျိုးသမီး scientist တစ်ယောက် klaatu နဲ့ဘယ်လို ဂတိတွေပြုလိုက်တယ်၊ စက်ရုပ်သေးသေးလေးရဲ့ဖျက်ဆီးမှုတွေဘယ်လိုရပ်တန့်သွားလဲဆိုတာကတော့.....ငွေရောင်ပိတ်သားပြင်ပေါ်မှာဆက်လက်အားပေးကြပါလို့ ဟဲဟဲ။
I would rate this movie 8.5/10 and give 4 stars out of 5. Here is an official trailer and plz check it out. :P