December 19, 2008

Nargis Exhibition At SIM

...ပြန်လည်အစားထိုးရနိုင်မလား ပျော်ရွှင်စရာမိသားစုကမ္ဘာလေးများ
ဆုံးရှုံးပျောက်ကွယ်ချိန်မှာ နှစ်သိမ့်မှုကိုငါတို့ပေးနိုင်မလား
စာနာမှုနဲ့ဖေးကူမလား ဒီမြေပေါ်တွင်ကြီးပြီး တို့သွေးရင်းပါ
လက်တွဲအခုချိန်မှာ လက်ကမ်း
လို့ကူပါ အကြင်နာတွေနဲ့ ဖေးကူပါ.....။

မြန်မာပြည်ရဲ့အဆိုကျော်ကြီးတွေ ခံစားမှုအပြည့် ဝမ်းနည်းမှုအပြည့်နဲ့ဆို
ထားတဲ့သီချင်းလေးပါ ။ အဲဒီသီချင်းလေးကိုကြားရင် မျက်ရည်ကအလိုလိုဝဲလာတယ်လို့
ကျနော့်သူငယ်ချင်းက ပြောလို့ ကျနော်လည်းနား
ထောင်ကြည့်တာ မြန်မာပြည်မှာမွေးပြီး မြန်မာ့မြေကိုချစ်တဲ့ကျနော်အတွက်
အတိုင်းထက်အလွန်ဝမ်းနည်းခဲ့ တယ်။



နာဂစ်...မြန့်မာ့သမိုင်းမှာအဆိုးရွားဆုံး သဘာဝဆိုင်ကလုံးမုန်တိုင်းကြီးက
မေလ၂ရက်နေ့ ၂၀၀၈ မှာ မြန်မာပြည်ရဲ့ ဆန်အိုးကြီးကိုရိုက်ခတ် သွားလေပြီ။
လူ့အသက်ပေါင်းမြောက်မားစွာနဲ့အတူတောင်သူဦးကြီးတွေသွေးချွေးနဲ့
ရင်းတည်ထားတဲ့လယ်ယာ မြေ စိုက်ခင်းနဲ့အိမ်တွေအားလုံးကိုဝါးမျိုသွားခဲ့တာ
အခုဆိုရင် ၇လပင်ရှိပြီပေါ့။ ဆိုင်ကလုံးရဲ့ဒဏ်ကြောင့် ရွာတွေပျက်၊ အိမ်တွေပြို၊
စီးပွားရေးတွေပျက်စီးပြီး အပြစ်မဲ့ဖြူစင်တဲ့ကလေးတွေများ
စွာလည်း သူတို့ရဲ့ချစ်ခင်လှတဲ့ဖေဖေ.မေမေတွေနဲ့သေကွဲရှင်ကွဲ ကွဲကြရပြီ။
အဲဒီလိုမျိုး ပျက်စီးမှုအစုံစုံကို ပြန်လည်ဖြည့်စီးပေးဖို့၊ လဲပြိုသွားတဲ့စိတ်ဓာတ်တွေကို
ထူမပေးဖို့အတွက် ပြည်တွင်း၊ ပြည်ပကလည်းအကူညီ ပေါင်းမြောက်များစွာပေးပြီး
လှူဒါန်းမှုတွေနဲ့အတူ စာနာထောက်ထားစွာ ထောက်ပံ့မှုတွေအများကြီးရှိခဲ့တဲ့
အတွက်ဝမ်းနည်း၊ ဝမ်းသာပီတိဝေခဲ့ရကြောင်းပါ။

အခုလိုမျိုး ပျက်သုဉ်းသွားတဲ့ သူတို့ရဲ့အနာဂတ်လေးတွေကို တစ်ထောင့်တစ်နေရာ
ပြန်လည်အစားထိုးပေးဖို့ ကျနော်တို့တတ်စွမ်းသလောက်ကူညီပေးဖို့ ရည်ရွယ်ပြီး
ကျနော်တို့ ကျောင်းမှ SIM students' president မမေမြတ်သူနဲ့ အတန်းကြီးမှ
စီနီယာကြီးများဦးဆောင်ကာ SIM MYANMAR DISASTER RELIEF ကို
အသက်သွင်းခဲ့ကြတယ် ။ အဲဒီနောက် June လ ၉ရက်နေ့မှာပထမဆုံးအကြိမ်
ကျောင်းမှာကောက်ခံလို့ရတဲ့ငွေတွေနဲ့ ဆန်တွေ၊ လိုအပ်တဲ့စားသောက်ကုန်
တွေသွားရောက်လှူဒါန်းပြီး ပထမဆုံး Exhibition နဲ့ donation ပွဲကိုကျောင်းက
Atrium မှာပြုလုပ်ခဲ့တယ် ။ ပထမတစ်ခေါက်ရိုက်လာတဲ့လှူဒါန်းနေတဲ့ ပုံတွေနဲ့
လက်ရှိ အခြေအနေတွေကို ပြသတာပေါ့။


First Exhibition at SIM



ကျောင်းကကိုကို မမတွေ ဘိုကလေးဘက်မှာရိုက်ခဲ့တဲ့ပုံတွေပါ ။



သနားစရာဗိုက်ကြီးသည်တွေ ကလေးလေးတွေ



ကျောင်းက atrium မှ ပြကွက်တချို့



အလှူခံပုံးလေးပေါ့ ။



ကျောင်းသူလေးတစ်ယောက်ဓာတ်ပုံတွေကိုစိတ်ဝင်တစားကြည့်နေတယ်



ကျနော်လည်းဒီဗူးလေးတွေနဲ့အတူ ကျောင်းတစ်လျှောက်အလှူခံထွက်ခဲ့တယ်။



ဘော်ဒါတွေကအရုပ်လေးတွေလည်းရောင်းပြီး အလှူငွေရှာခဲ့တယ် ။



Degree အတန်းနဲ့ Diploma အတန်းတို့စည်းစည်းလုံးလုံးပေါ့။

ပထမဆုံးပြပွဲလေးအောင်မြင်မှုအပြီးမှာ project members တွေဟာ
နောက်တစ်ခေါက်မြန်မာပြည်ကိုသွားပြီး ဧရာဝတီရဲ့ရွာသေးသေးလေးတွေမှာ
လက်ရှိနေနိုင်ဖို့အတွက် ဝါးအိမ်ပေါင်းအလုံး ၆၀ကျော်ကိုဆောက် လုပ်ပေးနိုင်ခဲ့တယ်။



ကလေးတွေတစ်ပြုံကြီးနဲ့ ကျောင်းကကိုကို.မမတွေ

Second Exhibition at SIM

project members တွေသွားရောက်ဆောက်လုပ်ပေးခဲ့တဲ့အိမ်တွေရဲ့ဓာတ်ပုံတွေကို ပြန်လည်ပြသပေးဖို့ကျောင်းကတောင်းဆိုလာတဲ့အတွက် ဒုတိယတစ်ခေါက် exhibition
ကို လွန်ခဲ့တဲ့ ၁၆.၁၇.၁၈ သုံးရက်ဆက်တိုက်ပြသခဲ့ပါတယ်။

ကိုယ်တိုင်လုပ်အားဝင်ပေးပြီးဆောက်လုပ်ခဲ့တဲ့အိမ်တွေရဲ့ပြကွက်များထဲကတစ်ချို့ပါ။













LOVE IS FREE ဆိုတဲ့စာကြောင်းလေးကြိုက်လို့အမှတ်တယရိုက်ခဲ့တယ်။







ထိုင်း.အင်ဒိုတွေကလည်းအားတတ်သရောလုပ်အားဝင်ပေးခဲ့တယ် ။



that's me :P



နောက်ဆုံးနေ့ကပါ။ ဟဲဟဲ

5 comments:

puluque said...

ဟီးရိုးကြီးရေ...ပုံလေးတွေကြည်ကာ ဟီးရိုးကြီး ရဲ့ ကူညီမှုတွေ၊ ဟီးရိုးရဲ့ ဘော်ဘော်တွေရဲ့ ကူညီမှုတွေကို ဧရာဝတီသားတွေက ကျေးဇူးတင်နေမယ်လို့ထင်ပါတယ်။ ဂုဏ်ယူပါတယ်. ဟီးရိုးကြီး

ခေါင်ခေါင် said...

ငါ့မောင်လေး စိတ်သဘောထား ဘယ်လောက်ဖြူစင်တယ် တယ်ဆိုတာ သိပြီးသား.. ဂုဏ်ယူပါတယ်နော...
အမလဲ.နာဂစ်ဖြစ်တုန်းက ကျောင်းမှာ အလှုခံစုဗူးလေးကိုင်ပြီး.. တစ်ခန်းဝင်တစ်ခန်း ထွက် အလှုခံပေးခဲ့တာကို သတိရတယ်.. သာဓုသာဓု နော်..:)

ဖိုးဂျယ် said...

သာဓု ညီရေ ကောင်းလိုက်တဲ့
လုပ်ရပ်လေးကွာ ညီလဲ အဆင်ပြေပါစေကွာ
စာမေးပွဲအောင်ပါစေ ညီရေ
အကို ဖိုးဂျယ်

Eduking said...

အခုလို တစ်တပ်တစ်အားလုပ်နိုင်တာကို မြင်တော့ ကြည်နူးမိတယ်ဗျာ..

Anonymous said...

သာဓုပါ ညီလေး သာဓုပါ သာဓု၊ သိပ်ကောင်း သိပ်မွန်မြတ်တဲ့ အလုပ်အတွက် ကြည်နူးပီတိဖြစ်စွာနဲ့ သာဓုခေါ်မိပါတယ် ညီရေ ...။