December 30, 2008

TWILIGHT






ဒီဇင်ဘာလ...အဖြူရောင်မြူနှင်းကြားမှာ အတူဆုံနေကြဒီလိုအချိန်လေးရောက်လာ ဟိုအရင်က အပြာရောင်အိမ်မက်လေးကို ပြန်လည်တမ်းတရင်းကြေကွဲ...

အဟမ်းဟမ်း (ချောင်းဟပ်သံ).....လေးစားအပ်ပါသောရုပ်ရှင်ချစ်သူဘလော့မိတ်ဆွေအပေါင်းနှင့်စာဖတ်ဘော်ဒါအပေါင်းတို့ခင်ညား။ ဒီတပတ်သံလွင်ဟီးရိုးဘလော့ တွင်ရုံတင်ပြသမဲ့ကားကတော့...

နိုင်ငံကျော်စာရေးဆရာမ Stephenie Meyer ရေးသားတဲ့ The Best Seller - Twilight Series (twilight, new moon, breaking dawn, Midnight Sun) ထဲမှ Director Catherine Hardwicke ခံစားတင်ပြပြီး Kristen Stewart ( Bella Swan) နဲ့ Robert Pattinson (Edward Cullen)တို့အကောင်းဆုံးဖြစ်အောင်သရုပ်ဆောင်ကြားတဲ့ TWILIGHT ရုပ်ရှင်ဇာတ်ကားကြီးပဲဖြစ်ပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားဟာ အခုလက်ရှိ အမေရိကန်ပြည်ထောင်စုတွင် တတိယဝင်ငွေအများဆုံးဇာတ်ကားဖြစ်ပြီး စင်္ကာပူနိုင်ငံအတွင်းကောင်မလေးများသာမကယောက်ျားလေးများကြားပါအထူးရေပန်းစား ခေတ်စားကာ အောင်မြင်ကျော်ကြားလျက်ရှိပါတယ်။ Twilight ရုပ်ရှင်ဇာတ်ကားဟာ သာမာန်လူသားတွေရဲ့ ချစ်၊ ကွဲ၊ ညား ဇာတ်တွေထဲမှခွဲထွက်ပြီး Vampire တစ်ကောင်နဲ့လူသားတစ်ဦးတို့ရဲ့ ထူးဆန်းတဲ့အချစ်၊ Romance နဲ့ Thriller တို့်ပေါင်းစပ်ရိုက်ကူးထားတဲ့ အက်ရှင်ဇာတ်ကားကောင်းဆိုလည်းမမှားပါဘူး။ Phoniex မှနေ Forks က High School တစ်ခုကိုပြောင်းလာတဲ့ Bella နဲ့ သူများတွေနဲ့မတူတစ်မူထူးခြားနေတဲ့ Edward နဲ့တွေ.ပြီးကြိုက်သွားတဲ့အချိန်၊ သာမာန်လူတစ်ယောက်ထက်ပြင်းထန်တဲ့ အင်အား၊ လျင်မြန်ဖျတ်လတ်မှု၊ အေးစက်လှတဲ့အသားရေ၊ မျက်လုံးတစ်စုံအရောင်ပြောင်းနိုင်မှု အစရှိတဲ့ Vampire တစ်ကောင်ရဲ့လက္ခဏာတွေကို ရိပ်မိပြီးတဲ့နောက် မင်းသမီးရဲ့ခံစားမှု၊ တိရစ္ဆာန်သွေးသာသောက်သုံးလေ့ရှိတဲ့ မင်းသားရဲ့အိမ်မှ မိသားစုဝင်များက မင်းသမီးအပေါ်ဆက်ဆံပုံ၊ လူသွေးစုပ်တဲ့ ဂိုဏ်းနဲ့ ဆုံပြီး မင်းသမီးအပေါ်အနှောင့်ယှက်များကိုမင်းသားက ကာကွယ်ပေးပုံများက Twilight ရုပ်ရှင်ကားရဲ့ အထူးခြားဆုံးသောပြကွက်များဖြစ်ပါတယ်။

အဲဒီလိုအက်ရှင်ဇာတ်ကားကောင်းကို လက်လွှတ်မခံပဲ ဘော်ဒါတို့ရေ...ဒီဇင်ဘာလ New Year ပိတ်ရက်အတွင်း ငွေရောင်ပိတ်သားပြင်ပေါ်မှာ Popcorn စားရင်း ကြည့်ရှုခံစားအပန်းဖြေကြရအောင်လားဗျာ။

...ငါငိုနေဆဲ ယုံပါကောင်မလေးရေ ပြန်ဆုံနိုင်မဲ့ ကံကိုပြန်တမ်းတတယ် ဒါပေမဲ့လည်း အဖြူရောင်မြူနှင်းကြားမှာ ငါဟာအချစ်ပျောက်လိုက်ရှာရင်းနဲ့ လွမ်းနေဆဲ...

ရုပ်ရှင်ရုံမှာသွားမကြည့်ခင် ထွေလာရင်းကိုအရင်မြည်းသွားမယ်။


ဇာတ်ရှိန်အမြင့်ဆုံးအခန်းလေးပါ။


3 comments:

Anonymous said...

happy new year ko hero
thz 4 movi info

katloveshome said...

i love it! i watched it on 15th dec. :D but movie ka books nae compare yin thait ma kg bu. ae twilight books tway so ngar read tar 3 khout lout shi nay b. heeee. XD yuu tar lay. :P

Anonymous said...

ကိုသံလွင် ခေါ်မယ်ဆိုဗျ