December 21, 2008

The day the EARTH Stood Still

တူ...တူ...တူ...ကျနော့်ရဲ့ sony ericsson ဖုံးအစုတ်လေးဆီမှ ည ၁၀ ၃၀ လောက် ဖုံးသံလေးမြည်လာပါတယ်။ ဟဲလို...ဟေ့ကောင် ၁၁နာရီ
ခွဲလောက် woodlands causeway point ကိုအရောက်လာခဲ့.
ရုပ်ရှင်ကြည့်မယ်။ လက်မှတ်ဖြတ်ပြီးပြီ။ ဒါပဲ.ဂလောက်
ကျနော့်သူငယ်ချင်းတစ်ယောက် သူပဲဆက်တိုက်ပြောသွားပြီး
ကျနော်ပင်ဘာကားကြည့်မှာလဲဟုမေးပင် မမေးလိုက်ရ။
လက်မှတ်ဖြတ်ပြီးပြီဆိုတော့လည်းငြင်းဖို့မကောင်းပြီမို့.
၁၁ ၄၅ လောက်အရောက်သွားခဲ့တယ်.ကြည့်မယ့်ကားမေးကြည့်တော့
The Day the EARTH stood still တဲ့။
ကမ္ဘာပျက်တဲ့လားလို့မေးတော့၊ ဟုတ်တယ်တဲ့။ ကြည့်ရသေးတာပေါ့ဗျာ။
ဟိုတစ်ခါက cloverfied တုန်း
ကလိုမျိုးတော့မဖြစ်ပါစေနဲ့လို့ဆုတောင်းမိလိုက်တယ်။
cloverfied ကဇာတ်လမ်းအရကောင်းပေမဲ့ ဒါရိုက်တာရဲ့ဆန်းသစ်တဲ့ လက်စွမ်းနဲ့ တစ်ကယ်
ဖြစ်သလိုခံစားရအောင် ကင်မရာတစ်လုံးနဲ့ တုန်ခါအောင်ရိုက်ထားတာ မအန်ယုံတစ်မယ်ပဲဗျာ။
အခုဒီကားကတော့ ဒါရိုက်တာ Scott Derrickson ရဲ့ရိုက်ချက်ကို Keanu Reeves, Jennifer Connelly, Jaden Smith, Kathy Bates, John Cleese တို့ကအပီပြင်ဆုံး သရုပ်ဆောင်ထားပါတယ်။

ဇာတ်က New Youk Central park ထဲကို 30,000 k/s နဲ့ကျရောက်လာမယ့် ဥက္ကာပျံတစ်ခုကို စစ်ဆေးဖို့အတွက် scientists တွေအကုန်လုံးကို goverment order နဲ့စုစည်းပြီးအရေးပေါ် ခေါ်လိုက်ကြတယ်။အဲဒီနောက် ကမ္ဘာမြေပေါ်ကိုပြင်းထန်စွာကျရောက်လာမယ်လို့ယူဆရတဲ့ဥက္ကာခဲကြီးကNY central park ထဲကိုဖြေးညင်းစွာဆင်းသက်လာကာ klaatu လို့ခေါ်တဲ့ Alien တစ်ကောင်နဲ့ ကြီးမားလှတဲ့စက်ရုပ်ကြီးတစ်ကောင်ထွက်လာပါတယ်။သူတို့တွေကမ္ဘာမြေကြီးကိုလာရတဲ့အကြောင်းရင်းက ပျက်စီးယိုယွင်းနေပြီဖြစ်တဲ့ကမ္ဘာကြီးလူသားတွေလက်ထဲမှ ပြန်လည်ကယ်တင်ဖို့ပါသတဲ့။ ရည်ရွယ်ချက်က လက်ရှိကမ္ဘာမြေကြီးပေါ်မှာ အသက်ရှင်သန်နေကြတဲ့ဇီဝမျိုးကွဲ.မျိုးစိတ်တွေအကုန်လုံးကိုသူတို့ရဲ့ planet ဆီသယ်ဆောင်သွားပြီး လက်ရှိကျန်ခဲ့တဲ့ကမ္ဘာမြေပေါ်ကသက်ရှိအားလုံးကို ဖျက်ဆီးပစ်မှာပါ။ အဲဒီနောက် ပုံတူမျိုးပွားနည်းနဲ့ပြန်ပွားပြီး ကမ္ဘာမြေပေါ်ကိုပြန်လည်ပေးပို့ရှင်သန်စေမှာပါ။ ဒါပေမဲ့ အဲဒီထဲမှာ လူသားတွေကလုံးဝပါဝင်ခွင့်မရှိဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကမ္ဘာမြေကြီးကို အဓိကပျက်စီးစေတဲ့အကြောင်းရင်းရဲ့ အဓိကတရားခံက လူသားတွေကြောင့်ပဲတဲ့။ စက်ရုပ်ကြီးက သူ့ရဲ့ကိုယ်ထဲကနေပြီးတော့ ဖုန်မှုန့်အရွယ် အစုလိုက်တိုက်စားပျက်စီးစေတဲ့ စက်ရုပ်သေးသေးလေးတွေကို NY မြို့တစ်လျှောက်ပျံ့နှံ့စေပြီး စတင်ဖျက်ဆီးပါတော့တယ်. သမ္မတ အပါအဝင် တာဝန်ရှိတဲ့သူတွေ ကုန်လုံးခေါင်းမီးတောက်နေတဲ့အချိန်မှာ အမျိုးသမီး scientist တစ်ယောက် klaatu နဲ့ဘယ်လို ဂတိတွေပြုလိုက်တယ်၊ စက်ရုပ်သေးသေးလေးရဲ့ဖျက်ဆီးမှုတွေဘယ်လိုရပ်တန့်သွားလဲဆိုတာကတော့.....ငွေရောင်ပိတ်သားပြင်ပေါ်မှာဆက်လက်အားပေးကြပါလို့ ဟဲဟဲ။

I would rate this movie 8.5/10 and give 4 stars out of 5. Here is an official trailer and plz check it out. :P

2 comments:

Anonymous said...

ကိုသံလွင်သူရဲကောင်းရေ ကျနော်မကြည့်ရသေးဘူးဗျ
ဝေမျှပေးတာကာ ဖိတ်ခေါ်တာကိုပါကျေးဇူးပါဗျာ

Eduking said...

ကျွန်တော်တော့ ဘဝင်မကျတာက..
ဂြိုလ်သားကနေ လူတစ်ယောက် ခန္ဓာကိုယ်ကို ပြောင်းသွားတဲ့ ကိစ္စရယ်..
နောက်ပြီး အဲဒီ ပါဝါရိန်ဂျားလိုလို အကောင်ကြီး ပေါ်လာကတည်းက ဆက်ကြည့်ချင်စိတ်ကို မရှိတော့ဘူး...
အားထုတ်မှုနည်းတယ်လို့ ထင်တာပဲ..
အက်တင်တွေတော့ မိုက်ပါတယ်..

၁၀ဆိုရင်တော့ ၅ ဒါမဟုတ် ၆လောက်ပဲ ပေးမယ်..