December 21, 2008

Interviewed by Fashion Ko Ko (Royal- Myanmar)


အစိုးမရတဲ့ စင်္ကာပူမိုး က ဆက်တိုက်ဆိုသလို တဖွဲဖွဲ ရွာကျလာပါတယ်။ဒီတစ်ပါတ် Fashion KoKo ကဏ္ဍအတွက် မေးမြန်းဖို့ ခင်မင်ရင်းနှီးပြီးသာဖြစ်တဲ့ကျောင်းသားလေး သံလွင်ဟီးရိုး နဲ့ ခေတ်ရဲ့သမီးပျိုတစ်ယောက်ဖြစ်တဲ့ ဧကရီ တို့၂ဦးကို Cityhall, Robinson ရှေ့က ကော်ဖီဆိုင်မှာ နေ့ခင်းတွေ့ဖို့ ချိန်းထားပေမယ့်မိုးကလည်း ရွာနေတော့ ချိန်းထားတဲ့အချိန်ကို နောက်ကျပြီး ရောက်သွားပါတယ်..။ကင်မရာအသစ်ကြီးနဲ့လက်စွမ်းပြချင်နေတဲ့ ကိုစိုင်းထွန်းတစ်ယောက်လည်း MRT စီးပြီးလာနေပြီဆိုတော့ဓါတ်ပုံရိုက်ဖို့စောင့်နေရမယ့်အတူတူ မေးခွန်းလေးတစ်ချို့ မေးမြန်ထားဖြစ်ပါတယ်...လောလောဆယ် မေးမြန်းဖြစ်တာလေးတွေကတော့...
FashionKoKo - ငါ့ညီ အခုတတ်နေတဲ့ ကျောင်းလေးနဲ့ မေဂျာလေးကိုပြောပါဦး...?
သံလွင်ဟီးရိုး - SIM Uni မှာပါအစ်ကို.. Diploma in Management Studies တတ်နေပါတယ်...
FashionKoKo - စာမေးပွဲဖြေပြီးသွားပြီဆို... ဖြေနိုင်လား...?
သံလွင်ဟီးရိုး - ဟုတ်... နောက်ဆုံး semester ဖြေထားပါတယ်...
ဖြေနိုင်လားဆိုတော့... အဟဲ..ဟုတ်ကဲ့ပါပေါ့...
FashionKoKo - သမီးက Kaplan မှာ တတ်တာနော်... Major က ?
ဧကရီ - Accounting ပါ အစ်ကို..။
FashionKoKo - အခုလက်ရှိ ညီလေးရဲ့ စိတ်ကြိုက် Fashion
လေးနဲ့ ၀တ်ဖြစ်တာလေးတွေပြောပါဦး...?
သံလွင်ဟီးရိုး - အပြင်သွားရင်တော့ အခုခေတ်စားနေတဲ့ slim cutting လေးတွေ
ဝတ်ဖြစ်တာများတယ်အစ်ကို..။ဘောင်းဘီအရှည်ကို all star နဲ့ စီးရတာကိုကြိုက်တယ်...
FashionKoKo - သမီးရဲ့ စိတ်ကြိုက် Fashion လေးကရော..
ဘယ် Fashionလေးတွေကို ကြိုက်လဲ...?
ဧကရီ - သမီးက တီရှပ် နဲ့ short pant ဒါမှမဟုတ် စကပ် နဲ့ သွားရလာရတာ
ပိုကြိုက်ပါတယ်..လွတ်လွတ်လပ်လပ်ဖြစ်လို့..။Emo style တို့၊ Punk style တို့
မကြိုက်ဘူး။ ပေါ့ပေါ့ပါးပါးသွားရတာလေးကို သဘောကျတယ်..။
stylish ဖြစ်တာလေးတွေကြိုက်တယ်။
FashionKoKo - ညီလေးရော ညီမလေးရော.. Fancy ဘေးတွေ ဆွဲထားတာ မြင်တယ်...
Fancy လေးတွေ ၀တ်ဖြစ်လား...?
သံလွင်ဟီးရိုး - ဆွဲကြိုးခပ်ဆန်းဆန်းလေးတွေ ကြိုက်တယ်အစ်ကို...
အလကားရရင်တော့ အကုန်ကြိုက်တယ်.. ဟီး ဟီး
ဧကရီ - လှတယ်ဆိုရင် ၀ယ်လိုက်တာပါပဲ... Fancy ဆွဲကြိုးလေးတွေ ကြိုက်ပါတယ်..။
FashionKoKo - ဒီတခါ..သမီးကို အရင်မေးမယ်.. အပြင်သွားရင်
မပါမဖြစ်ဘာတွေ ယူလေ့ရှိလဲ...?
ဧကရီ - ipod, Phone, နှုတ်ခမ်းနီ ရယ် ယူလေ့ရှိတယ်အစ်ကို... passport ကတော့ မပါမဖြစ်ပေါ့။
သံလွင်ဟီးရိုး - ကျွန်တော်က ဖုန်းရယ်.. MRT ကဒ်၊ ဘဏ်ကဒ်၊ ဆေးလိပ်ဗူး နဲ့
Gasby oil clear sheet ကို ယူလေ့ရှိပါတယ်။
FashionKoKo - ညီလေးနဲ့ ညီမလေး ရဲ့ လွယ်အိတ်လေးတွေက
လှပါတယ်.. ၀ယ်တဲ့နေရာလေးတွေ သိပါရစေ...?
ဧကရီ - URS ကပါ.. Dhoby Ghaut, Plaza Singapura က ၀ယ်တာပါ အစ်ကို...
သံလွင်ဟီးရိုး - ကျွန်တော့်အိတ်က TopMan ကပါ...
FashionKoKo - စင်္ကာပူမှာ အားလပ်ရက်၊ အားလပ်ချိန်
သွားတတ်တဲ့နေရာလေးတွေပြောပါဦး ...?
ဧကရီ - shopping ထွက်တာများပါတယ်... တစ်ခါတလေ
သီချင်းသွားဆိုတယ်.. သူငယ်ချင်းတွေပါရင်တော့ Club သွားဖြစ်ပါတယ်..။
သံလွင်ဟီးရိုး - orchard ပဲ စည်တော့ အဲဒီပဲ သွားဖြစ်တာများပါတယ်...
FashionKoKo - New Year အစီအစဉ်လေးတွေ ပြောပါဦး...?
ဧကရီ - သမီးကတော့ သူငယ်ချင်းတွေစီစဉ်တဲ့အတိုင်း လိုက်ဖို့များပါတယ်....
သံလွင်ဟီးရိုး - မနှစ်တုန်းကတော့ Siloso Beach Party ရောက်ဖြစ်တယ်.
ဒီနှစ်လုပ်ဖြစ်ရင်လည်းသွားဖြစ်မယ်... ဒါမှမဟုတ်ရင်တော့ Zouk (သို့)
St. James Club ကိုပဲ သွားဖြစ်မှာပါ။
FashionKoKo - ဟုတ်ပါပြီ... အခုလို အချိန်ပေးပြီး ဖြေပေးတဲ့ ငါ့ညီနဲ့
ငါ့ညီမလေးကို ကျေးဇူးတင်ပါတယ်ဗျာ...
သံလွင်ဟီးရိုး - ဟုတ် .. ကျွန်တော်တို့ကို အခုလို မေးတဲ့အတွက်လည်း
ကျေးဇူးတင်ပါတယ်ခင်ဗျာ...
ဧကရီ - ကျေးဇူးပါအစ်ကို...
---------------------------
မေးမြန်းပြီးတဲ့နောက်မှာတော့ ကိုစိုင်းထွန်းရဲ့ ကင်မရာအသစ်ကြီးနဲ့အတူ... သံလွင်ဟီးရိုး နဲ့ ဧကရီ ကို ဓါတ်ပုံရိုက်ဖို့ နေရာလေးရွေးလိုက်တော့..ဧကရီက Robinson အပေါ်ထပ်က အရုပ်လေးနားမှာရိုက်ဖြစ်ပြီး သံလွင်ဟီးရိုးကိုတော့ Robinson အရှေ့၊ စက်လှေကားနားမှ ရိုက်ဖြစ်ပါတယ်။ ဓါတ်ပုံရိုက်ရင်း ဧကရီက "အစ်ကိုက.. ရည်းစားရှိလားဘာညာကျမမေးဘူး.. မရှိဘူးလေးတောင်မဖြေလိုက်ရဘူး ဟွန်း "လို့စ.နေသေးတယ်..။ သံလွင်ဟီးရိုးကတော့ "မရှိဘူး..မရှိဘူး..." ဆိုပြီး အတင်းငြင်းတော့တာပါပဲ..။ဒီတစ်ပါတ်.. သံလွင်ဟီးရိုး နဲ့ ဧကရီ ရဲ့ Fashion Style လေးတွေကို တစ်စေ့တစ်စောင်း လေ့လာကြည့်ရင်းChristmas နဲ့ New Year ကို ကြိုဆိုကြတာပေါ့။နောက်တစ်ပါတ်မှာလဲ.. စင်္ကာပူရောက် မြန်မာလူငယ်များရဲ့ Style လေးတွေကို ဆက်လက်စုစည်းတင်ပြပါဦးမယ်လို့...။
Fashion Ko Ko

8 comments:

WWKM said...

FashionKoKo - ညီလေးရော ညီမလေးရော.. Fancy ဘေးတွေ ဆွဲထားတာ မြင်တယ်... Fancy လေးတွေ

ဝတ်ဖြစ်လား...
**************

မောင်သံလွင်ရေ..
အဲဒီအထိပဲ ဖတ်လို့ရတယ်.. ဘီလိုဖြစ်.း)

ဖိုးဂျယ် said...

အမ်အဲ့လိုလဲရတယ်ပေါ့
ဂွတ်တယ်ဟ လုပ်ပေါ့လေ
ရှင်တို့ ၀န်ကြီးတွေပဲဟာ

Anonymous said...

အယ်... တယ်ဟုတ်ပါလားဗျ အင်တာဗျုးပေါ့
နော် အားကျသဗျာ။
အေးပေါ့ဗျာ... အဖေဗိုလ်မှုး အမေမိုးကုတ်သူ
ဆိုတော့လဲ။ ဟိဟိ
စတာနော ကိုယ့်ဆရာရိုက်ချက်လေးကောင်း
သဗျာ

Anonymous said...

စတိုင်လ်တွေကတော့ လန်ထွက်နေတာပဲ မိုက်တယ်ကွာ ကြော်ငြာရိုက်မယ့် မင်းသား မင်းသမီးနဲ့ တူတယ် ။

တောင်ပေါ်သား said...

ဟား ဟား ညီသံလွင်တို့ကတော့ လုပ်ပြီး တောင်မတေးကို နာတိတယ်တွ ဟီးးးးးးးးးး ပျော်ရွှင်ပါစေ ညီရေ

puluque said...

ညီသံလွင်ရေ
ဓါတ်ပုံက နှစ်ပုံထဲလားကွ။။ များများတင်တာဟုတ်ဖူး။။။ ဖက်ရှင် မင်းသားနဲ့ မင်းသမီးလေးကို ကြည့်ရှုလေ့လာသွားပါတယ်။

Anonymous said...

နာမည်ကြီးတွေ အင်တာဗျူးပါလား ညီရ
ဗျူးတဲ့သူရော အဗျူးခံရတဲ့ သူတွေပါ စတိုင်ကျတယ်၊ မိုက်တယ်ဟေ့ ...။
အင်တာဗျူးပုံစံအရေးအသားကတော့ တကယ် အင်တာဗျူးသမားကြီးတစ်ယောက်လို ပီပြင်တယ်။ တော်တယ်၊ ချီးကျူးတယ်ညီလေး ... ဖက်ရှင်ကိုကိုရဲ့ နောက် အင်တာဗျူးတွေကို မျှော်နေမယ် ... ဆက်လုပ် ... ။

သံလွင် HeRo said...

ဖက်ရှင်ကိုကိုကျနော်မဟုတ်ပါဘူးဗျ...
royal-myanmar က တာဝန်ရှိသူတစ်ယောက်ပါ...
ဟဲဟဲ