၂၈.၁၂.၂၀၀၈ ည ၁နာရီနဲ့ ၁၆မီနစ်မှာကျနော့်စီဘုံးလေးထဲကိုကိုဂျဲတစ်ယောက်
လာအော်သွားတယ်။အင်အားအသင့်တင့်ရှိတဲ့တက်ခ်တစ်ခုရောက်နေပြီ.
လာရောက်ဖတ်ရှူလော့တဲ့။ခေါင်းစဉ်လေးကမိုက်တယ်ဗျ။
စိတ်ကူးယဉ်ခြင်းတဲ့။
ကမ္ဘာပေါ်ကလူသားတိုင်းစိတ်ကူးမယဉ်ဖူးတဲ့လူမရှိသလောက်ပါပဲ။
တစ်ယောက်နဲ့တစ်ယောက်တစ်နေ့နေ့စိတ်ကူးယဉ်ခြင်းကမတူကြသလို
အကြောင်းရာတွေလဲကွဲပြားခြားနားကြတယ်။ဥပမာကိုဂျဲဂျယ်ဆိုရင်
အခုAccountingပညာတွေသင်ကြားနေပြီးအောင်မြင်တဲ့Accountant
ကြီးဖြစ်ရင်ဘာတွေလုပ်မလဲလို့စိတ်ကူးယဉ်နေမယ်။
မခေါင်ဆိုရင်လည်းwedding gownကြီးဝတ်ပြီးFullerton Hotelမှာ
မဂ်လာဆောင်ရင်ကောင်းမလား.ဒါမှမဟုတ်ရန်ကုန်ပြန်ပြီး
sedonaကpool sideမှာdinnerပေးရင်ကောင်းမလားစိတ်ကူး
နေလောက်တယ်။ကိုယ်သွားချင်တာကိုယ်စားချင်တာကို
စိတ်ကူးယဉ်တတ်ကြသလိုကိုယ်ဖြစ်ချင်တာကိုလဲစိတ်ကူးလေးနဲ့
ပုံဖော်တတ်ကြပါတယ်။
ကိုယ်ဖြစ်ချင်တာကိုစိတ်ကူးယဉ်ရင်တော့အဲဒီစိတ်ကူးကိုတော့
အကောင်ထည်ဖော်ဖို့လိုအပ်ပါတယ်။အဲဒါမှwestlifeသီချင်းလေးအတိုင်း
where dreams come trueဆိုပြီးအဲဒီအိမ်မက်တွေအကုန်လုံး
တစ်ကယ်ဖြစ်လာမှာပေါ့။အောင်မြင်တဲ့လူအများစုတွေဟာလည်း
သူတို့ရဲ့စိတ်ကူးတွေကိုလက်တွေ.ကောင်ထည်ဖော်ခဲ့လို့စင်ပေါ်ကို
ရောက်နေတယ်ဆိုတာမလွဲနိုင်ပါဘူးဗျာ။
စကားချီးတွေနည်းနည်းများသွားလို့ကျနော့်စိတ်ကူးတောင်ဘယ်ပျောက်သွားလဲ
မသိတော့ဘူး။တစ်နေ့တစ်နေ့စိတ်ကူးယဉ်နေတဲ့အကြောင်းရာတွေကကျနော့်မှာ
အများကြီးဗျာ။billionaireတစ်ယောက်ဖြစ်ခဲ့ရင်orchardမှာLamboghini
ကြီးစီးပြီးနေ့တိုင်းပတ်မယ်။new yearမှာဘလော့ပေါ်ကကိုကိုတွေကို
lexusတစ်စီးစီလက်ဆောင်ပေးပြီးမမတွေကိုဘယ်ဂျီယံစိန်သန့်၅ရတီ
နားကပ်တစ်ရံစီပေးမယ်။မိုနာလီဇာအပြုံးရုံးလောက်တဲ့
ကောင်မလေးချောချောတစ်ယောက်နဲ့ပါတီတွေတတ်နေမယ်ပေါ့။
အဲလိုတစ်စစနဲ့စိတ်ကူးယဉ်အိမ်မက်လေးထဲလွင့်မျောသွားတဲ့ကျနော်တစ်ယောက်....
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ကျနော်စီးနင်းလိုက်ပါလာသော
SIA လေယာဉ်ကြီးဆင်းသက်လိုက်တာနဲ့မြူနှင်းတွေကျနေတဲ့ဒီဇင်ဘာလရဲ့
အအေးဓာတ်ကသာမာန်ထက်အကဲပိုလေသလိုလို။
ရန်ကုန်လေဆိပ်ကြီးကအရင်ကနဲ့မတူတော့ပဲterminalရာပေါင်းများစွာနဲ့
ရှုတ်ယှက်ခတ်နေပါတယ်။Immigration နဲ့ custom ကိုဖြတ်ဖို့အတွက်လည်း
rollerတွေအပေါ်မှာ၁၀မီနစ်ခဲ့လမ်းလျှောက်လိုက်ပြီးမှရောက်တော့တယ်။
အပြင်ရောက်ရောက်ခြင်းမနေ့ကမှဝယ်လိုက်တဲ့
ferrari အနက်ရောင်လေးတစ်စီးကကျနော့်ကိုလာကြိုနေလို့ကျနော့်ရဲ့Gucci
ခရီးဆောင်အိတ်လေးကိုdriverကိုပေးလိုက်ပြီးသူ့ကိုပဲကားပေါ်တင်ခိုင်းလိုက်တယ်။
driverကကားကိုပြည်လမ်းအတိုင်းဦးတည်လိုက်ချိန်မှာတော့ရန်ကုန်မြို့တော်
လမ်းမကြီးကအရင်ကလု ၆လမ်းသွားမဟုတ်ပဲတစ်ဖက်၆လမ်းစီ၁၂လမ်းသွားကြီး
ကိုဖြစ်လို့။ မိုးပေါ်မှာက လည်း ဆူးလေ-အင်းစိန်၊ သာကေတ-မှော်ဘီ၊
တောင်ဒဂုံ-ရွှေပြည်သာကိုပြေးဆွဲနေတဲ့ ကျည်ဆံရထားတွေ ကလည်း တဝီဝီနဲ့။
Ocean ကိုဖြတ်သွားလို့ကြည့်လိုက်တဲ့အချိန်မှာM.K တို့.J-donutတွေမရှိတော့ပဲ
Mango၊Zara၊ Prada၊ Pizza hut၊ Starbucks ဆိုင်းဘုတ်တွေနဲ့။
လမ်းပေါ်မှာကလည်းအမှိုက်ဆိုလို့သစ်ရွက်ခြောက်တစ်စတောင်မရှိပဲ
ကားတွေကလည်း နောက်ဆုံးပေါ်မော်ဒယ်တွေ၊ bus car
တွေကလည်း fully air-con ဖွင့်ထားပြီး စင်္ကာပူက SMRT၊ SBS တွေထက်
ဆယ်ဆလောက်ကောင်းတဲ့mercedes အသစ်စက်စက်တွေ။
အဲဒီနောက်သူက၈မိုင်လမ်းဆုံမှကမ္ဘာအေးဘုရားလမ်းဘက်သို့ချိုးကွေ.လိုက်ချိန်မှာ
တော့အရင်မြိုင်ဟေဝန်ပန်းခြံကြီးမရှိတော့ပ ရွှေဘဲစားသောက်ဆိုင်ကြီးမှGolden Duck ဆိုပြီးကားပါကင်၃ထပ်နဲ့restaurantအသစ်စက်စက်ကြီးကိုတရုတ်နဂါး၊ ခြင်္သေ့အကတွေနဲ့မြိုင်မြိုင်ဆိုင်ဆိုင်ဖွင့်လှစ်နေပြီး
New Yearအထိမ်းအမှတ်အနေနဲ့စတုဒီသာဘဲကင်ကျွေးနေပါတယ်။
ကမ္ဘာအေးလမ်းတစ်လျှောက်လည်းဟိုဘက်တောင်၊မြောက်ဥက္ကလာကိုဆက်ထားတဲ့
မိုးပျံလမ်းမကြီးတွေ။ နောက်ထပ် ၁၀မိနစ်လောက်မောင်းပြီးတဲ့အချိန်မှာ
driverကကားကိုSedona Hotelထဲသို့ချိုးဝင်လိုက်ပြီးကျနော့်အတွက်သီးသန့်ငှားထားတဲ့
အပေါ်ဆုံးထပ်ကိုlift နဲ့တတ်ခဲ့တယ်။အခန်းထဲကခန်းဆီးလေးကိုဖွင့်ကြည့်လိုက်တော့ ရွှေရောင်တဝင်းဝင်းသပယ်လှတဲ့ရွှေတဂုံစေတီကိုအရင်ဆုံးဦးခိုက်ပြီးဘေးဘီဝဲယာကို အပေါ်စီးကကြည့်လိုက်တဲ့အချိန်မှာတော့ရန်ကုန်ရွှေမြို့တော်ကြီးဟာမိုးမြင့်တိုက်များနဲ့ အာရှရဲ့ကျားကိုကျော်ဖြတ်ပြီးအာရှနဂါးဖြစ်နေပြီ။securityအတွက်helicopter တွေကလည်းအချိန်ပြည့်လှည့်ပတ်နေပါတယ်။
အရင်ကမြကျွန်းသာအပန်းဖြေကစားကွင်းကလည်းYangon Disneyland တဲ့။
ကစားကွင်းထဲမှာတော့ကမ္ဘာလှည့်ခရီးသည်တွေနဲ့ပြည့်လို့
Mickey Mouse, Snow whiteစတဲ့ကာတွန်းလေးများ
ကလည်းဟိုနေရာမှာတစ်ချို့ဒီနေရာမှတစ်ချို့ဖျော်ဖြေနေလေရဲ့။
ဟိုက်ရှာလပတ်ရည်...အခုမှကြည့်မိတယ်အရင်ကရန်ကုန်မြို့မှာ
အကြီးဆုံးချားရဟတ်ကြီးကတော့ကခုဆိုရင်Yangon Eyeဆိုပြီး
Singapore flyerကိုကျော်ကာကမ္ဘာ့အကြီးဆုံးဖြစ်နေပြီ။
အဲဒီနဘေးမှာကAsia's largest Underwater worldတဲ့။
ပန်းရောင်လင်းပိုင်၊အပြာရောင်ဝေလငါးပုံကြီးတွေနဲ့ကြော်ငြာထားပါလား။ အင်းယားရေပြင်ကြီးကလည်းအရင်လိုစုံတွဲတွေခိုအောင်းတဲ့နေရာမဟုတ်တော့ပဲ
Aquariumကြီးဖြစ်လို့။အင်း...အစစအရာရာပြောင်းလဲနေပြီပေါ့လေ။
Baliကိုအဖေနဲ့အတူအပန်းဖြေခရီးထွက်နေတဲ့အမေ့ဆီကိုရန်ကုန်သို့အေးချမ်းစွာ
ရောက်ရှိကြောင်းဖုန်းဆက်ပြီးအချိန်မှာတော့နာရီလက်တံကညနေ
၅နာရီကိုညွှန်လုဆဲဆဲ။ရေမိုးချိုးပြီးဟော်တယ်ရဲ့lobbyမှာမနေ့ကပဲဒူဘိုင်းက
ပြန်လာတဲ့ငယ်သူငယ်ချင်းတစ်ယောက်စောင့်နေလို့ဆင်းတွေ.တော့အဲကောင်နဲ့
တူတူပဲroyal sedona myanmar buffetကိုသုံးဆောင်တော်မူလိုက်တယ်။ ဟင်းတွေကတော့ဖွယ်ဖွယ်ရာရာပါပဲ။ဆင်နှာမောင်းဟင်းချို၊ဝက်ရင်ပေါင်သားစတူး၊
ပုစွန်ဥဆီပြန်၊မျောက်ချီးခါးချက်၊ငါးမန်းသားရေသုပ်၊အစုံပါပဲဗျာ။
စားပြီးသောက်ပြီးတော့သူ့ရဲ့ကားနဲ့ပဲကျနော်တို့ရန်ကုန်မြို့ထဲသို့ချီတတ်ခဲ့ကြလေရဲ့။ ကမ္ဘာအေးလမ်းအတိုင်းထွက်ပြီးတက္ကသိုလ်ရိပ်သာလမ်းကိုချိုးလှည်းတန်းမီးပွိုင့်ကနေ
ပြည်လမ်းပေါ်သို့သူ့ကားလေးကိုချိုးကွေ.လိုက်တယ်။
လှည်းတန်းထိပ်ကမကြာသေးခင်ကမှဖွင့်ထားတဲ့Hledan Corner ကြီးမှာကလဲ
Branded Stores တွေ၊Cinema၊ Spa၊ Barတွေနဲ့ ခံ့ခံ့ညားညားကြီး၊
နောက်တော့yangoan international universityကိုကျော်ပြီး
ပေ၂၀လောက်ရှိတဲ့ယွန်းဆွမ်းအုပ်ကြီးနဲ့ဟံသာဝတီအဝိုင်း၊
ဒဂုံစင်တာတွေကျော်ဖြတ်Halpinလမ်းမရောက်ခင်အလုံလမ်းဘယ်ဖက်ကို
ချိုးကွေ.လိုက်တော့Black Canyon Cafe, M-Donald, Pastamania,
Singapore Kitchen, Hard Rock, DJ bar, Ginki Kid စတဲ့ဘားတွေ
DJ bar, MOS, Zouk, Power Station, BME စတဲ့clubတွေက
ဟိုးအရင်ကHappy Worldအထိအစီရီတန်းကိုစီလို့။
လမ်းတစ်လျှောက်လည်းသီချင်းတွေဆူညံပွက်လောရိုက်နေပြီး
Christmas treesရောင်စုံမီးလုံးများနဲ့အလှဆင်ထားတာကတော့
Orchardလမ်းမကြီးအလားပဲ။ရွှေတိဂုံဘုရားလမ်းအတိုင်းပြန်ထွက်ခဲ့ပြီး
တရုတ်တန်းရောက်တော့လူတွေကပြည့်လို့ကျပ်လို့။
သင်ပေါင်းပိုးနဲ့ဝက်သားဒုတ်ထိုးသည်တွေ.တော့ကားခဏရပ်ပြီးဆင်းစားတော့
သင်ပေါင်းပိုးတစ်ကောင်ကို၅၀၀၀၊ဝက်သားဒုတ်ထိုးတစ်ခုကို၁၀၀၀တဲ့။
အော်...ခေတ်တွေကကြာလှပြီပဲ...ဒီလောက်တော့ရှိမှာပေါ့။ ဒါနဲ့ဘေးနားကကော်ပြန့်ကြော်ဆိုင်မှာစားနေတဲ့နှစ်ယောက်ကိုမြင်ဖူးပါတယ်လို့
ကြည့်နေတာRihanna နဲ့Chris Brownတို့အပီကြိတ်နေကြတယ်။
သြော်...သူတို့လဲမနက်ဖြန်MCC မှာလုပ်မဲ့MTV Aisa Award အတွက်ဖျော်ဖြေဖို့လာရင်းမြန်မာစာစားချင်လို့တူပါတယ်ဗျာ။ ကျနော်တို့သူငယ်ချင်းနှစ်ယောက်လဲအဝပြဲစားသောက်ပြီး
ဆူးလေအဝိုင်းကိုပတ်ပြီး ပျင်းလာတာနဲ့Tradersမှာပဲညဝင်အိပ်လိုက်ကြတယ်။ ကျနော့်ရဲ့စိတ်ကူးယဉ်ရန်ကုန်ရွှေမြို့တော်ကြီးသို့တစ်ခေါက်ထိုနေရာတွင်
အဆုံးသတ်ခွင့်ပြုပါခင်ဗျား။
(ဥပမာပေးထားတာကိုဂျယ်နဲ့မခေါင်တို့PEACEနော် ဟဲဟဲ)
8 comments:
သူကျတော့ Lamboghini ၊ ferrari တယ်
ငါတို့ကျတော့ lexusတဲ့ မတရားဘူးဟေ့
စိတ်ကူးယဉ်တာတောင် မပေးချင်ဘူးလား
ferrari လောက်တော့ပေးပေါ့ကွ
ဒါမှ Orchardမှာ လမ်းသလားလို့ကောင်းမှာပေါ့
အယ်.. သူလဲငါ့လိုပါလား ငှီးငှီး
အရှုးလို့အပြောခံရတော့မယ်ထင်တယ်ဗျို့
ဒါပေမဲ့ မပူပါနဲ့ ကျနော်တယောက်လုံး အဖော်ရှိပါတယ်ဗျ ငှဲငှဲ
တောက်ခ်!!! တယ်မိုက်တဲ့ စိတ်ကူးကြီး
(ငါ့စိတ်ကူးတွေအကုန်ကုန်ပါပြီဗျာ...ဟီဟိ)
မောင်လေး သံလွင်ဟီးသရိုးရေ...
စိတ်ကူးယဉ်ထားတာက တကယ် လန်းတယ်... :)
ဒါနဲ့ စကားမစပ် Tradersမှာ ညမအိပ်ခင် ဆေးလှုပ်သောက်တယ်ဟုတ်... :P
ma phyit say chin loh tot ma hote par woo kwar .. ma phyit naing dar thi nay loh par .. (just for a couple of years from now on) :D
ဆင်နှာမောင်းဟင်းချို၊ ဝက်ရင်ပေါင်သားစတူး၊ ပုစွန်ဥဆီပြန်၊ မျောက်ချီးခါးချက်၊ ငါးမန်း သားရေသုပ်တဲ့။ ရှယ်ပါပဲလားဟေ။ ဒါပေမယ့် သင်ပေါင်းပိုး တစ်ကောင်ကို ၅၀၀၀၊ ဝက်သား ဒုတ်ထိုးတစ်ခုကို ၁၀၀၀ ဆိုလို့  ရင်ထဲဆို့  သွားတယ်။ lexus မစီးရရင် နေပါစေ။ ဒုတ်ထိုးဈေးတော့ နဲနဲလျှော့ပေးပါ ဒုတ်ထိုးမစားရရင် ခေါင်းကိုက်တတ်တယ်။
ဖိုးသံလွင်လေးကို ဂေဟာမှာ ရာထူးတော့ တိုးပေးသင့်နေပြီ .. ရွှေဘဲမှာ စတုဒီသာကျွေးနေတဲ့ ဘဲကင် ဝင်ကျိတ်ခဲ့သေးတယ် ဟီဟိ
bro........ i like this blog best! :)
Post a Comment