December 3, 2008

Alvin and the Chipmunks

ကိုဗီလိန်တက်ခ်ထားတဲ့ ပို့စ်ကိုအခုမှအကြွေးဆပ်ရအုံးမယ်ဗျာ...အကြိုက်ဆုံးကာတွန်းကားလေးတဲ့.ကျနော်က.ကယေးယေးပဲရှိသေးတယ်ဆိုတော့ကာတွန်းကားကြိုက်တယ်ဗျ...ဟိုးငယ်ငယ် Tom & Jerry ခေတ်ကနေ Hakuna Matata လို့ခေါ်တဲ့ Lion King. Aladdin, Pop eyes, Jumbo, nemo, super man, spider man, caspers, final fantasy. အခုခေတ်စားနေတဲ့ Garfield, Ice age, Bee movie, Ratatouille, Madagascar, Alvin and the chipmunks, Kung fu Panda စသဖြင့်အကုန်ကြိုက်သဗျာ... ကိုဗီတက်ခ်ထားတဲ့ဘလော့ဂါတွေရေးထားတဲ့ ကားတွေလဲစုံနေပြီ။ ကျနော်တစ်ရောက်ပဲကျန်ရော။ ဘယ်တစ်ခုရေးရင်ကောင်းမလဲ. စဉ်းစား၊ စဉ်းစား၊ စဉ်းစား...အခုဒီဇင်ဘာရောက်နေပြီ.နယူရီးယားနဲ့ခရစ်စ်မတ်ကလည်းလာတော့မှဆိုတော့...အိုခေ.သတိရပြီ christmas christmas time is near...time for toys and time for cheer.we've been good but we can't last. hurry christmas hurry fast. ရှဥ့်သုံးကောင်ဆိုထားတဲ့သီချင်းပေါ့ဗျာ...ရေးပြီးဗျို့ ။

Alvin and the Chipmucks !!! အဓိကကာရိုက်တာကတော့ သီချင်းလဲအဆိုကောင်း.အကလဲကောင်း.မျောက်ရုံးအောင်လဲဆော့တဲ့ ရှဥ့်သုံးကောင်.





ဘယ်ဖက်ဘေးဆုံးကောင်ကတော့ Theodore. အဲကောင်က ဗိုက်ပူပူ.ဖင်ကြီးကြီးဝဝကစ်ကစ်ချစ်စရာလေးဗျ.
အရမ်းကြောက်တတ်.အားလည်းငယ်တတ်တယ်.ကောင်မလေးတွေတော်တော်များများကသူ့ကိုကြိုက်ကျတယ်
တဲ့လေ.
အလယ်ကောင်ကတော့ Alvin. သူကတော့ chipmunks band မှာခေါင်းဆောင်ပေါ့ဗျာ. ကဲလည်းကဲ. အပျင်း
လည်းကြီး.သူများကိုဒုက္ခပေးမယ်ဆိုရင်ထိပ်ဆုံးကပဲ.
အကျီအပြာရောင် မျက်မှန်နဲ့ကောင်ကတော့ Simon တဲ့. သူကတော့ဆရာကြီးစတိုင်လ်နဲ့ မျက်လုံးကလည်း ဝါးတားတားနဲ့လေ.
အဲဒီကားက ၁၉၅၀ကျော်ကျော်လောက်က ရိုက်ကူးခဲ့တဲ့ chipmunks Alvin, Simon and Theodore ကား
ကိုအခြေခံပြီးရိုက်ထားတာပါ. ဒါရိုက်တာကတော့ Tim Hill. ရှဥ့်သုံးကောင်ကိုအိမ်မှာခေါ်တင်ပြီးပြုစုထားသူ
ကတော့ My name is Earl ကားထဲက Jason Lee. ရှဥ့်တွေကိုမက်လုံးပေးစင်ပေါ်တင်နာမည်ကျော်စေပြီး ပရိုဂျူဆာတို့ ပီပီ ငွေနောက်ကိုတစ်ကောက်ကောက်လိုက်.ဗီလိန်နေရာကပီပြင်စွာသရုပ်ထားတာက David Cross. ဇာတ်လမ်းအကျဉ်းချုပ်ကတော့ သီချင်းဆိုကောင်းတဲ့ရှဥ့်သုံးကောင်က.တောထဲကနေပြီး သူတို့နေတဲ့
သစ်ပင်ကလေးသစ်ပင်ခုတ်သမားတွေလက်ချက်ကြောင့်လှဲခံရပြီး သူတို့လဲထရပ်ကားကြီးနဲ့အတူLAကိုရောက်
ခဲ့တယ်။ အဲဒီမှာညမှာ Jason အိမ်ထဲကိုမသိမသာခိုးဝင်.မုန့်တွေခိုးစားရာကစပြီး.မိသွားပါလေရော.အဲဒီမှာ
သီချင်းနဲ့ဗျာများနေတဲ့ Jason တစ်ယောက်ပေါက်ကွဲသွားပြီး အဲဒီသုံးကောင်ကိုအိမ်ပေါ်ကကန်ထုတ်လိုက်တယ်.
နောက်တော့ Jason ဆိုနေတဲ့သီချင်းလေးကိုရှဥ့်သုံးကောင်. ကရင်းနဲ့ဆိုပြလိုက်တော့ငြိမ်းချမ်းရေးပြန်ရသွားပြီး
အိမ်ပေါ်ခေါ်တင်လိုက်ရော.သောင်းကျန်းပါလေတော့တယ်. Jason ရဲ့ producer နဲ့ ရှဥ့်သုံးကောင်တွေ.တော့
ပရိုဂျူဆာက Jason ကိုတောင်စိတ်မဝင်စားတော့ပဲ ရှဥ့်သုံးကောင်ကိုသူ့ဘက်ပါအောင် chirstmas gifts တွေ
ပေး.မုန့်တွေကျွေး.ကစားစရာတွေ.အိမ်တွေပါပေးပြီး Jason လက်ထဲကနေလုယူသွားပါတော့တယ်. ငကဲသုံးကောင်ကတော့ ပျော်နေရှာတာပေါ့. ရှဥ့်သုံးကောင်ဘယ်လိုနာမယ်ကျော်သွားလဲ. ဘယ်လိုအခိုင်းခံ
လိုက်ရလဲ.နောက်ဆုံးပရိုဂျူဆာကြီး ဟတ်တတ်ကွဲသွားပြီး Jason နဲ့ဘယ်လိုပြန်တွေ.သွားလဲဆိုတော့ကာ.....
ငွေရောင်ပိတ်သားပြင်ပေါ်မှာပဲဆက်လက်အားပေးကြပါစို့ဗျာ။
ထွေလာလေးလဲအားပေးသွားပါအုံးဗျို့။


ရှဥ့်သုံးကောင်ဆိုထားတဲ့ chirstmas သီချင်းလေးပါ။

4 comments:

ဗီလိန် said...

ကောင်းတယ်ကွ၊ ကြည့်ချင်တယ်ကွယ်။

sait phay yar said...

အေးတော့ ကောင်းမဲ့ပုံဘဲ ကြည့်ချင်တယ်

Anonymous said...

စာမေးပွဲမဖြေနိုင်ဘူးဆိုတော့ စာမကျက်ဘူးထင်တယ်
ကာတွန်းလေးရှာပြီး ကြည့်ဦးမယ်ဗျာ

Anonymous said...

We [url=http://www.onlineblackjack.gd]casino bonus[/url] be subjected to a corpulent library of totally free casino games as a replacement for you to play right here in your browser. Whether you appetite to training a provender recreation strategy or even-handed try out a few original slots before playing in the direction of real money, we be undergoing you covered. These are the exacting same games that you can treat cavalierly at veritable online casinos and you can play them all quest of free.