December 26, 2008

Christmas Night Outing !!!

Singapore ရဲ့ Christmas မှာထုံးစံအတိုင်း လည်စရာရှာလိုက်တော့နောက်ဆုံး
Orchardကိုပဲသူငယ်ချင်းတွေနဲ့ချီတတ်ခဲ့ကြတယ်။
Orchard လမ်းမကြီးတစ်လျှောက်လူတွေကလည်းအပြည့်ပါဗျာ။ စင်္ကာပူကလူတွေအကုန်လုံးရောက်နေလားအောက်မေ့ရတယ်...
တိုးလိုက်ဝေ့လိုက်နဲ့မြန်မာပြည်မှာတုန်းကဘုရားပွဲဈေးလျှောက်တာကို
သတိရမိတယ်ဗျာ။ကိုယ့်ပြည်ကိုယ့်ရွာမှာကပွဲဈေးလျှောက်ရင်ဟိုစားဒီစား၊
ကစားပွဲတွေနဲ့ပျော်စရာကြီး။
ဖရောင်းတိုင်မီးလေးတွေနဲ့ရောင်းတဲ့ပုရစ်ကြော်သည်၊အာပုံ၊
ကောင်ညှင်းကျည်တောက်၊ကပ်စီးနဲကနေပွဲဈေးမှာရောင်းတဲ့မုန့်ဟင်းခါး၊ ရှမ်းခေါက်ဆွဲ၊ဆာတေးအကင်သည်တွေကိုလွမ်းလိုက်တာဗျာ။
sigh...ဘယ်တော့မှပြန်ရောက်တော့မယ်မသိ...
ဟဲဟဲပျော်ရာမှာနေဆိုတဲ့အတိုင်းဒီနေ့လည်းသူငယ်ချင်းပေါင်းဖော်တွေနဲ့ အဝပျော်ခဲ့တယ်...ဒီနေ့ရိုက်ခဲ့တဲ့ဓာတ်ပုံတစ်ချို့ကိုဝေမျှလိုက်ပါတယ်ဗျာ။




Woodlands Blk 515 အောက်မှာ...အိမ်လာလည်လို့ရအောင်
လိပ်စာပြောပြတာ...ဟားဟား

စားကြပါအုံးဗျ... Chicken Spaghetti



ကျနော်သံပုရာသောက်တာကို သူငယ်ချင်းတစ်ရောက်က သူ့ရဲ့ Iced Mocha
သောက်ကြည့်ဆိုတာနဲ့ ပျားရည်ပုလင်းလောက်ရှိတဲ့ Mocha နဲ့ပို့စ်လုပ်ထားတယ် ဟဲဟဲ



အလည်ကမီးလုံးနဲ့ လူပုံမမြင်ရတာပဲကောင်းပါတယ်...



Orchad ရောက်ပြီ။ camera ရိုက်နေတဲ့သူက သုံးယောက်မို့လို့
မျက်လုံးတွေက ဟိုကြည့်ဒီကြည့်နဲ့...



ဟိုတပတ်က Twilight ကြည့်ပြီးအပြန်ရိုက်ထားတဲ့ပုံလေး ကျနော့်သူငယ်ချင်းက
ဓာတ်ပုံပို့ပေးရင်းနဲ့ပါလာလို့ မိုက်တယ်နော်...အနောက်က background


ရွှေညီကိုတို့ သောက်ကြဦးမလား...ဘားမှာနဲနဲဝင်ဆွဲခဲ့သေးတယ်


လူကိုမကြည့်ကြပါနဲ့...ရိုက်ချင်စရာကြီး။ နောက်ခံမီးတွေလှတာကိုပဲအားပေးကြပါ :P


တစ်နှစ်မှ တစ်ခါထိုင်လို့ရတဲ့ Orchard လမ်းပေါ်မှာ ဒီလိုရိုက်ခဲ့ကြတယ်။


Miyuki & Me


မာကျူရီမီးရောင်အောက်က ရွှေမြန်မာလေးများ


ဒီကားဝယ်ရင်ကောင်းမလားပဲ။



Me & Ma Htet at Isetan


Mr.Christmas 2008 (Royal-Myanmar) & Me


Me, Ma Htet, Khet Khet & Ye` Win



အိမ်ပြန်တော့မယ်...အားလုံး ဘိုင့်ဘိုင်

9 comments:

khin oo may said...

ပျော်ရွှုင်စရာတွေကို လာကြည့်သွားသည်။

WWKM said...

ပျော်စရာကြီးပါလား မောင်သံလွင်ရေ..
သူငယ်ချင်းတွေအများကြီးပဲ..
ဒါနဲ့ တီတီဝါ ရဲ့ မမကို ပွဲဈေးတန်းထဲမှာတွေ့ရင် မုန့်
ဝယ်ကျွေးလိုက်ပါဦးသိလား . ဟတ်ဟတ်
မမ တို့က အခု စင်္ကာပူတခွင် အလည်ထွက်နေကြတယ်
လေ. ၂၉ ရက်နေ့မှ ဂျပန်လာကြမှာ.. ဒါနဲ့ ..တီဝါ အ
တွက် ၀ယ်ထားတယ်ဆိုတဲ့ LV အိတ်ကလေး လေလံ
ပစ်လိုက်ပြီလား. ရှိသေးရင် မမ နဲ့ ထည့်ပေးလိုက်နော်.
.ဟဟားးးး

ပျော်ရွှင်ပါစေ။
တီဝါ

မောင်bee said...

ဟဟ လုပ်ချက်တွေ လုပ်ချက်တွေ သံလွင်တို့က တော့

Anonymous said...

အမှန်က သူ့ကောင်မလေးနဲ့ပုံကြွားတာပါ =)

chanye` said...

thu ka tot pyor nay tal pot lay :'(

သံလွင် HeRo said...

ဟားဟား...ကိုမျိုးဝေး...ကျနော်ရည်းစားမရှိပါဘူးဗျာ
အကုန်လုံးက သူငယ်ချင်းတွေကြီးပဲ :P

Dream said...

ဟေးးးးးး အိမ်လိပ်စာတွေ ဘာတွေ ရေးပေးထားတယ်... အတော်ပဲ နောက်ကျရင် လမ်းကြုံလို့ တမင်တကာ ထမင်းလာစားမယ်... ဟားဟား.... အကြွေးလဲ အိမ်တိုင်ရာရောက် လာတောင်းလို့ ရသွားပီ... ဟတဟ်တ်...

ပျော်စရာကြီးနော်... လည်နေကြတာက .... သူငယ်ချင်းတွေ လည်း အများကြီးပဲ..... အားကျ စရာ

ဖိုးဂျယ် said...

အားကျစရာကြီး ကိုဂျယ်ဝေးကတော့
အစောပြန်လာတယ်။ သူငယ်ချင်းတွေမရှိလို့
အဟင့် အဟင့်

katloveshome said...

awwh haww ye thiha - mr.christmas ya thwar del pop. congrats lo. pyaw lite par. (htin tot ma htin lite bu hehe shhhhhh :P)