December 9, 2008

QUARANTINE

လွန်ခဲ့တဲ့ sunday ကကျနော့်တို့ woodlands family ကဘော်ဒါတွေနဲ့ အတူမြန်မာစာတွေကိုအပီတီးမယ်အကြံနဲ့ city hall က peninsula plaza ကိုရောက်ခဲ့တယ်ဗျာ။ တနဂ်နွေဖြစ်နေလို့ထုံးစံအတိုင်း ဆိုင်တိုင်းအလိုလိုမှာခုံကပြည့်သလောက်ပဲဗျို့။ ထမင်းစားပြီးအပြန် ရုပ်ရှင်မကြည့်တာကြာနေပြီမို့ ကျနော်တို့ Dobby Gaut က Cathy ကို ဆက်လက်ချီတတ်ခဲ့ကြတယ်။ ရုံတင်နေတဲ့ကားတွေက တော့အများကြီးပဲဗျို့ bolt, secret life of bees, quarantine, city of ember, four chirstmas, body of lies, hell's high way ကားကောင်းတွေပဲဗျာ။ ရောက်တဲ့အချိန်နဲ့နောက်ပြမဲ့ကားကိုကြည့်တော့ quarantine တစ်ခုပဲရှိတယ်။ အဲဒါကြောင့်အားလုံးသဘောတူညီစွာပဲ ကြည့်မယ်ပေါ့...ကြော်ငြာထားတာကတော့မဆိုးဘူးဗျာ...

On March 11 2008, the government sealed off an apartment complex in Los Angeles. The residents were never seen again. No details. No witnesses. No evidence. Until now.




ဒါရိုက်တာ John Erick Dowdle ရဲ့ရိုက်ချက်ကို မင်းသမီး Jennifer Carpenter နဲ့
သူ့ရဲ့ကင်မရာမင်း အဖြစ် Steve Harris ကပီပြင်စွာသရုပ်ဆောင်ထားပါတယ်ဗျာ။
ဖြစ်ပုံက- TV reporter လုပ်တဲ့မင်းသမီးနဲ့ သူ့ရဲ့ camera man တို့ဟာ L.A ရဲ့ မီးသတ်ဌာနမှာ ညဘက်အခြေအနေကို report လုပ်ဖို့အတွက် ရောက်ရှိနေကြ
ပါတယ်။ မီးသတ်သမားတွေနဲ့ မိတ်ဆက်ကြပြီး သူတို့ရဲ့ဘဝကို
ကွင်းကွင်းကွက်ကွက်မြင်အောင်ရိုက်ပြထားပါ
သေးတယ်။ အစပိုင်းမိတ်ဆက်ပေးနေတဲ့အချိန်မှာတော့ ပျင်းဖို့ကောင်းနေပေမဲ့
သူတို့ရောက်နေတဲ့ မီးသတ်ကို emergency call လာတဲ့နောက်ပိုင်း
ဇာတ်လမ်းကစပါတော့တယ်။ သူတို့တွေ အခင်းဖြစ်တဲ့နေရာကိုရောက်တဲ့
အချိန်မှာ ရဲကားတွေလည်းရောက်နေပြီး appartment manager တစ်ယောက်က
သူ့တို့နေတဲ့ အဆောက်အုံထဲက အခန်းတစ်ခန်းမှာ မိန်းမကြီးတစ်ယောက်
အခန်းတံခါးပိတ်ပြီး ညည်းသံတွေ ထွက်နေကြောင်း၊
တံခါးခေါက်ပေမဲ့မဖွင့်ပေးကြောင်း အစသဖြင့်ရှင်းပြနေပါတယ်။
အဲဒီနောက် တံခါးကိုဖျက်ပြီး ဝင်လိုက်တဲ့အချိန်မှာ
ခွေးတစ်ကောင်ကကြောက်လန့်တစ်ကြားထွက်ပြေးသွားပြီး
တစ်ကိုယ်လုံးသွေးတွေပေကြံနေတဲ့ မိန်းမကြီးတစ်ယောက်က ရဲအရာရှိတစ်ဦးကို
ကိုက်သတ်လိုက်ပါတယ်။ အဲဒီလိုဖြစ်နေတဲ့အချိန်မှာ အဆောက်အုံအပြင်ကရဲတွေက
အဆောက်အုံတစ်ခုလုံးကို ချိပ်ပိတ်လိုက်ပြီး လူတစ်
ယောက်မှအပြင်ထွက်လို့မရအောင်လုပ်လိုက်ပါတော့တယ်။ မိုဘိုင်းဖုန်း. တီဗီ.
အင်တာနက် စတဲ့ လိုင်းတွေကို လည်းအကုန်ဖြတ်တောက်လိုက်ပြီး
တစ်ယောက်မှအပြင်ဘက်ပတ်ဝန်းကျင်နဲ့ဆက်သွယ်လို့
မရဖြစ်သွားရော ။ အဲဒီနောက် အိမ်ထဲက လူတွေတစ်ယောက်ပြီးတစ်ယောက်
ဘယ်လိုသေသွားသလဲ၊ မသေပဲကျန်နေတဲ့သူတွေထွက်ပေါက်ကိုဘယ်လိုရှာကြသလဲ၊
ခုဏကမိန်းမကြီးဖြစ်နေတဲ့ရောဂါကဘယ်ကစသလဲ၊ ဘယ်လိုဖြစ်လို့
အပြင်ကလူတွေကသိသွားပြီး တစ်တိုက်လုံးကိုချိပ်ပိတ်လိုက်သလဲဆိုတာကတော့
ရုပ်ရှင်ရုံမှာ သွားကြည့်ကြပါခင်ညား ။ I am strongly recommend to watch this movie !!!

ဒါကတော့ ထွေလာလေးပါ ။



မကြောက်တတ်ရင်တော့နောက်ဆုံးအခန်းလေးကို အားပေးသွားပါအုံး ။


4 comments:

Anonymous said...

ကိုယ့်ညီ အညွှန်းကောင်း ကြော်ငြာကောင်းလို့ အားရင်သွားကြည့်ဦးမယ်ညီရေ အကိုတို့က ကသည်းဆိုလှမ်းတယ် Vivo က နီးတော့ အဲမှာ တင်လောက်မယ်ထင်တယ် ... ကျေးဇူးညီ ...

ပျော်ရွှင်ပါစေ ...

Anonymous said...

အဲဒီအခွတွေအားလုံး ငှားကြည့်ဦးမယ်ဗျ။

WWKM said...

ကြောက်တတ်တယ်..ကြည့်ဝူးးး

Anonymous said...

ကိုသံလွင်ရေ ဒီကားကိုပါအဆစ်ကြည့်သွားပါတယ်။ ရုပ်ရှင်ကြည့်တာဝါသနာတူမို့ နောက်တစ်ခေါက်ဆိုခေါ်ပါဦးဗျို့