December 6, 2008

STUFFS NEEDED IN DECEMBER

ဒီဇင်ဘာလမှာ လိုချင်တဲ့ပစ္စည်းတွေကတော်တော်ကြီးကိုများနေပါတယ်ခင်ဗျား ။ လိုသမျှတွေကလည်းရှယ်တွေ ပဲမို့ဘတ်ဂျက်ထိခိုက်နေတာနဲ့ မဝယ်နိုင်လို့ ဘလော့ပေါ်မှာပဲသရေကျပါရစေဗျ...အောက်ကပုံတွေကတော့
အခုလက်ရှိ ပိုးစိုးပက်စက်လိုအပ်နေတာတွေပါ...ဒါတောင်တခြားဟာတွေကျန်သေးတာမို့လျှော့ပြီးတင်ထားပါ
တယ်...ငှဲငှဲငှဲ ။




(၁) L.V က ခါးပတ်



(၂) ဘဏ္ဍတော်တွေထိန်းသိမ်းဖို့ Gucci wallet





(၃) MRT စီးရင်းဆော့ဖို့အတွက် PSP slim လေးတစ်လုံး
(၄) ဟိုနားဒီနားသွားရင်စီးဖို့ All Star Vs skinny နဲ့စီးရင်လန်းတဲ့ Vans



(၅) New Year Beach Party မှာ ကဲဖို့အတွက် NUM က အင်္ကျီ
(၆) Billabong က beach pants

(၇) fragrance အဆန်းနဲ့ Diesel က ရေမွှေး
(၈) စင်္ကာပူရဲ့နေပူဒဏ်ကို အံတုဖို့အတွက် Ray Ban မျက်မှန်

(၉) Top Man က new arrival neck tie နဲ့ skinny jeans Vs C.K က boxer


(၁၀) တန်ဖိုးရှိတဲ့အချိန်တွေပြသပေးဖို့အတွက် Adidas နာရီ

(၁၁) ဈေးသိပ်ကြီးတယ်လို့မထင်ရတဲ့ ဆွဲကြိုး




(၁၂) နားကွင်းမျိုးစုံ
ပိုက်ပိုက်ရဖို့အတွက် Singapore Poll ကိုသွားပြီး To To ထိုးရင်ကောင်းမလား ? 4D ထိုးရင်ကောင်းမလားဂျ ?
ဒီက.ကိုကို.မမ.တီတီ.ဦးဦးတို့လည်းစေတနာသဒါတရားထက်သန်စွာဖြင့်လာရောက်လှူဒါန်း.အဲဘွာတေး.
chirstmas/new year present များပေးဖို့အစီစဉ်များရှိခဲ့လျှင်အပေါ်ပါပစ္စည်းများပေးနိုင်ပါသည်လို့အကြောင်း
ကြားအပ်ပါသည်ခင်ညား ။

9 comments:

WWKM said...

ဝိုးးးးးးးးးးးးးးး မောင်သံလွင်

Brand တွေကြီးပဲ အကြိုက်တွေပေါ့.. ဟတ်ဟတ်
မွေးနေ့ကကျော်သွားလို့နော်. တီတီဝါကလက်ဆောင်
ပေးချင်သား..ဟဟား
Louis vuitton belt လေးရယ်.Gucci purse လေးရယ်.
Adidas နာရီလေးရယ် ၀ယ်လိုက်..အားပေးတယ်.ဟဟ
တီတီလဲ Adidas နာရီလေးဝယ်ချင်နေတာ မ၀ယ်ဖြစ်
သေးဘူးရယ်. ဒီမှာ ယန်း ၁၂၀၀၀ ၀န်းကျင်လောက်
ကနေ ယန်း၂၀၀၀၀ လောက်ဈေးရှိတယ်. စလုံးမှာရော
ဘယ်လောက်ရှိလဲ.း)

တီတီဝါ

တောင်ပေါ်သား said...

အမေ့ မောင်သံလွင် လိုချင်တာတွေကလဲ မနဲပါလား အားလုံးက ဈေးကြီးမယ် ထင်တယ်နော့်

chanye` said...

ဓာတ်ပုံတွေကြည့်ပြီး သရေကျနေပြီ :(
တယ်လေ... ဒီဇင်ဘာလကျမှ ငါ့မလဲ ဘက်ဂျက်တော်တော်ထိနေတယ် :'(

Anonymous said...

နာရီနဲ့  ပိုက်ဆံအိတ်လေး သဘောကျတယ်ကွာ မစားရ အညှော်ခံး(

ဖိုးဂျယ် said...

အကိုကို မွေးနေ့လက်ဆောင်ပေးမလို.လား
အေးကွာ ညီကျေးဇူးပါပဲ။ ကြိုက်တတ်ပါ့ကွာ

Anonymous said...

အော်.... ကိုယ့်ဆရာကသိပ်ပြီး အကောင်း မကြိုက်ရှာဘူးနော်။ အဟေးဟေး ပုံတွေကြည့်
ပြီး သရေကျသွားတယ်ဗျာ ဒါမျိုးတွေက အိမ့်လို
လူမျိုးအတွက် တကယ်တော့ အိမ်မက်ထဲတောင် ထည့်မက်နိုင်တဲ့ အဆင့်
တောင်မရှိပါဘူးဗျာ။
ရေးရင်းနဲ့ ငိုတောင်ငိုချင်လာပြီဗျာ အဟင့်ဟင့်

ဇင်ယော် said...

ဟိုက်ရှားဘား တကယ့်Branded တွေချည်းပါလား။ အောင်မငီး နာတို့ များ သိတောင်မသိဘူးဟ။ ခုရေးပြလို့ သာ တွေ.ရတာ။ စေတနာ သဒါတရား ထက်သန်စွာဖြင့် လာရောက်လှူဒါန်းခြင်ပါသော်ငြား ကိုယ်ကိုတိုင်တောင် အနားမသီနိုင်တာကြောင့် အမောင်သံလွင်ရေ လာလှူတဲ့သူရှိရင် နာ့ကိုလည်း မစပါဦးဟ။

Dream said...

ဒါတွေရရင် တော်ပီလား... ၀ယ်ပေးမယ်နော်...
လိမ်လိမ်မာမာနော်.... လူကြီးစကား နားထောင်...

ဒါဆို ၀ယ်ပေးမယ် သိလား... ဟတ်ဟတ်...
:P

Anonymous said...

အကောင်းစားတွေချည့်ပဲ ညီရေ
ပိုက်ဆံအိတ်နဲ့ မျက်မှန်ကို သဘောကျနေတယ်
အခုလို ၀င်းဒိုးရှော့ပင်းကို ထပ်ဆင့် ဘလောက်ဝင်းဒိုးရှော့ပင်း ထပ်လုပ်ပေးထားတာကို အထူးကျေးဇူးတင်တယ်ညီလေးရေ ... ။

ခင်မင်စွာဖြင့်