September 15, 2009

အသည်းကွဲ ဘလော့ဂါ

ဖိုးလမင်းက
ဝိုင်းဝိုင်းစက်စက်သာ
ကြယ်ဖြူစင် နဲ့ ကြယ်ပြာတွေက
မှိတ်တုတ်မှိတ်တုတ်...
Random အလိုက်ပေါ်လာတဲ့
ခေါင်းထဲမှာတော့
အော်ဂလီဆန်စရာ
ပေါက်ကရအတွေး
တွေ
မဟုတ်လောက်ပေမဲ့
ဟိုးသင်္ကြန်အလွန်က
အမှတ်တရလေးများကိုပေါ့...

မေကို ချစ်တယ်လို့
ဖွင့်ပြောခဲ့တာ
ကဆုန်လဆန်းလောက်ဆိုလျှင်
မမှားပါဘူး...
အိမ်အပြင်မှာ ဂျုလိုင်လလို
ဝသန်မိုးကသည်းသည်းမဲမဲရွာတုန်း
ကိုယ့်အိမ်မက်ထဲမှာလည်း
အချစ်တွေဟာလည်း လန်းဆန်းနေတယ်
လှပတဲ့အချစ်ပန်းလေးတွေကို
မငြိုးနွမ်းစေဖို့
မိုးခါးတွေတော့မရွာချလိုက်ပါနဲ့...

တောမှာမွေးတဲ့ကျုပ်ကိုသူမ
ခေါ်တာက ရွာသားလေး
မေမွေးတဲ့ရုပ်ကိုသူ
ပြောတာက ပုလုကာကွေး
သူမရဲ့ချစ်စနိုးအခေါ်တွေကို
သဘောကျကာ သတိရလို့
ဖုန်းဆက်အချစ်စကားပြောတိုင်း
ဘာတွေတုန်းလို့
စိမ်းစိမ်း ကားကား
မတုံ့ပြန်လိုက်ပါနဲ့...

ဖြူစင်တဲ့ကိုယ့်မေတ္တာအတွက်
ရောင်ပြန်တော့လိုချင်တယ်
စချစ်ကတည်းက
မေ နဲ့ ကိုယဆုံနိုင်ခွင့်နီးဖို့
အချစ်သက်သေ
ရေတမာပင်တွေ
အိမ်ရှေ့မှာ စိုက်ထားတာ
အခုဆို ပန်းတောင်ပွင့်ရော....

တောင်ပေါ်သားတစ်ယောက်နဲ့
ပြတ်သွားတဲ့ဇာတ်လမ်းကိုသိတော့
မိုးကုတ်သားက
အီစီကလီ လုပ်နေတုန်း
သီဟသတ္တိ အားသစ်မွေးပြီး
မေ့အချစ်ကိုရယူဖို့
ကြိုးစားနေတဲ့
ရန်ကုန်သားကကော
ဗီလိန်ကြီးဖြစ်နေပြီလား
တစ်ကယ်ဆိုရင်
မင်းကိုချစ်တဲ့သူဟာ ကိုယ်ပါ...

အခုလိုမျိုးဆောင်းညမှာ
မြူနှင်းတွေကဝေ
ရွက်ရော်တွေကကြွေ
ချမ်းလို့ရယ်ခိုက်ခိုက်တုန်
ရင်ဘတ်ထဲမှာ မိုးကြိုးတွေပစ်
ငါ့တိုင်းပြည်လေးထဲမှာ
ဘလောင်ဆူနေတဲ့ကြားထဲ
စိတ်ဖြေရာရဖို့
ဘေးမှာရှိနေတဲ့
အရက်ကိုမော့ချလိုက်တာ
အဆိပ်ခွက်နဲ့မှားသွားလို့
ဂန့်ရော...

စာကြွင်း... လွန်တာရှိ ဝန္တာမိပါဘုရား :) အချို့သောနာမည်များမှာ
ထည့်သွင်းဖို့ ခက်ခဲ၍ ကျနော်ဥာဏ်မမီသေးပါသဖြင့်နားလည်ပေးစေလိုပါ
သည်ခင်ဗျား။ အားလုံးပျော်ရွှင်ကြပါစေ။

23 comments:

Anonymous said...

လင့် ပါထည့်ပေးလိုက်ပေါ့

စိမ်း... said...

အို ဘာပဲ ပြောပြော နာ့နာမည်ပါတယ်ကွ... ဟား ဟား ကျေနပ်တယ် တို့ကတော့... အဟိ.. ကောင်းတယ် ပက်ပက်စက်စက်ကိုကောင်းတယ်

yangonthar said...

ဥာဏ်က မမှီသေးဘူးလားကိုသံလွင်ရ ဟဟ ဟိုဖက် ကမ်းတောင်လွန်နေပြီထင်ပါ့ တော်ချက် တင်္ခဏုပ္ပတ္တိဥာဏ်ဆိုတာ ဒါမျိုးဖြစ်မယ် ဟဟ သဘော ကျသဗျာ ပျော်ရွှင်ပါစေ
ခင်တဲ့
ရန်ကုန်သား :))))

Anonymous said...

တတ်လည်း တတ်နိုင်ပါပေ့ ကသံလွင်ရယ်

khin oo may said...

:D

Anonymous said...

အင်.... အိမ် ဆိုတဲ့ စာလုံး ၂ခါ၃ခါပါပြီး ကျုပ်လင့်ကျတော့ မချိတ်ထားဘူး ရပါတယ်..ရပါတယ်

Anonymous said...

အင်.... အိမ် ဆိုတဲ့ စာလုံး ၂ခါ၃ခါပါပြီး ကျုပ်လင့်ကျတော့ မချိတ်ထားဘူး ရပါတယ်..ရပါတယ်

WWKM said...

တော်ပါ့.
ခေါင်းပူသွားအောင် စဉ်းစားလိုက်ရသလား။း)

သီဟသစ် said...

သံလွင်မြစ်ထဲမှာ
ကိုယ်ဟီးရိုးလုပ်နေတာ
ချစ်သူသိချင်မှ
သိမှာပါလေ

:D

ခင်မင်စွာဖြင့်
သီဟသစ်

ကိုရင်နော်ခင်လေးငယ် said...

မိုက်ပါ့း)

တောင်ပေါ်သား said...

မောင်သံလွင် နင့်ကို လိုက်မမီဘူးဟေ့ တော်၏း)


လေးစားလျက်
တောင်ပေါ်သား

မိုးခါး said...

ဘယ်သူလဲကွ .. အဆိပ်ခွက် ကို အရက်ခွက်နား ထားသွားတာ :D:D

chanye` said...

ငါနှယ်..တကယ်များ အသဲကွဲတာလားလို့
ဒါတကယ်အသဲကွဲတဲ့လူကိုနောက်တာလား ဟင်..ဟွန်း

ပုံ့မေ said...

ဟဟ ဆရာဟီးရိုးတို့ တော်ချက်က ကမ်းကုန်တယ်။

နောက်ဆုံး အဆိပ်ခွက်ကြောင့် သက်ပါပျောက်၏။

:)

အဆိပ်ခွက်၏ ရက်စက်မှု...ဟိဟိ (ကြားရင် ထထုမယ်ထင်တယ် :P)

ဖိုးသင်္ကြန် said...

ဖွဟဲ့ လွဲပါစေဖယ်ပါစေ။
သားကို ဘာလို့ အသီးကွဲ လူစာရင်း သွင်းလိုက်ရတာတုံးဗျ။
ဒါနဲ့ ကိုယ့်နံမည်ကျတော့ ကိုယ်မထည့်ထားဘူးဆိုတော့...
ကြွားတာလားဗျ။

:P

Anonymous said...

အင်း တော်သေးတယ်နော် ညဏ်မှီသလောက် ဒီလောက်ဆိုလို့..... တော်လိုက်တဲ့ ကဗျာဆရာလေး။

သံလွင် HeRo said...

ကွန်မန်းပေးသွားတဲ့ မောင်နှမများအားလုံး
ကိုကျေးဇူးအထပ်တရာတင်ရှိပါတယ်။

ဦးအိမ်-စိတ်ကြီးပဲဗျ.လင့်ခ်ချိတ်ထားပါတယ်
တီဝါ-ပူတော့ပူသွားတယ်ဗျ ည ၇ နာရီကရေးတာ ၁၀ နာရီခွဲ လောက်မှပြီးတယ်...
ဒါတောင်ဟိုပြင်ဒီပြင်လုပ်တုန်း
ကိုချမ်းရဲ-တိုက်ဆိုင်သွားလို့ တွေ.ပုချိ ဟဲဟဲ
ကိုဖန်-အဲဒီထဲက ကိုယ်ဆိုတာက ကျနော်လေ
နောက်တစ်ခေါက်ကျရင်
အသည်းမကွဲခိုင်းပါဘူး...နောက်တစ်မျိုးပေါ့ဗျာ
:P

ရေတမာ said...

ဟဲ ခုမှတွေ့လို့ အနော့နာမည်ပါလား. အသဲကွဲတဲ့ စာရင်းထဲ ထည့်ထားတယ်လား. တော်ချက်

Eduking said...

နင် ငါ့နာမည်ကျ ထည့်မရဝူး မဟုတ်လား.. ဟက်ဟက် (း

ဆောင်းနှင်းရွက် said...

ကိုသီဟသစ် ပေးထားတဲ့
comment လေးကို
နဲနဲ ပြင်ပေးမယ် ..။

ဦးရှင်ကြီးကို
တိုင်တည်ပြီး
သံလွင်မြစ်ထဲမှာ
Hero လုပ်ရင်း
ဝေလငါးကြီး
ရနိုး ၊ ရနိုး နဲ့
မျှားလိုက်တာ
မိုး ကို လင်း ရော ...

Angel Shaper said...

တော်လိုက်တာ ဟီးရိုးကြီးရေ........

Unknown said...

ရေးထားတာ အရမ်းကောင်းတယ်နော်... ရီလဲရီရတယ်...

Anonymous said...

အသည်းကွဲဘလော့ဂါများရဲ့အလွမ်းလေးတွေကပဲ
ဖတ်လို့ကောင်းနေပါတယ်။များလည်းများတယ်။
ငြိမ်းစိုးဦး