September 17, 2009

"ONE YEAR ANNIVERSARY "

အားလုံးမဂ်လာအပေါင်းနဲ့ခါးညောင်းကျပါစေ...
ဒီနေ့ဟာ( ၁၇.စက်တင်ဘာ.၂၀၀၉ ရက်နေ့)ကျနော့်ရဲ့
သံလွင်ဟီးရိုးဘလော့ကို တရားဝင်အင်တာနက်မှာ
တင်ခဲ့တာတစ်နှစ်ပြည့်ဖြစ်တဲ့အတွက် ပေါက်ကရ
အတွေးတွေနဲ့ရှင်သန်နေတဲ့ ဘလော့ဂါပေါက်စရဲ့တစ်နှစ်ပြည့်
မွေးနေ့မဂ်လာဆိုလည်း မမှားပါဘူး။

သံလွင်ဟီးရိုးဘလော့ကို မရေးခင်စာဖတ်သူအနေနဲ့ ၆ လလောက်
ကြာခဲ့ပါသေးတယ်။ ဟိုဘလော့ကိုသွား သွားအော်လိုက်
ဒီဘလော့ကိုလာပြီး မန့်လိုက်နဲ့ ဘလော့ရောဂါဟာ မထင်မှတ်ပဲ
စွဲလန်းလာခဲ့ပါ။ စီဗုံးလေးတွေမှာအော်လိုက် ကွန်မန့်တွေပေးလိုက်
လုပ်တော့ ဘလော့ဂါတွေရဲ့မမြင်နိုင်တဲ့သံယောဇဉ်တွေနဲ့
ကျနော့်ကို ရစ်ဖွဲ.ခဲ့တယ်။ သူတို့တွေရဲ့နွေးထွေးမှုကိုမြင်လာတယ်။
စာပေကိုချစ်တဲ့ကျနော်ဘလော့ဂါတွေကို ပိုပြီးလေးစားလာမိတယ်။

တစ်နေ့တော့ မနိုင်းနိုင်းစနေဘလော့ကနေ ဟိုလည်ဒီလည်
ရင်းနဲ့ ကိုမောင်မျိုး ဘလော့ကိုရောက်တယ်။
သူ့ရဲ့အရှိကိုအရှိတိုင်းဖေါ်ပြပြီး ရိုးရှင်းလှတဲ့
ပို့စ်တွေကိုနှစ်သက်မိတယ်။ လူတိုင်းနဲ့ရင်းရင်းနီးနီး
ဆက်ဆံတက်တော့သူ့ကိုလူတိုင်းကလည်း ခင်မင်ကြတယ်။
ဒီလိုနဲ့ကျနော်နဲ့လည်းမထင်မှတ်ပဲခင်ခွင့်ရရင်းအော်လိုင်းမှာ
ချက်ဖြစ်တယ်။

ကျနော်စာရေးချင်တဲ့အကြောင်းကိုပြောမိတော့ မြန်မာစာ
မရိုက်တတ်တဲ့ကျနော့်ကို ကြိုးစားပြီးရိုက်ဖို့ စိတ်ရှည်သည်းခံပြီး
လေ့ကျင့်ဖို့အရင်ထရေနင်အနေနဲ့ မြန်မာလိုတွေကိုစမ်းရိုက်စေ
ခဲ့တယ်။ များမကြာမီပဲ ကျနော်ဂျီတိုက်လွန်းအားကြီးလို့
သံလွင်ဟီးရိုးဆိုတဲ့ဘလော့တစ်ခုကို ဘလော့စပေါ့မှာဖွင့်ပေးပြီး
အစစ မအားတဲ့ကြားကအရာရာလမ်းညွှန်ပေးခဲ့ပါတယ်။
အဲဒီတုန်းကကိုမောင်မျိုးက ချင်းမိုင်မှာပဲရှိသေးတယ်။ အခုတော့
အမေနဲ့ရွာကိုလွမ်းလို့ဆိုပြီး ကျိုက်ထိုပြန်သွားတာကြာပါပြီ။
ထို့ကြောင့် ကျနော့်ရဲ့လက်ဦးဘလော့ဆရာဆိုမမှားသလို
ကျေးဇူးတင်ထိုက်သူဖြစ်တဲ့ ကိုမောင်မျိုးကို ဒီကပဲ ကန်တော့
လိုက်ပါတယ်။ ကိုမောင်မျိုး အစစ အရာရာအဆင်ပြေပြီး
တိုးတက်အောင်မြင်ပါစေ လို့လဲဆုတောင်းလိုက်ပါတယ်ဗျ။

အခုဆိုရင်ကျနော့်မှာ ခင်မင်ရတဲ့ဘလော့မောင်နှမတွေ
အတော်ကိုများလာပါပြီ။ စာပေချစ်သူအချင်းချင်း
ဆုံရတော့အရမ်းကိုပျော်ရွှင်မိပါတယ်။ ကျနော့်ကို ပြင်သင့်တာ
ရှိရင်ပြင်၊လိုအပ်တာတွေကိုလည်း ညီ၊မောင်၊သူငယ်ချင်း၊
အစ်ကို တစ်ယောက်လိုပြောဆို ဆုံးမ ခင်နိုင်မင်နိုင်ပါတယ်။
သတိတရနဲ့လာလည်ပြီးစီဗုံးမှာအော်ကြ၊ ကွန်မန်းပေးကြ၊
အချိန်ပေးပြီးကျနော့်အိမ်လေးကိုလာလာလည်ကြတဲ့
ညီအစ်ကို၊မောင်နှမအားလုံးကိုလည်း ကျေးဇူးအထူး
တင်ရှိကြောင်းပြောကြားရင်း အောက်မှာအကျွေးမွေးအစီစဉ်ကို
ပျော်ပျော်ပါးပါးကြီးသုံးဆောင်တော်မူကြပါကြောင်း...
ဖြောင်းဖြောင်းဖြောင်း...
(စကားရှည်နေလို့ လေကြောဖြတ်လိုက်တာ ဒါမှ
မြန်မြန်စားရမှာ...ဟီဟီး)

ညီကို၊မောင်နှမများအားလုံးအခုဆိုရင် အားရပါးရသုံးဆောင်နိုင်ပါပြီ။
ကျန်းမာရေးနဲ့ညီညွတ်စေရန်အတွက် Japanese Food တွေကို
ဂျပန်မှ စဖိုမှူးကြီးများကို ဖိတ်ကြား၍ သီးသန့်ချက်ခိုင်းထားပါတယ်။
လူမျိုးမရွေးဘာသာမရွေးသုံးဆောင်နိုင်ဖို့စီစဉ်ထားတဲ့အတွက်
စိတ်ချလက်ချ စားသုံးနိုင်ပါတယ်။
နည်းတယ်လို့တော့မထင်ကြပါနဲ့...တစ်ယောက်စာကို
နမူနာအနေနဲ့ပြထားတာပါ။ကြိုက်သလောက် မှာယူနိုင်ပါတယ်။
လုံးဝအားမနာစတမ်းဗျို့။


ဒီနေ့မှဖမ်းလာတဲ့အတွက်လတ်လတ်ဆတ်ဆတ် Sashimi



ဒါက normal chawanmushi (cheese ပါတာ
လည်းရှိတယ်)



တစ်ယောက်ကိုနှစ်ကောင်ကျ Soft shell crab
နဲ့ Edamame



Yaki Tori



ထမင်းမစားရရင်မတင်းတိမ်ဘူးဆိုသူတွေအတွက်
Unagi Rice




ဒါကတော့အကုန်လုံးအတွက် Makimono and Sushi



Hand Rolls (စိတ်ကြိုက်လိပ်ခိုင်းပါ။)



Tempura Mori (ပုစွန်ပဲစားချင်ရင် သီးသန့်မှာပါ)



Shiitake (ဂျပန်ကခူးလာတဲ့ မှို)



Baby Octopus



ပူပူနွေးနွေး Miso Soup



Kimchi



Shishamo (ဗိုက်ထဲမှာဥတွေရှိတယ်)



Sushi



Green Salad


အအေးမသောက်ချင်သူတွေအတွက်
Japanese Green Tea



အီသွားရင်တော့ Juice တွေရှိတယ်



နောင်တော်တွေအတွက် Asahi Beer


ခပ်ပြင်းပြင်းကြိုက်သူတွေအတွက်
Sake




အချဉ်အတွက်ကတော့
wasabi, radish+Tempura Sauce,
shoyu, pickled ginger,
Teriyaki Sauce

ယနေ့ကြွလာမိတ်သဟာ ချမ်းသာကိုယ်စိတ်မြဲပါစေ။

24 comments:

ဖိုးသင်္ကြန် said...

နှုတ်ဆက်စကား နောက်မှပြောမယ်
ခုအရင် မျက်လုံးနဲ့ သောက်လိုက် (အဲလေ) စားလိုက်ဦးမယ်။
Congrat:!!

khin oo may said...

happy anniversary !

ပုံ့မေ said...

ဟေးဟေး... နာကွ...ပထမဆုံးရောက်လာတာ.... အကုန်တီးသွားတယ်.......ဂျပန်စာဆို ကြိုက်မှကြိုက်...

နောက်လာတဲ့သူတွေ တနားတယ်...

:DDD

စိမ်း... said...

Happy Anniversary ပါ...
ယနေ့မှစ နှစ်ပေါင်းများစွာ တို့များနဲ့အတူ ရွပ်ရွပ်ချွံချွံ ဆက်လက်ပေါနိုင်ပါစေ... အဟိ....
တကယ်စားရရင်ကောင်းမယ် အဲ့လောက်အများကြီး မမျှော်လင့်ပါဘူး.. ပင်နီဆူလာမှာ အသုတ်တစ်ပွဲဆိုတော်ပြီ... :P

ကောင်းကင်ပြာ said...

happy anniversary ပါ သံလွင်ရေ၊ အမလဲ ဆူရှီ ကြိုက်တယ်း)

Waing said...

အရမ်းကောင်းတဲ့ ဘလော့တစ်နှစ်ပြည့်အစီအစဉ်လေးပဲ။ တစ်နှစ်ပြည့်ကနေ နောက်နှစ်ပေါင်းများစွာ ပို့စ်တွေဆက်လက်တင်ဆက် ရေးသားနိုင်ပါစေ ကိုသံလွင်ရဲ့ ဘလော့လေး အဓွန့်ရှည် တည်တံ့ပါစေ
ခင်လျက်
ဝိုင်း

ကြည် said...

အားလုံးစားသွားပါတယ်...happy anniversary ပါ သံလွင်HERO.....

Anonymous said...

ဘလော့တစ်နှစ်ပြည့်..ကျွေးတာကို..
အဝစားသွားတယ်နော်..း)

နဒီမိုးညို။

မိုးခါး said...

ဖြောင်း ဖြောင်း ဖြောင်း
စကားဖြတ်တာလေ
အစားစားရအောင်လို့ :P

စာတွေ ဒီထက်ပို ရေးနိုင်ပါစေး)

WWKM said...

ဟမ်း ဆာရှိမိ မြင်ကတည်းက သွားရည်ကျသွားတာ။
ဆူရှီအလည် တန်ပူရာ အဆုံး အူနာဂိ ပါမကျန် မစားရ
ဝခမမ်း သွားရည်ကျသွားပြီ။ ညနေကျရင် ထွက်စားမယ်။
း))))))))))
ဘလော့ဂ်လေး တစ်နှစ်ပြည့်မှသည် နောင်နှစ်ပေါင်းများ
စွာ ပျော်ရွှင်သည်အထိ ဘလော့ဂင်နိုင်ပါစေ။

ဦးဥာဏ်+တီဝါ
သမီးလေး ခိုင်
မိသားစု
(ခေတ္တ - ဂျပန်)

နိုင်းနိုင်းစနေ said...

တစ်နှစ်မှသည် နောင်နှစ်ပေါင်းများစွာထိ...

ဂျပန်အစားအစာကို ကြိုက်တယ်
ဒါပေမယ့် ဘလော့မှာတင်ပြတာကို မကြိုက်ဘူး
အပြင်မှာ ဆုံခဲ့ရင် အဝကျွေးပါ...

:)

sait phay yar said...

အသားကုန်မြို အဲလေ စားသောက်သွားတယ်
အဲ ပျော်ရွင်စွာဆက်လက်ဘလော့နိုင်ပါစေ တူတော်မောင်ရေ...

တောင်ပေါ်သား said...

ညီရေ တနှစ်ပြည့်မှသည် နောင်နှစ်ပေါင်းများစွာ ဆက်လက်ပြီး စာပေကောင်းများ ဖြန့်ဝေနိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးပါတယ်။း) ထာဝရ ပျော်ရွှင်ပါစေ


လေးစားလျက်
တောင်ပေါ်သား

Mogok Thar said...

သံလွင်ဟီးရိုးအင်းးး
အဲလေ သံလွင် ဟီးရိုးး..... အင်း တစ်နှစ်ပြည့်သွားပြီကိုးး။
မဖိတ်လဲ ဘလော့လေး တစ်နှစ်ပြည့် မွေးနေ့မှာ လာရောက်သောက်စား မူးသွား (အဲလေ) ဆုတောင်းပေးသွားပါတယ်။
ဆက်လက်ပြီး စာကောင်းပေကောင်းတွေ ရေးသားကာ ချစ်သော စာပေ အနုပညာအကျိုး ဆထက်ထမ်းပိုး ဆောင်ရွက်နိုင်ပါစေ ခင်ဗျားး။

ချစ်ခင်စွာဖြင့်

ဝေလေး said...

တစ်နှစ်တောင်ပြည့်သွားပြီ သိပ်မကြာလိုက်သလိုပဲနော် အစ်ကိုမောင်မျိုးဆီမှာ လာလာအော်နေလို့ လည်ရင်းပတ်ရင်း သိခဲ့တာထင်တယ်.. :P
စားစရာတွေ တစ်ဝကြီး တင်ထားပေးလို့ ရှဲရှဲ =)
တစ်နှစ်ပြည့်မှ နောက်ထပ် နောက်ထပ် ဆက်၍ သွားနိုင်ပါစေ မောင်လေးရေ။

Dream said...

ဝါးးးးးးးးးးး ဒီကိုလာတာ ဗိုက်ဆာနေတာနဲ့ အတော်ပဲ... ကြုံတုန်း မွေးနေ့ပါတီပွဲ နဲ့တိုးလို့ အ၀ကို ဆွဲသွားတယ်။. ဟီးးးးး


တနှစ်မှသည်နောင်နှစ်ပေါင်းများစွာတိုင် သံလွင်ရဲ့ သူရဲကောင်းလေး ထာဝရ တည်တံနိုင်ပါစေ။....

ခင်တဲ့
မက်မက်

yangonthar said...

အဲ စားစရာသောက်စရာ တွေက တစ်ခုမှ မမြင် ဖူးပါလား ဟရို့ နည်းနည်းစီမြည်းမှတန်ကာကျ မယ် ဘယ်လိုလေးတွေလဲ သိဝူးနော် စားတော့ စားချင်စရာတွေ ဟဲဟဲ သုံးပန်းကန်လောက်နှိုက်ပြီးမှ စားချင်စရာတွေ လုပ်တာဟုတ်ပါဘူး တကယ် စားကောင်းပါတယ် ဘီယာနည်းနည်း အပြင်းပါလေရံ နောက် လစ်ပြီ တော်ကြာ ခေါင်းစိုက်နေမှ ဖြင့်ခက်မယ် ..... ကိုသံလွင်ရေ လစ်ပြီဗျို့  ...... ဟာ .... ဆုတောင်းဖို့ မေ့သွားပြီ .... တော်တော် သိတတ်တဲ့ မိတ်ဆွေ ပါလား ...

:)))) တစ်နှစ်ပြည့်မှသည် နောင် နှစ်ပေါင်း များစွာဆီသို့ ....... ဘလော့လေးတည်ပါစေ ဗျာ ကျေးဇူးပါ ဧည့်ခံတဲ့အတွက်
ပျော်ရွှင်ပါစေ
ခင်မင်လျှက်
ရန်ကုန်သား :))))

ဖိုးဂျယ် said...

အိုး ပျော်ရွှင်စရာ ဘလော့ မွေးနေ့လေးပါ ညီဝေးရေ
နောင်နှစ်ပေါင်းများစွာ စာတွေ ဆက်လက်ရေးသားနိုင်ပါစေ

ငပေါဂေဟာမှာလဲ ရေးသားနိုင်ပါစေဗျာ

ခင်တဲ့ ဖိုးဂျယ်

သီဟသစ် said...

ညီသံလွင်ရေ

ပျော်စရာ အမှတ်တရလေးပါကွယ်
ပုံတွေကြည့်ရတာ အကို့ဘလော့ထဲက ကာတွန်းလေးလိုပါပဲကွယ်

:D

ကြယ်ကလေးချစ်သူ said...

အားလုံးကြိုက်တယ်။ လာစားတယ်။ ဘလော့အသစ်ပါ။ လာလည်မယ်လို့ မျှော်လင့်ပါတယ်။

ဆောင်းနှင်းရွက် said...

နာ နောက်ဆုံးမှ
လာလည်လို့ ဘာမှမရှိတော့ဘူးးးး
အဲ့တော့ ...
အပြင်မှာ နောက်တစ်ခါ တွေ့ရင်
ဝယ်ကျွေးရမယ် ...
ဒါဗြဲ .......!

နိုင်နိုင် said...

နောက်ဆုံးမရှိတဲ့ဘဝထဲမှာ
နောက်ကျမှရောက်လာသူ
အကြွင်းအကျန်ပေမဲ့
မကျုံဖူးတဲ့သူအတွက်
တန်ဖိုးကြီးလွန်းပါတယ်
ဘာမှမသိသေးသူကျနော်က
တနှစ်ပြည့်သွားသူတစ်ဦးကို
လေးစားအားကျမိပါတယ်
စာကောင်းပေမွန်တွေကိုလဲ
ဆထက်တပိုးတိုးလို့ရေးသားနိုင်ပါစေ
ဘာမှမသိသေးတဲ့ နိုင်နိုင်

ဝက်ဝံလေး said...

ရှလွတ် ဂလု ဟီးးးး စားသွားတယ်သိလား ဟီးရိုးအင်း အဲ ဟီးရိုးကြီးရေ ဟိဟိ

ဘိုင် တာ့တာ

Anonymous said...

၁နှစ်ပြည့်ပြီလား.. အေးဗျာ.. နောင်နှစ်ပေါင်းများစွာ အလခုလိုပဲ မျက်စေ့နောက်အောင် ရေးနိုင်ပါစေဗျာ.. အဟီးဟီး..။