September 24, 2009

ဒီနေ့ နဲ့ ကိုယ့်လူ

ဒီနေ့...
အချိန်က ၂နှစ်နဲ့သုံးလရှိခဲ့ပြီ
သောင်တင်နေတဲ့ စလုံးကျွန်းမှာ
အနောက်ကိုလှည့်ပြန်တွေးကြည့်တော့
ပျက်သုဉ်းခဲ့တဲ့ နာရီတွေထဲ
ဘဝတွေက စုတ်ချာနေခဲ့တယ်
လူတစ်လုံးလုံးမဖြစ်သေးပေမဲ့
အရာဝင်အောင် ထုဆစ်နေရင်း
နှောင်းခဲ့တဲ့ အရာတစ်ချို့ကို
နှမျောတသ မနေတော့ပဲ
ကိုယ့်ကိုယ်ကိုယ်စီစစ်လိုက်ရင်
ပိုင်ဆိုင်ပြီးတာလေးဆိုလို့ ဒီပလိုမာတစ်ခုတည်းရယ်...

ကိုယ့်လူ...
အတ္တတွေခါချ မာနတွေလဲပြို
အညှိုးတွေကြီးစိုး အမုန်းတွေတိုး
ဒဏ်ရာတွေဖုံးဖိ၊ အပြုံးတုတွေပိ
စာရွက်ဖြူပေါ် စွန်းသက်နေတဲ့
ထိုထိုအမည်းစက်တွေကို
ကော်ရယ်ရှင်ပန်နဲ့ဖျက်ဖို့ ကြိုးစားရင်း
ဓားသွားထက်ရှမဲ့လမ်းကိုရွေးခဲ့တော့
သွေးမထွက်ပဲဖြတ်ဖို့တာဝန်ရှိလာပြီပေါ့...

ဒီနေ့...
မြတ်သောဇာနည်တွေ
လမ်းပေါ်ထွက်ရင်း
ကြင်နာမှုတွေပေးပေမဲ့
နားမလည်တဲ့ အယုတ်တမာတွေကြောင့်
ရင်ထဲကအမုန်းတွေ အန်ထွက်ခဲ့ပြီ...
ဒီတစ်ခါဟဲ့ ဒီတစ်ကြိမ်
အပြီးပြတ်နွှဲပေမဲ့
လိုက်မလာတဲ့ တို့လူတွေ
ကြောက်လို့တော့ရမလားကွဲ.
ငါ့နှယ်...သူရဲဘောကြောင်ကာ
စတေးခဲ့တဲ့သူတွေကိုမှ အားမနာပဲ
စလုံးကိုထွက်လာခဲ့တယ်
ရှက်ဖို့အတော်ကောင်းတယ်လေး...

ကိုယ့်လူ...
ချမ်းသာနဲ့ဆင်းရဲ အရမ်းကွာလှတဲ့ ဒီဘဝတွေထဲ
သာရေးကိုဦးစားပေးချင်ပေမဲ့ အနစ်နာတွေကြောင့်
ကိုယ်တွေ.မှာတော့ တော်တော်ဒုက္ခရောက်နေကြတယ်
စိတ်ဆန္ဒကောင်း မြတ်သောအကျင့်တွေ
မြဲမြန်စွာ ရင်မှာထွေးပိုက်ရင်း
ပါဆယ်တစ်ထုပ်လို
စေလေရာ ယူသွားကြပါတော့....

11 comments:

Waing said...

ဒီနေ့ ကိုယ့်လူ ချမ်းသာကိုယ်စိတ်မြဲပါစေနော်။

တောင်ပေါ်သား said...

ဘ၀မှာ ဖြစ်ချင်တာတွေအားလုံးဟာ ချက်ခြင်းကြီး မဖြစ်လာဘူး မောင်သံလွင်ရ. ခု ညီရောက်နေတာ ကောင်းမွန်ပြီး အောင်မြင်မဲ့ လမ်းခုလတ်လောက်မှာလေ ဆက်လျှောက်ကွာ အားပေးတယ်။


လေးစားလျက်
တောင်ပေါ်သား

ပုံ့မေ said...

မောင်လေးရေ ဒါကိုယ့်ကိုယ်ကို စီစစ်နိုင်တယ်ဆိုတာ လူတော်ပါ။ အားမလျော့နဲ့  ဇွဲ၊လုံ့ လ ကိုတောင်ပံတပ်၊ ပျံလိုက်စမ်းပါ ဟိုးအမြင့်ကို။ လမ်းခုလတ်မှာတော့ တောင်ပံညောင်းလို့  ဆက်မပျံနိုင်မလုပ်လိုက်ပါနဲ့ မောင်လေးရေ။

အခု စီစစ်နိုင်တယ်။ ဘယ်လို ဆက်ချီတက်မယ်ဆိုတာ မောင်လေး ယုံကြည်ချက်ရှိရှိနဲ့ ဆုံးဖြတ်နိုင်ပါစေ။

Anonymous said...

မောင်လေးရေ ... ကိုယ်တိုင်က ဘာမှမဖြစ်လာသေးပေမယ့် အနာဂတ်မှာတော့ သာယာတဲ့ လမ်းတလမ်းရှိနေမှာပါ။

yangonthar said...

အတ္တကို ဖြိုလှဲပြီး ပရနောက်ပါအောင် မလိုက် နိုင်သေးလို့  ကျွန်တော်တို့ တတွေ အာဇာနည် မမည်သေးဘူးထင်ပါရဲ့ ကိုသံလွင်ရေ ... ဖြစ်ချင် တာလုပ်ချင်တာတွေထက် လုပ်သင့်တာ ဖြစ်သင့် တာတေါကိုသာဦးစားပေးနေရတာ လူတိုင်းရဲ့ ဘဝလို့ ပဲဆိုရမယ်ထင်ရဲ့  ... ကဗျာ လေးကို အတွေးကောင်းကောင်းနဲ့ ရေးထားတာ ဖတ်ရတာ အရသာရှိလှတယ် .... ကိုသံလွင့် စကားလိုပဲ ချမ်းသာကိုယ်စိတ်မြဲပါစေ လို့  ဆုတောင်းလိုက်ပါတယ်ဗျာ....
လေးစားလျှက်
ရန်ကုန်သား :)

ဝသန်မိုး said...

သံလွင်တစ်ယောက်လည်း

ချမ်းအေးစွာ
သာ သာယာယာရှိပြီး
ကိုယ် လုပ်ချင်တာတွေလုပ်နိင်၍
စိတ် နှလုံးရွှင်ပြုံးပြီးသကာလ
မြဲ မြံစွာ တရားနှလုံးသွင်းလို့ 
ပါနိုင်သမျှ ကုသိုလ် အထုပ်လေးကို ထုပ်ပြီး
စေ လို ရာ ကို စေနိုင်ပါစေ

ရေးတော့ရေးလိုက်တယ်
ဒေါင်လိုက်နော် ဒေါင်လိုက်

ဝက်ဝံလေး said...

လာဖတ်သွားပါတယ် ချမ်းသာကိုယ်စိတ်မြဲပါစေ ဟီးရိုးအင်းရေ

ဘိုင် တာ့တာ

စာဖတ်နေတုံး go away တဲ့ ကဲ ငါ ဘာလုပ်ရမလဲ ဒီတော့ ငါလဲ ပြန်ပြီဟယ်

စိမ်း... said...

သြော် လိုတာမရ ရတာမလို...
ဖြစ်ချင်သလိုမဖြစ်ရ မဖြစ်ချင်တာတွေဖြစ်ရ...
အင်း.... အနတ္တ... အနတ္တ ဘာမှ အစိုးမရပါလားနော်...
တရားတောင် ပေါက်ချင်သလိုလိုပဲ... သူကလည်း စာကြီးစာကျယ်တွေရေးပြတယ်...
သာဓုပါတော်... ငယ်ငယ်ရွယ်ရွယ်နဲ့ လေးနက်တဲ့အတွေးအခေါ်ကို ဦးညွတ်သွားတယ်...

Angel Shaper said...

တော်လိုက်တာ ကိုဟီးရိုးကြီးရေ.........
ဟီးရိုးကြီးလဲ ချမ်းသာကိုယ်စိတ်မြဲပါစေဗျာ...........

emodoll said...

blog lay ko kyite loh lar arr pay nay tar kyar par p.. :) nout lal lar phat par own mel... u lal chan thar ko sate myal par say shin~~

"မင်းကိုချစ်တဲ့သူ" said...

သံလွန်... အမုန်းတုမှာ မရုံးနဲ့... ဘယ်ခရီးလမ်းမှ မဖြောင့်သန်းဝူး... ကြိုးစား... လက်ရှိအချိန်က အကောင်းဆုံးပဲတဲ့... အတိတ်က အရိပ်ကို မတွေးပဲ... အနာဂါတ်အရေးလှဖို့ ပစ္စုပ္ပန်ကို ကြိုးစား... ဓားသွားလမ်းဆိုလည်း မကြောက်နဲ့... ငါတို့အားလုံးရှိတယ်....