September 22, 2009

NP-MM Cultural Show 2009



တစ်နှစ်ထက်တစ်နှစ်ထူးခြားသောအစီစဉ်များဖြင့်တင်ဆက်လေ့ရှိတဲ့
Ngee Ann Polytechnic မှရွှေမြန်မာမောင်နှမများကလည်း
ယခုနှစ်၂၀၀၉မှာဖျော်ဖြေတင်ဆက်ဖို့အချိန်ကျရောက်လာပြီဖြစ်ပါတယ်။

NP MYANMAR CULTURAL SHOW 2009
လို့အမည်ပေးထားတဲ့ခြိမ့်ခြိမ့်သဲအောင်အပီနွှဲမဲ့ပွဲတော်ကြီးကို
ရွှေမြန်မာတို့စုဝေးရာပင်နီဆူးလားပလာဇာအနီး
မကြာမီဖော်မြူလာဝမ်းယှဉ်ပြိုင်မဲ့နေရာနဲ့ကပ်ရပ်
ဟိုးသင်္ကြန်အချိန်ကပျော်ခဲ့ကြတဲ့ပဒန်ကွင်းကြီးအနံဘေးရှိ
Victoria Theatre တွင်ကြီးကျယ်ခမ်းနားစွာ
တင်ဆက်ကပြဖျော်ဖြေကြမှာဖြစ်ပါတယ်။

နေ့ရက်အားဖြင့်နိုဝင်ဘာလ၂၁ရက်
အကုန်လုံးအားကြမဲ့စနေနေ့ဖြစ်ပြီး
အချိန်ခါသမယမှာ1pm-7pmဖြစ်တဲ့အတွက်
ရုံးပိတ်ရက်အတွင်းအိမ်တွင်ကောင်းကောင်းနှပ်ပြီးမှ
လာမည်ဆိုပါကလည်းအိပ်ရေးလည်းမပျက်
ပွဲလည်းမီနိုင်ပါတယ်။

လက်မှတ်တန်ဖိုးမှာလည်း၁၈၁၈နှစ်ကဒ်စာ
လျှော့ပြောရုံလောက်သာ-
၁၇ဒေါ်လာ,၁၅ဒေါ်လာ,၁၂ဒေါ်လာ အသီးသီးဖြစ်ပြီး
ညနေစာဖြင့်လည်းတည်ခင်းဧည့်ခံမည့်အတွက်
ပွဲလည်းကြည့်ရ ဝမ်းလည်းဝမှာပါ။

ဒါကြောင့်စလုံးမှရွှေညီကိုမောင်နှမများ
ပွဲကြီးပွဲကောင်းတစ်ခုကိုလက်လွတ်သွားသည်
မဖြစ်ရလေအောင်ကြိုတင်စီစဉ်မှုများ
ပြုလုပ်နိုင်ရန်အတွက်သံလွင်ဟီးရိုးဘလော့မှ
နေ၍သတင်းဦးသတင်းဖျားပေးလိုက်ရပါသည်။

လက်မှတ်များကို-
အာကာ-၈၃၈၈၂၇၃၆
ချမ်းငြိမ်းစိုး-၈၁၆၃၈၉၄၂တို့တွင်မှာကြားဝယ်ယူနိုင်သလို
main sponsor ဖြင့်ကူညီပံ့ပိုးပေးတဲ့
-ဧရာဝတီ Restaurant -Royal-Myanmar Tea Mix တို့နဲ့
co-sponsor များဖြစ်တဲ့
-သပြေနု
-Sin-myanmar
-Lighting moon pte,ltd.
-သီရီဆံပင်အလှပြုပြင်ရေးခန်းမတို့တွင်လည်းကောင်း
ကျနော်သံလွင်ဟီးရိုးဆီသို့အီးမေးပို့၍သော်လည်းကောင်း
ဆက်သွယ်ဝယ်ယူနိုင်ပါကြောင်းသတင်းကောင်းပါးလိုက်ပါသည်။



အထူးအစီစဉ်-သံလွင်ဟီးရိုးဖြင့်ပွဲကြည့်လိုသူများ
အမြန်ဆုံးလက်မှတ်ဝယ်ယူစာရင်းပေးနိုင်ပါပြီ။
လူဦးရေကန့်သတ်ထားပါသဖြင့်ဦးရာလူစနစ်ဖြင့်
စတင်ရောင်းချပေးနေပါပြီ :P ...ဒူ...ဝေ...ဝေ...

11 comments:

khin oo may said...

ညနေစာ ဘာကျွေးမလဲဆိုတာရယိဘိုက်ဝမဝ ဆိုတာရယ်. သံလှုင် ဟီးရိုးက ဘယ်နေရာက ပါဝင်မလဲဆိုတာရယ်။ သိဘို့လိုအပ်တယ။်

ဆောင်းနှင်းရွက် said...

အရင်စိုက်ထားနှင့်လိုက်ပါ နော် ..
နောက် ကြုံတဲ့တွေ့တဲ့ နေ့
သတိရတော့ ပြန်ပေးမယ် ..
မေ့သွားရင်တော့
မတတ်နိုင်ဘူးကွယ် ..>>>

Yu Ya said...

ကိုသံလွင်ဟီးရိုးနဲ့ အတူကြည့်ရင် ကံစမ်းမဲ ရမှာလားခင်ဗျာ.. :P

yu ya

သံလွင် HeRo said...

တီကွန်ရေ ကျနော်က အန်ပီကမဟုတ်
ပါဘူး...သယ်ရင်းတွေတော်တော်များများရှိလို့
သူတို့ကမဲ့ပွဲအတွက်ကြေငြာဝင်ပေးတာပါ။
ဘာကျွေးမလဲဆိုတော့ ကျနော်မေးကြည့်လိုက်
အုံးမယ်...တီကွန်လာအားပေးရမယ်နော်...
အင်းပါတယ်...ဒေါ်ဆောင်းနှင်းရွက်
လာကြည့်ပါ...တကယ်ပြောတာ ရှေ့အရင်နှစ်
တွေကနဲ့မတူပဲ ထူးထူးခြားခြားတွေအများကြီးပါ
တယ်...ဒီနှစ်ကတစ်ကယ့်ရှယ်ပွဲတဲ့
ကိုယုယရေ..ကျနော်ကြားသလောက်တော့
ကံစမ်းမဲအစီစဉ်တွေလဲပါတယ်ပြောတယ်
ပထမဆုကတော့ ဘာဖြစ်မယ်တော့မသိသေး
ဘူး...မြန်မာပြည်ကိုလွမ်းနေတာတွေပြောက်
သွားအောင် အပျင်းလည်းပြေလာကြည့်
ပါလားဗျ

Zayar Phyo said...

ဟုတ်ကဲ့.. ကျွန်တော်က ဒီပွဲရဲ့ စီစဉ်သူတစ်ယောက်ပါ..

ကျွေးမှာကတော့.. လုံးဝ ဗိုက်ဝမယ့်.. ညနေစာ ထမင်း(အများတကာပွဲနဲ့ မတူစေရပါဘူး)နဲ့ ဧည့်ခံတည်ခင်းမှာပါ..။

Angel Shaper said...

ကိုဟီးရိုးနဲ့ လိုက်ကြည့်ရင် ကောင်းမယ်။ လက်မှတ်ဝယ်ထားလေနော်။ လက်မှတ်ဖိုးကို တလနွန်၊ ရေတမာ၊ မမေလေး၊ မက်မက် ကြိုက်တဲ့သူဆီတောင်းလိုက် ပေးလိမ့်မယ်။ အိမ်ဂျယ့်အတွက် တစ်စောင် VIP တန်း ရှင်းရှင်းလင်းလင်း အကုန် မြင်ရသော မြင်ကွင်းနေရာလိုချင်သည်။ ဟိဟိ
( ပြပွဲကိုပြောတာနော်၊ တလွဲမတွေးရ)

တောင်ပေါ်သား said...

ဝေးးးးးး ပျော်ရွှင်စရာပေါ့
နင်နဲ့ လိုက်ကြည့်မယ်ဆို ပိုက်ဆံ ကုန်ဘူးလား
ဒါဆို လိုက်မယ်လေ အဟေးဟေးးး


လေးစားလျက်
တောင်ပေါ်သား

စိမ်း... said...

အားမအား အရင်ကြည့်ရဦးမယ်ဟ... ကံစမ်းမဲနော် သကြားလုံးတို့ တစ်သျှူးတို့တော့ မလုပ်နဲ့ ဟင်း ဟင်း ...

မဆုမွန် said...

လာကြည့်ချင်လိုက်တာနော်..:(

emodoll said...

lolz... NP website mhar htat tg po lann tel.. kyaw nyar htar tar... XD

သံလွင် HeRo said...

တိုတို ထိုးထားပြီးပြီ...ပေါက်ရင်တော့
ဘယ်ပြောကောင်းမလဲဗျ
...အန်ပီပွဲတစ်ကဒ်တွေကို
ဒီကဘလော့မောင်နှမတွေအတွက်စပါယ်ရှယ်
တန်းကနေပြီးတော့ တစ်ယောက်တစ်စောင်စီ
ဆက်ဆောင်ပေးမယ်...ဒါတင်မက ရန်ကုန်ကို အသွားပြန် စရိတ်ငြိမ်း
ခေါ်သွားမယ်ဗျာ...
အားဖို့သာလုပ်ထားကြပေတော့ဗျို့ :)