September 21, 2009

Ubin ခရီးသည်

သဘာဝအလှ ပြည့်ကြွယ်ဝ၍
ရေမြေရှုခင်း လျှောက်ကြည့်ရင်း
ပင်လယ်စာစုံ အုံးစိမ်းရည်ကောင်း
ကြားဖူးနားဝ ဤစကားအထုံထုံဖြင့်
ဒီခရီး ဒီတောကို
စလုံးအငွေ.သက်ကင်းဝေးစွာဖြင့်
ဘုတ်ကလေးကိုစီး ကျော်ကာဖြတ်လို့
ခေတ်မီတိုက်တာ အိမ်ရာများနဲ့
ဝေးကွာလွန်မြောက် ခရီးရောက်ခဲ့ပြီ
Paula Ubin ကျွန်းကလေးဆီ...

အားလုံးရဲ့ရူပကာမှာ သန့်သန့်ပြန်ပြန့်
အားအင်တွေအပြည့်နဲ့ တက်တက်ကြွကြွ
အပြုံးမျက်နှာလေးတွေနဲ့ လန်းလန်းဆန်းဆန်း
ကျည်စယ်နောက်ပြောင် ပျော်ပျော်ရွှင်ရွှင်
ဗိုက်ကလေးတွေကိုယ်စီဖြည့်ကာ
ကျွန်းကလေးပေါ်ရောက်
ကျနော်တို့မှာ မျောက်မူးလဲများပါမာ
ခုံပေါက်ပြေးလွှား စက်ဘိန်းငှားကြသည်
ဒုက္ခအထွေထွေကို မသိသေးကြ၍လော...

နှစ်ယောက်စီးတစ်ဘိန်း စီးကြရာဝယ်
စားနှပ်ရိက္ခာ နောက်ကခြင်းတောင်းထဲမှာအပြည့်
သယ်ရင်းတစ်ထမ်း ကျမတစ်ရွက်ဆိုသလို
နှစ်ယောက်ကိုယ်စီ ဇွဲမာန်ချီလျက်
မ.မှုလှတောင်ကုန်း ဆင်းတောင်များနဲ့
အစခရီး မောပန်းရကောင်းမှန်းမသိ
ဖြောင့်ဖြူးသာယာ အေးချမ်းစွာဖြင့်
တောင်ထွဋ်ဖျားတစ်ခုကို ရောက်ခြေပြီ...

အရှေ့ကိုဖြင့် လှမ်းမျှော်လိုက်လျှင်
မိုးမြင့်အဆောက်အုံတွေနဲ့ စလုံးကျွန်း
ဘေးကိုတစ်ချက် ခဏရှိုးလိုက်စဉ်
လေနုအေးအကြား ပင့်သက်ကြွေမိသည်မှာ
ကမ်းပါးတောင်ရံ မြင့်မားဟန်ဖြင့်
မတ်စောက်လှတဲ့ ချောက်ကမ်းပါး..
အားလုံးသော နံရံတို့ရဲ့အလယ်
စိမ်းလဲ့ကန်သာ ရေပြင်ကြီးက
ရောက်သောသူကို ဖမ်းစားခြေပြီ
တဒဂ ခဏမှင်သက်မိကာ
ထိုသို့သောနေရာ
စလုံးတွင်ရှိသည်ဆိုမှာ
အံ့သြစွာဖြင့်တွေးနေမိသည်
Ubin ရဲ့နှလုံးသားလော...

သူရိန်နေမင်း ထိန်ထိန်လင်းလျက်
အမြင့်ဆုံးအပူချိန် မမှုနိုင်ပဲ
အဆင်းအတက် အကွေ.အကောက်
တောင်များကိုဖြတ် တို့တစ်တွေနင်းကြပြီ
ခရီးကြမ်းနှင်တဲ့ အသင်လူသားတို့
လမ်းဆုံးပေါက်လို့ ရလဒ်ကောင်းဖြင့်
လိုချင်ပန်းတိုင် ရောက်လုငြားက
မည်မျှမောပန်းနေပစေ ပျောက်လတံ့..
လမ်းကြမ်းနင်းတဲ့ အသင်ဘလော့ဂါတို့
ခရီးဆုံးရောက်လို့ စိတ်မကောင်းစွာဖြင့်
လမ်းမှားသွားက လျှာထွက်လတံ့...

ဘယ်နေရာ ရောက်ရောက်
အဘယ်ခရီး ပေါက်ပေါက်
လေးဖြူသီချင်း နှလုံးအမြဲသွင်းကာ
နင်းထား နင်းထား အားတင်းပြီး
ရွပ်ရွပ်ချွံချွံ မရှော့သောဇွဲဖြင့်
ခရီးများအဆုံးထိလျှောက်...

စိုနင့်နေသောချွေး
အံ့သေနေသောအောက်ပိုင်း
ကိုးတိုးကွတဖြစ်နေသော ဟိုဒင်း
နေလောင်နေပြီဖြစ်တဲ့ စက်စီအသားရောင်
ထိုသို့သော အရာတွေပေါင်းစပ်လိုက်တော့
ဖုတ်လိုက်ဖုတ်လိုက်နဲ့
လူရုပ်ကိုယ်စီ မကျန်နိုင်တော့ပြီ...

ဟီးရိုးဂုဏ်ပုဒ် မှိန်းမှိန်ကာ
အသံပိတ်နေတဲ့ ကျွန်ုပ်
မည်သို့ မည်ပင် မောပန်းနေပစေ
အရွှန်းဖောက်နိုင်သေးသော
အစ်ကို အစ်မတွေကိုကြည့်ကာ
အသံတိတ်ရယ်မောရင်း
လေးစားနေမိပါတော့သည်။

16 comments:

တလနွန် said...

ညီရေ
လင့်ချိတ်ရင်း ပထမဆုံးရောက်လာတယ်ကွာ။ အူဘင်ခရီးသည် ကို ဖတ်ရင်း သဘောကျသွားတယ်ဟ။ မနေ့ တုန်းက သရုပ်ပုံတွေ မျက်စိထဲ မြင်ယောင်ရင်း ပြုံးနေမိတယ်။ “ချွေးမြေသို့  ကျ၏.. သို့ သော် ပျော်၏။”

ခင်မင်ခြင်းများနှင့်
တလနွန်

သီဟသစ် said...

ညီသံလွင်ရေ

အပျော်တွေကို မျှဝေ ခံစားသွားပါတယ်ကွာ

ခင်မင်စွာဖြင့်
သီဟသစ်

ပုံ့မေ said...

ဟဟ ငါ့မောင်လေးတို့ ကတော့ လေးစားတယ်ဟေး... မြန်ချက်...ဒီမှာ ဘာမှမလုပ်နိုင်သေးဘူး။

မနေ့ ကအဖြစ်ပျက် မျက်စိထဲကကိုထွက်ဘူး.. ပျော်လိုက်တာ..ဟိဟိ..

ဓာတ်ပုံတွေပို့ ပေးဦးမယ်။

ပုံ့မေ said...

ဟိဟိ တကယ်က ဘယ်သူတွေ အရင်တင်ကြမလဲ စောင့်နေတာ. ..refresh လုပ်လုပ်ပြီိးတော့ :P

Ree Noe Mann said...

လာဖတ်အားကျသွားတယ်ညီ

ဓါတ်ပုံတွေ ရှိရင်တင်ပေးအုံးလေ။
ကြည့်ရအောင်လို့

ကိုရီနို

Anonymous said...

ကိုဟီးရိုးက ကဗျာလဲရသကိုးဗျ.. တော်ပါပေ၏ .. ..ဘာနဲ့တော်မှန်း မသိတာ တခုပဲ.. ဟီးဟီး

ဆောင်းနှင်းရွက် said...

ပါးစပ် နဲ့ နင်းနေတာကတော့
အားကြိုးမာန်တတ်ပါပဲ ..>>>

ခြေထောက်ကတော့
အရှေ့က မြင်နေရတဲ့
ကုန်းမြင့်လေးကို
နင်းပြီး တတ်ပါဆိုတာတောင်
မတက်နိုင် ..>>>
ပြောချင်ဘူးနော် ..။

စပ်ထားတဲ့ ကဗျာလေးက
အရမ်းကောင်းတယ် ဗျာ ..>>
တော်တော်ညဏ်ထက်မြတ်ပါပေတယ် ..။

Angel Shaper said...

ကိုဟီးရိုး လက်စွမ်းပြထားတဲ့ ရုပ်လုံးပေါ်ကဗျာလေး လာအားပေးသွားပါတယ်။ တော်လိုက်တာဗျာ။။။။
ခုလိုပဲ အကိုအမတွေနဲ့  ပျော်နိုင်ပါစေနော်။

စိမ်း... said...

ဓါတ်ကူးမယ် ဓါတ်ကူးမယ် ... အပျော်တွေ ဓါတ်ကူးမယ်...

ငချမ်းကောင် said...

ကဗျာလေးကို ဖတ်ရင်း ပုံရိပ်လေးတွေက ဝိုးတဝါး

yangonthar said...

ပျော်စရာ ရယ်မောစရာ ပင်ပန်းပေမယ့် ရွှင်လန်း စရာ ဒီလောက်ပင်ပန်းနေတာတောင် ကဗျာရေးနိုင်သေးရဲ့  အလန်ပဲ ... :) ကဗျာ လေးဖတ်တာနဲ့ တင် ခရီးစဉ်လေး ကို မြင် ယောင်သွားစေပါတယ်
ဆေးကုလိုက်ဦးလေဗျာ နွမ်းနေတာတွေ ပြေ သွားအောင် :)
ခင်မင်လျှက်
ရန်ကုန်သား :)

ဝက်ဝံလေး said...

ဟီရိုးအင်း အဲဒါ ဘယ်လိုအသံထွက်လဲ ubin ကို ယူဘင် လား ဦးဘင်လား ဘီလိုထွက်လဲ များ ဂယ်မသိလို့ မေးသွားတယ် သိလား အိမ်မလာခဲ့နဲ့ ကိုယ့်အိမ်မှာပဲ ကိုယ်ပြန်ဖြေထား အားရင် လာပြန်ကြည့်မယ် ဒါဗြဲ ဘိုင် တာ့တာ

ဖတ်တယ် နားလည်ဘူး များက ကဗျာမှာ ပိန်းတယ် နဲနဲတင်ဟုတ်ဘူး များများ ဒါကြောင့် သိလား ကဗျာကို လာမေးနဲ့ သိဘူး ဟွင်းးးးးးးး

ရေတမာ said...

ဟိုဒင်းဆိုတာ ဘာတုန်း မရှင်းမရှင်းနဲ့ နောက်က သတင်းတွေလွတ်သွားတယ်ကွာ။ ရှေ့ရောက်နေတာ

သံလွင် HeRo said...

ကိုတလနွန်...ကျနော်လည်းချိတ်လိုက်ပါပြီ

ကိုသီဟသစ်...ပျော်ရွှင်ပါစေဗျား...

မမေသူ...ဓာတ်ပုံတွေပို့ပေးလို့ကျေးဇူးနော်.

ကိုရီနို...အပြင်မှာတွေ.မှပြမှာ.ဒီမှာဆုံရင်အကုန်
လုံးလန့်ပြီးပြေးကုန်မှာကြောက်လို့ဗျ ဟီး

ဦးအိမ်၊ ဆောင်းနှင်းရွက်၊အိမ်ဂျယ်၊ ဒေါ်စိမ်း၊
ကိုငချမ်း၊ ကိုရန်၊ ကျနော့်ရဲ့ကာရန်မညီလှတဲ့
ကဗျာလေးကိုလာရောက်ဖတ်ပေးကြတဲ့အ
တွက်ကျေးဇူး သိန်းသန်းမကတင်ရှိပါကြောင်း

ဝက်ဝက်...ငါလည်းချောတီး...နားလည်အောင်
မှမရေးတာကိုး ဟဲဟဲ အူဘင်လို့ပဲထွက်ပါ
တယ်...ပိုလာအူဘင်ပေါ့

ကိုတမာ...ဟိုဒင်းလား...အင်း...အဲ...
အဲဒီနေ့ကဘာနာတာလဲ...အတူတူပဲလေ :P

Waing said...

ကဗျာလေးစပ်ထားတာကောင်းလိုက်တာ အဖြစ်အပျက်တွေအားလုံး မျက်စိထဲကကို မထွက်ဘူး တကိုယ်လုံးလည်း ကိုက်ခဲနေတာပဲ အသားကတော့ အဖြူတခြမ်း အမည်းတခြမ်း ၂ခြမ်းစီဖြစ်သွားပြီကွယ် စက်ဘီးစီးရင်းလည်း ညည်းခဲ့တဲ့သီချင်းတွေ ကုန်သွားပြီ ဘာပဲဖြစ်ဖြစ် ပျော်ဖို့ကောင်းတဲ့ ခရီးစဉ်လေးပါပဲ ဒီခရီးနဲ့တူတူ လိုက်ပါလာခဲ့ကြတဲ့ သူငယ်ချင်းအားလုံးကို အမြဲအမှတ်တရရှိနေမှာပါနော်
ခင်လျက်
ဝိုင်း

Anonymous said...

ခြေလှမ်းများရဲ့ခရီးများဟာလူကိုယုံကြည်မှုမြှင့်တင်ပေး
နိုင်မယ်ထင်ပါတယ်။
ငြိမ်းစိုးဦး