September 16, 2009

Z-ZODIAC

people magazine ကိုမြန်မာပြည်မှာကတည်းက လစဉ်မပြတ်ဖတ်ဖြစ်တဲ့
စာအုပ်ပါ။ ဒီကိုရောက်လာတော့ people online magazine ကိုအမြဲစောင့်
ဖတ်လေ့ရှိပါတယ်။ လွန်ခဲ့တဲ့သြဂုတ်လတုန်းက ၇ နှစ်ပြည့်ဖြစ်တဲ့အတွက်
တစ်လတစ်မျိုးမရိုးနိုင်တဲ့ people ကတော့ပိုပြီးဝေဝေဆာဆာရှိနေပါတယ်။
အဲဒီအထဲမှာ A to Z အစီစဉ်ကိုအရင်က နာမည်ကြီးတွေနဲ့ဖော်ပြတတ်ပေမဲ့
အခုတော့ people ဝိုင်းတော်သားများက character တစ်ခုစီကို
အဓိပ္ပာယ် ၇ နှစ်မျိုးနဲ့ဖော်ပြထားပြီး ၇နှစ်ပြည့်အထိမ်းမှတ်ကို
ဂုဏ်ပြုထားပါတယ်။ (ဒီမှာဖတ်နိုင်ပါတယ်)
နောက်ဆုံးမှာ Z ကို Zodiac အနေနဲ့သတ်မှတ်ထားပြီး
ရာသီခွင် (၁၂) ခုမှာ ၇ ခုမြောက်ရာသီဖြစ်တဲ့ Libra ကို
ရွေးချယ်ဖော်ပြထားပါတယ်။ Libra ဟာကျနော်မျိုးမွေးတဲ့
ရာသီခွင်ဖြစ်တဲ့အတွက်စိတ်ဝင်တစားဖတ်ကြည့်ရာ
people ဝိုင်းတော်သားများ ဖော်ပြထားတဲ့ ၇ ချက်နဲ့
အကုန်လုံးနီးပါးတူပါသဖြင့် ဒီကဘလော့မောင်နှမများကို
ဝေမျှလိုက်ပါသည်။

Libra-တူရာသီ



ယေဘူယျ အဆိုအရ...

(၁) မျှမျှတတ တွေးခေါ်လုပ်ကိုင်တတ်တယ်လို့ ဆိုကြပါတယ်။

(၂)အချစ်နှင့်ပတ်သက်ရင် တစ်ပါးသူအပေါ်ချစ်ရန်ခက်ခဲသော
အေးတိအေးစက်နှလုံးကို ပိုင်ဆိုင်သူဖြစ်ပါတယ်။

(၃)နှလုံးသား မာလွန်းပြီး မိမိကိုယ်သာအချစ်ဆုံးသူဖြစ်တယ်။

(၄)ဥာဏ်မြင့်သော ပညာတတ်ထူးချွန်သောသူတို့ကို ဦးစားပေးပြီး
ချစ်တတ်တယ်။

(၅)နှလုံးသားသည် ကောင်းပြီဆိုရင် သူတစ်ပါးထက်ကောင်းသလို
ဆိုးပြီဆိုရင် သူတစ်ပါးထက်သာလွန်ဆိုးတတ်တယ်။

(၆)အရာရာကို တွက်ချက်ပြီးမျှဆုံးဖြတ်ကြတယ်။

(၇)သီးသန့်နေလိုစိတ်ပြင်းထန်တယ်။

သံလွင်ဟီးရိုးရဲ့ အကျင့်ဆိုးတွေကို အခုဆိုရင်သိလောက်ရောပေါ့ဗျာ...
people ရေကျေးဇူးပဲ.ဒီထက်မကအောင်မြင်ပြီး ရွှေရတုခရီးကိုဆက်နိုင်ပါစေလို့
ဆုတောင်းပေးလိုက်ပါတယ်။

ref: www.people.com.mm

8 comments:

စိမ်း... said...

စာတွေအများကြီးလျှောက်ရေးနေသေးတယ်... တစ်လုံးတည်းပြောလိုက်ပြီးရော...
``အတ္တကြီးတယ်´´လို့...
နော့ ?
အဲ့လိုဆို မှန်လား ....

သံလွင် HeRo said...

ညီမလေးအဖြေ မှန်သလိုလိုနဲ့
မှားပါတယ်ကွဲ. :P

Waing said...

ယေဘူယျအဆိုအရ ပဲရှိတာတောင် မှန်နေတာလား
ဒါဆို ၀ိုင်းအတွက်လည်း မှန်မယ်ထင်တယ် ပြေးကြည့်လိုက်ဦးမယ်နော်။ :)

Anonymous said...

အောင်မလေး တူလိုက်တဲ့ အကျင့်လေးတွေ နော်။ တထပ်တည်းပဲ မောင်နှမလို့ မပြောရဘူး။ မွေးတဲ့ရာသီလည်း တူနေတယ်။

သံလွင် HeRo said...

မဝိုင်း အဲဒီမှာက libra တစ်ခုတည်းကိုပဲ
ရေးထားတာ... :)
gimme five မရောင် shake shake :)

WWKM said...

အောက်တိုဘာမွေးနေ့ရှင်တွေ ကျန်းမာပျော်ရွှင်နိုင်ကြပါစေ။း)))

Anonymous said...

ကျနော်က အဲလိုတော့ မသိဘူးဗျ မြန်မာလိုတော့ ဖင်ကဖွား။.. အဲ.. ဘင်္ဂဘွား တဲ့..ဟိ

Angel Shaper said...

တို့က Sagittarius လေ။
လာပြောပြပေးဦး ဟိဟိ။