ဦးဦး.ဒေါ်ဒေါ်.ကိုကို.မမ တို့ရဲ့ပထမဆုံးများကိုကျနော်မြင်နေရတာကြာပြီ။ တွေ.တိုင်းလည်းဖတ်ဖြစ်ပြီးဝင်ဝင်နောက်ကာကွန်မန့်တွေပေးခဲ့လို့...အခုတော့ပြန်ပြီးပျော်ပျော်ကြီးတက်ခ်ခံလိုက်ရပြီ...ကျနော့်ကိုတက်ခ်တဲ့သူတော့...မလင်းလက်ကြယ်စင်
ခြသေ့င်္ကျွန်းပေါ်က ပါ။ အမှန်တရားတွေကိုထုတ်ဖော်ရတော့မယ်ဆိုတော့လည်းနားနဲ့မနာဖဝါးနဲ့သာနာကြပါတော့ဗျာ...စပြီဗျို့။
ပထမဆုံး နာမည်...ကောင်းဇော်ဖြိုး...နောက်တော့နေ့နံမကိုက်.ရောဂါဖြစ်လွန်းလို့နာမည်ပြောင်းလိုက် တယ်ဆိုပဲ။
ပထမဆုံးလူ.လောကကိုစရောက်သည့်နေ့....၁၄.၁၀.၁၉၈၈ နီးနေပြီ...မွေးနေ့လက်ဆောင်ပေးလျှင်စိတ်မဆိုးတက်ပါ...ဟဲဟဲ
ပထမဆုံးတက်ခဲ့တဲ့ကျောင်း...အ.ထ.က.(၁) ထားဝယ်. ၈တန်းထိပဲတက်ခဲ့ရတယ်၊ ၉တန်းရန်ကုန်မှာဘော်ဒါနေတော့ဒဂုံ(၁)ကိုရောက်သွားရော။
ပထမဆုံးရခဲ့တဲ့ဆု...သူငယ်တန်းမှာပထမဆု...ဟီးဟီး.အဲလောက်ကိုတော်တာ.
ပထမဆုံးကျောင်းပြေးခြင်း...၅တန်းတုန်းကသူငယ်ချင်းတွေနဲ့ကျောင်းပြေးပြီးထန်းပင်တန်းမှာထန်းရည်နဲ့
ကြွက်ကြော်သွားကစ်တာ...ရေလည်အရသာရှိတယ်၊အိမ်ပြန်ရောက်တော့အဆော်ခံရရော.ကဲတာကိုးနဲသေးတယ်
ပထမဆုံးရည်းစားစကားပြောခံရခြင်း...သူငယ်တန်းတုန်းကအတန်းထဲမှာကောင်မလေးတစ်ယောက်ကျနော့် ကိုခွေးလီးယားသီးဘိုင်စကယ်တဲ့...ကျနော်ကအဲဆော်ကြီးဘာတွေလာပြောနေလဲပေါ့.အထာကြီးနဲ့လေ၊အိမ်ပြန် ရောက်တော့ပါပါးကိုမေးကြည့်မှမင်းကိုကြိုက်တယ်လို့ပြောတာတဲ့.နောက်နေ့သူ့ကိုပင်လယ်ဓားမြလို့ပြန်ပြော လိုက်တော့...အခုထိစကားပြန်မပြောတော့ဝူး...ဟီဟီးဘာဖြစ်သွားလဲသိဝူးနော်...
ပထမဆုံးအလစ်သုတ်ခြင်း...၄တန်းတုန်းကရွှေငါးဝယ်မလို့ဆိုပြီးအိမ်မှာအမေ့ပိုက်ဆံအိပ်ထဲကအလစ်သုတ်တာ မိသွားတယ်...ဆော်ပလော်တီးခံလိုက်ရတာ...အခုထိအရှိုးရာကျန်တုန်း
ပထမဆုံးသူငယ်ချင်း(ကျား)...သူရအောင်...အခုထားဝယ်မှာဂျီတီစီတက်နေပြီးမိန်းမတောင်းဖို့ပိုက်ဆံစုနေ တယ်ဆိုပဲ။
ပထမဆုံးသူငယ်ချင်း(မ)...ယွန်းငယ်ငယ်ချိန်တဲ့...ချစ်စရာလေးပါ.ဒုတိယတန်းလောက်ကတည်းကပြောင်းသွား တာအခုထိအစအနရှာလို့မတွေ.တော့ဝူး။ယွန်းရေ...ဒီပို့စ်လေးကိုမြင်ရင်ရောက်လေရာအရပ်ကအမြန်ဆုံးဆက် သွယ်ပါ။
ပထမဆုံးဖတ်ခဲ့တဲ့ကာတွန်း...ကာတွန်းမင်းဇော်ရဲ့ ဘိုဘိုပါ...အခုထိဖတ်တုန်း...သားသားကြိုက်ကြိုက်လေ။
ပထမဆုံးရေးခဲ့တဲ့ကဗျာ...ကောင်မလေးသို့တဲ့...၆တန်းနှစ်မှာရေးထားတာ၊ခံစားချက်ပြည့်ပြည့်နဲ့ဗျ။
ပထမဆုံးဖတ်ခဲ့တဲ့ဝတ္ထု...ဆရာကောင်းသန့်ရေးတာပါ.နာမည်တော့မေ့သွားပြီ။စာအုပ်အဖုံးမှာလေယာဉ်ပျံကြီး နဲ့သဘောင်္တစ်စီးပါတယ်လေ...တော်တော်ကောင်းတယ်...သိရင်ပြောပြ...ဟဲဟဲ
ပထမဆုံးအလောင်းကစား...၅နှစ်တောင်မပြည့်သေးဝူး...မောင်းမကန်မှာကျနော့်အဒေါ်ရှမ်းကိုးမီးသင်ပေးတာ။ အဲတာကြောင့်လဲသူငယ်တန်းမှာသချာင်္အမှတ်ပြည့်ရတာပေါ့ဂျ...ကြုံတုန်းကြွားတာပါ... :P
ပထမဆုံးခရီး...၉လတုန်းကရန်ကုန်မှာနေမကောင်းလို့ဆေးခန်းသွားပြပါတယ်။
ပထမဆုံးသောက်ဖူးတဲ့အရက်...၃တန်းနှစ်ကသင်္ကြန်မှာကျနော့်အဖိုးကသူ့မြေးတွေကိုအရက်တစ်ခါသောက်ရင် တစ်ထောင်ပေးမယ်ဆိုတော့...ဘယ်ရမလဲ၃ခွက်တောင်သောက်လိုက်တယ်.ဆုံးသွားတဲ့အဖိုးကိုတောင်လွမ်း လာပြီ...သူရှိတုန်းကအရမ်းပျော်ဖို့ကောင်းတာ...ပါတီခဏခဏပေးလို့။
ပထမဆုံးထီပေါက်ခြင်း...မှတ်မှတ်ရရပဲ.၆တန်းတုန်းက.ကျောင်းမသွားခင်အိမ်ဘေးနားကချဲရောင်းတဲ့ဆိုက်ကား ဆရာဦးကြီးကိုဒီနေ့ဘာကောင်းလဲမေးတော့ ၅ လို့ဆိုတာနဲ့...၅ တစ်ပတ် ၅၀စီ ၉၅၀ဖိုး ထိုးတာ ၅၆ထွက်တော့ ထတောင်ခုန်တယ်...ဟဲဟဲ အဲလောက်ဆိုးတာ...အခုမဟုတ်ဝူးနော်။
ပထမဆုံးဆိုခဲ့တဲ့သီချင်း...ချိုမိုင်မိုင်။
ပထမဆုံးကြိုက်ခဲ့တဲ့သီချင်း...အချစ်လေးရေကို့ကြောင့်...ကိုကြေကွဲနေပြီ...ကျနော်တို့ငယ်ငယ်ကစည်သူလွင် ခေတ်လေ...အင်္ဂလိပ်သီချင်းကတော့ season in the sun ပါ။
ပထမဆုံးကြည့်ဖူးသောရှိုးပွဲ...၉၆ခုနှစ်ထားဝယ်ကျောင်းသားအားကစားပွဲတော်မှာလက်မှတ်အလကားရလို့
သွားကြည့်တာ...တန်မှတန်။အဆိုတော်တွေအများကြီးပဲ
ပထမဆုံးကြည့်ဖူးတဲ့မျောက်ပွဲ...၂၀၀၅နယူးရီးယားတုန်းကသူငယ်ချင်းတွေနဲ့ချောင်းသာသွားတော့ရွာထဲမှာည
ဘက်ထမင်းသွားစားပြီးအပြန်ပွဲဈေးတန်းမှာမုန့်သွားဝယ်ရင်းမျောက်ပွဲဆိုပြီးတစ်ခါမှမကြည့်ဖူးလို့ဝင်ကြည့်တာပါ.
တော်တော်ရီရတယ်.အပြန်ချားပါစီးလိုက်သေးတယ်...တစ်မျိုးမတွေးကြပါနဲ့ဗျာ။
ပထမဆုံးဝင်ငွေ...အမေ့ဆီကအလစ်သုတ်ပြီးရတဲ့ပိုက်ဆံနဲ့ငါးတွေဝယ်...သားဖောက်ပြီးတော့ဘော်ဒါပေါင်း ဖော်.ခြံပေါက်တွေကိုပြန်ရောင်း...အဲဒီတုန်းကဆိုလက်မှာငွေသီးနေတာ...ဟီဟီး...ပျော်စရာကြီး။
ပထမဆုံးဝင်ဖူးတဲ့တရားစခန်း...၁၀ဖြေပြီးတော့သူငယ်ချင်းတစ်ယောက်ခေါ်လို့အရှင်ဆေကိန္ဒ ဆီမှာတရား စခန်းသွားဝင်တာ...ကုသိုလ်လည်းရဝမ်းလည်းဝပေါ့...ဘုန်းဘုန်းတရားတွေကအရမ်းကောင်းတယ်...အခုစနေ တနင်္ဂနွေတောင်ဒီမှာလာဟောမယ်ကြားတယ်။သွားမဲ့သူများရှိရင်ခေါ်ပါ...သားသားလဲလိုက်မယ်။
ပထမဆုံးတက်ခဲ့တဲ့သင်တန်း...ရန်ကုန်၂၈လမ်းအပေါ်ဘလောက်ကဝိုင်.အီး.စက်စ်
ပထမဆုံးခင်ခဲ့တဲ့ဘလော့ဂါ(ကျား)...ကိုမျိုးပါခင်ညာ့.သူတိုက်တွန်းလွန်းလို့လဲဒီဘလော့လေးလုပ်မိတာပါ။
ပထမဆုံးခင်ခဲ့တဲ့ဘလော့ဂါ(မ)...မမခေါင်
ပထမဆုံးချစ်သူ...အချစ်ကို၁၀တန်းတုန်းကမှတွေ.ခဲ့တာပါ...အဲဒီမတိုင်ခင်တော့ရည်းစားတွေထားဖူးပါတယ်... အချစ်ကိုတွေ.ရောအသည်းကွဲတဲ့ရောဂါခံစားလိုက်ရလို့အခုထိကုသပေးမဲ့သူမရှိဘူးဖြစ်နေတယ်.ရိုးသားစွာဝန်ခံ ခြင်းပါ...ဟဲဟဲ
ပထမဆုံးကစားခဲ့တဲ့ဂိမ်း...Mario လေ။ အခုတော့မကစားတော့ဝူး...dota ဆိုဝေးရော။
ပထမဆုံးစီးဖူးတဲ့ဘတ်စ်ကား...၁၀၅ ။ တာမွေမှာကျုရှင်တက်ရတော့ညတိုင်းအပြန်၁၀၅နဲ့နှစ်ပါးသွားရတယ်။ တိရိစ္ဆာန်ဥယျာဉ်ကရိုလာကိုစတာလောက်ကတော့အပျော့ပဲ။
ပထမဆုံးဟားခံရခြင်း...လွန်ခဲ့တဲ့၂နှစ်လောက်ကထားဝယ်ကိုခဏပြန်တုန်းအိမ်ရှေ့ကအုတ်ခုံမှာတစ်ယောက်
ထဲထိုင်နေစဉ်အရူးမတစ်ယောက်လာပြီးမွှေးမွှေးပေးသွားတာလမ်းထိပ်အအေးဆိုင်ကလူတွေပြီးရယ်ကြတာမှ
ဝက်ဝက်ကိုကွဲရောဗျာ...
ဒီနေ့တော့ဒီလောက်ပါပဲကွယ်...အဲဘွာတေး နည်းနည်းများသွားသလားလို့ပါ..ကျနော့်ပထမဆုံးများကို ဖတ်ပေးကြတဲ့ဦးဦးဒေါ်ဒေါ်ကိုကိုမမများအကုန်လုံးကျေးဇူးဗျို့။ သူများတွေလုပ်သလိုပဲပြန်တက်ခ်မှပဲ...တော်တော်များများကရေးပြီးနေကြပြီဆိုတော့...ကံစမ်းမဲပေါက်သူက...
စာတွေအရမ်းရေးနေတဲ့ကိုရွှေပျား
ရင်ခွင်အပိုင်းစတွေကိုအမြဲတမ်းထုဆစ်နေတဲ့ ကောင်မလေး
တို့ပဲခင်ညား...အားရင်ရေးပေးကြပါဗျို့။
5 comments:
dota ဆိုဝေးရောတဲ့..ဟုတ်ရို့ယား...၊
ကိုယ့်ဆရာက တယ်ဟုတ်ပါလား ငယ်ငယ်ရွယ်ရွယ်နဲ့
ရည်းစားစကား အပြောခံရ ပြီးတော့ အရှုးမကလဲ လာနမ်းသေးတယ်
အားတောင်ကျလာပြီ ကျနော့မှာ အနားတောင်အကပ်မခံကြဘူး
အဖြစ်က တယ်ဆိုးပါလား ကိုသံလွင် Hero ရေ။ စိတ်ရောဂါရှင် အရူးတစ်ယောက်က လာနမ်းသွားတယ်တဲ့ ဟိဟိ။ ပေါ့ပေါ့ပါးပါးလေး ရေးထားတဲ့ စာတစ်ပုဒ်ပါပဲ :)
အဟဲ စွံချက်ကတော့ လက်ဖျားခါတယ်။ ငယ်ငယ်တည်းက ရည်းစားစကား အပြောခံရတာနဲ့  အားဘွားလာပေးတဲ့သူနဲ့  ဟုတ်နေတာပဲ။ အော် သူလည်း မောင်မျိုး ပိုးသွင်းပေးခဲ့ တာကိုး။
အရူးမ ကတောင် အာဘွားလာပေးတာပဲ....
ငါ့မောင်လေး တော်တော်စွံတာပဲ...
Post a Comment