October 9, 2008

သီတင်းကျွတ်ပြီဆိုရင်...




အခုတလောကျနော့ဆီကိုတက်ခ်ရောဂါဆိုက်ကပ်နေတာ
ဟိုတနေ့အတက်စာတွေစစား
လိုက်ပြီးကတည်းကပါပဲ။
ရှိစုမဲ့စုရင်တွင်းဖြစ်တွေကိုခေါင်းခြောက်ခံစဉ်းစားပြီးရေးနေမဲ့အစားချစ်ကိုကို.မမ.တီတီ.အန်ကယ်ကြီး
တွေတက်ခ်တဲ့ ခေါင်းစဉ်လေးတွေနဲ့ပဲ ပျော်ပျော်ကြီးရေးရတာဟာလည်းရသတစ်ခုတော့မြောက်ပြီး အခုလိုတက်ခ်အကြောင်းလေးတွေနဲ့ပဲကျနော့်ဘလော့လေးကိုအက်ပ်ဒိတ်လုပ်နေရတဲ့အတွက်သတိတရတက်ပေး တဲ့သူများအားလုံးကိုလည်းကျေးဇူးအထူးကိုတင်မိပါတယ်ခင်ညား။ ဒီတစ်ခါ ကျနော့်ကိုတက်ခ်သူက
လော့ဂါမောင်နှမတွေခင်မင်လေးစားရပါသော ရွှေမန္တလာမြေက အန်ကယ်စိုင်းထွန်း(Royal-Myanmar)ပါ။ ခေါင်းစဉ်ကတော့ဘာတဲ့...သီတင်းကျွတ်ပြီဆိုရင်... ...ဩော်.အခုမှသတိရတယ်ဗျာ။ ဘာလိုလိုနဲ့
ဝါလကင်းလွတ်သီတင်းကျွတ်တော့မှာပဲ...အိမ်ဝေးနေတဲ့ကျနော်တို့အတွက်ကတော့ အခုလိုအချိန်မျိုးမှာ ကိုကို.မမ.တီတီ.ဦးဦးတို့ရေးတဲ့ သီတင်းကျွတ်အကြောင်းလေးများကို ဖတ်ရင်းအပြိုင်အဆိုင်အလွမ်းခန်းလေးစလိုက်
ကြမယ်ဗျာ။

"...သီတင်းကျွတ်ညလေးတစ်ညပြန်လည်ကာသိတိရမိပါတယ်...မီးလေးတွေထွန်းလို့စည်ပါတယ်လမ်းထဲမှာ
ကွယ်...ချစ်တဲ့ကောင်မလေးတစ်ယောက်ရောင်လည်လည်တစ်ဦးတည်းလျှောက်ကာလည်...အတွဲလေး...မရှိ
ဘူးပေါ့သမင်လည်ပြန်ခဏခဏလှည့်ကြည့်တယ်..."သီတင်းကျွတ်ဖို့တစ်လလောက်လိုကတည်းက လမ်းထိပ်
လက်ဖက်ရည်ဆိုင်မှသည် ထီကား..သရက်သီးအသည်.စီးတီးမတ်အဆုံးနေ့တိုင်းလိုလိုဖွင့်နေတဲ့ သီတင်းကျွတ်
ဖို့မလိုတော့အကြောင်းအချက်ပြလေးပေါ့ဗျာ...အဲဒီအနောက်မှာဗျောက်အိုးဖောက်သံသဲ့သဲ့၊ တိမ်ကင်းစင်နေ
တဲ့ညဘက်ကောင်းကင်ယံမှာ တရွေ.ရွေ.ပျံ့လွင့်နေတဲ့မီးပုံးပျံများ၊ မိုးအကုန်ဆောင်းအကူးရှေ့လေရူးကသယ်
ဆောင်လာတဲ့ချမ်းစစလေပြေများ၊ ကြိုရောက်နှင့်နေပြီဖြစ်သောအလှူ၊ မင်္ဂလာပွဲဖိတ်စာများကလည်း
သီတင်းကျွတ် ဖို့ရက်နီးသထက်နီးလာပြီဖြစ်ကြောင်းပြောနေသလိုလို...

ဟိုးငယ်ငယ်ကသီတင်းကျွတ်
ထားဝယ်မှာနေစဉ်က သီတင်းကျွတ်ပွဲတော်ဟာပျော်စရာကောင်းတဲ့ပွဲများထဲကတစ်ခုပါ။ ချစ်စရာဓလေ့များနဲ့
ရိုးရာယဉ်ကျေးမှုထိန်းသိမ်းတတ်တဲ့ကျနော်တို့မြို့သူမြို့သားများက အဖိတ်နေ့၊ လပြည့်နေ့၊ လပြည့်ကျော်တရက်
ဟု တစ်နှစ်မှ၃ရက်သာဆင်နွှဲရတဲ့သီတင်းကျွတ်ပွဲမှာဆင်နွှဲဖို့ တစ်ပတ်လောက်အလိုကတည်းကြိုတင်ပြင်ဆင်
နေကြပါပြီ။ တာဝတိသာနတ်ပြည်မှတရားဟောပြီးဆင်းသက်လာတဲ့မြတ်စွာဘုရားရှင်ကိုတော်မြတ်ကိုကြိုဖို့နဲ့
အိမ်တိုင်းမှာအလှမီးဆင်ကြဖို့တံခွန်.ကုက္ကား.ဆီမီးခွက်ဖရောင်းတိုင်.လျှပ်စစ်မီးအစရှိတဲ့ဆိုင်အသီးသီးမှာ
ကြိတ်ကြိတ်တိုး.ကျနော်တို့လူငယ်များကတော့ စက်ဘိန်း.ဆိုင်ကယ်တို့မှာ သူ့ထက်ငါလှအောင်မီးရောင်စုံ.
အသံပေါင်းစုံတက်ကြဆင်ကြ...လမ်းတိုင်းလိုလိုမှာလည်းတရားပွဲတွေအတွက်ပြင်ကြဆင်ကြ...ဗန်ဒါရွက်.ဖရောင်းတိုင်တို့နဲ့လုပ်ထားတဲ့ မီးပုံးတန်းကလေးများကလည်းမြို့လည်လမ်းမကြီးအစမှသည် ကမ်းနားကသပိတ်
မျှောဆိပ်အထိ...မီးတန်းရောင်စုံနဲ့လမ်းများ မှိတ်တုတ်မှတ်တုတ်တမျိုး...ဒင်စကိုမီးတသွယ်.ကာလာမျိုးစုံမီးကွေး များတနည်း အိမ်တိုင်းလိုလိုအလှပကိုစီနဲ့ ရှုမညီးပဲထိန်ထိန်သာလျက်ပါတယ်။ သတင်းကျွတ်အကြို ဆွမ်းဆန်စိမ်းလောင်းလှူပွဲ၊ နိဗာန်ဈေးတို့ကလည်း အလှူရေစက်လက်နဲ့မကွာနိုင်မြန်မာလူမျိုးတွေရဲ့ချစ်ရာ
ထုံးတမ်းတွေပေါ့။

သီတင်းကျွတ်ပြီ
ပထမဆုံးညဘက်မရောက်မီ တီတီ.ဦးဦးစတဲ့ရှိသမျှအမျိုးများ.အိမ်နီးချင်းဖိုးဖိုးဖွားဖွားများဆီ
သွားပြီးဦးသုံးကြိမ်ချကန်တော့.မုန့်ဖိုးတောင်း...ညနေပိုင်းရောက်ပြီဆိုတာနဲ့စက်ဘိန်းစီးတဲ့အရွယ်က ဘောဒါ
တွေနဲ့မီးရောင်စုံစက်ဘိန်းများကို အသံပေါင်းစုံထွက်နေတာ အဝေးကကြည့်လျှင်ကုလားဘုရားပဲလှည့်လာ
သလိုလို...မြို့ကိုတစ်ပတ်ပြီးတစ်ပတ်စီးကြ...မီးရောင်စုံထွန်းထားတဲ့အိမ်များကိုဝေဖန်ရေးသွားပြီး ဒီနှစ်ဘယ်အိမ် ကအလှဆုံးဟုကိုယ့်ကိုယ်ကိုမဲပေးကြ၊ ဆိုင်ကယ်စီးကာစ ၈ တန်းနှစ်အရွယ်ရောက်တော့အကဲနဲနဲပိုလာကြပြီး အိမ်မှာနေပြီးကမြင်းရတာအားမရလို့ ဆိုင်ကယ်ပေါ်ကနေ မီးရှူး.မီးပန်း.မီးစင်္ကြာ.ရှူးဒိုင်း.မီးချစ်ဆံဗျောက်အိုး.
လက်ပစ်ဗုံး မျိုးစုံကို ထားဝယ်ကလှပဂေးလေးများအိမ်များဆီသို့သွားပြီးဖောက်ကြ၊ နောက်ကြ မိန်းကလေး
များအငမ်းခံ(ဒေသအခေါ် ဆော်ရှိုးခံ) ထွက်ကြတာအခုဆိုအစဉ်လာတစ်ရပ်ဖြစ်နေရောဗျာ။
အဖိတ်နေ့ညမှာ မြို့ပေါ်ကအိမ်တော်တော်များများက မုန့်ဟင်းခါး.သာကူ.မုန့်လုံးရေပေါ်.အကင်.အစသဖြင့်
လုပ်ပြီးတစ်ညလုံးမအိပ်ကြဘဲ လပြည့်နေ့မနက်ကိုကြိုကြပါတယ်။ နောက်နေ့မနက်စောစောမှာ အိမ်တိုင်းနီးပါး
သပိတ်ဆွမ်း(ထမင်း.မုန့်မျိုးစုံ.ဖယောင်းတိုင်.)ကိုယ်စီနဲ့သပိတ်ဆိပ်ကိုဆင်းပြီး သပိတ်မျှောပွဲတော်ဆင်နွှဲကြ.
စတိတ်ရှိုး.ပြဇတ်.ထားဝယ်ရိုးရာအကများ.နဲ့စည်ကားလှတဲ့ပွဲတော်ကြီးမှာ ဝါးလုံးများနဲ့လုပ်ထားတဲ့ဝင်္ကပါလမ်း
ကိုကျော်ဖြတ်ရင်း ထားဝယ်မြစ်ထဲသပိတ်မျှောကြ...ကိုယ်မျှောလိုက်တဲ့သပိတ်လေးဖယောင်းတိုင်မီးမငြိမ်းဘဲ
မြစ်ကြီးထဲကိုအောင်မြင်စွာမျှောသွားတာကိုကြည့်ရင်းဖြစ်ပေါ်လာတဲ့ပီတိကတော့ ကြည်နူးမှုတစ်ခုပေါ့ဗျာ။

မနက်ပိုင်းဥပုသ်နေ့ကိုအဝအိပ်ပြီး ဒုတိယနေ့ရောက်လျှင်ညဘက်ဘုရားကြီးဆီမီးတစ်ထောင်.ပန်းတစ်ထောင်ပွဲ
ကိုသွားရောက်ပြီး ဆုတောင်းရင်းပွဲဈေးတစ်လျှောက်မုန့်စားကြ. ညောင်ရေသွန်းကြ.လူလှည့်တဲ့ချားရဟတ်စီးကြ တာဟာလည်းကျနော်တို့မြို့လေးမှာအခုထိရှိနေတဲ့အစဉ်လာတစ်ရပ်ပေါ့။ နောက်ဆုံးနေ့ရောက်ရင်တော့
မြို့ပေါ်မှာရှိတဲ့လူတော်တော်များများကမြို့ရဲ့အနီးနားမှာရှိတဲ့သမိုင်းဝင်ဘုရားများ၊ နာမည်ကြီးရေတံခွန်များ၊ ရေပူစမ်း၊ မောင်းမကန်ကမ်းခြေတို့ကိုသွားရောက်အပန်းဖြေတတ်ကြပြီး စည်ကားနေတတ်ပါတယ်။ ကျင်းပမြဲ
ဖြစ်တဲ့ ရှင်ဥပုဂုတ္တမဋ္ဌေတော်မြတ်ရေမျှောပွဲ (မောင်းမကန်ကန်းခြေမှသည်ဘင်္ဂလားအော်အတွင်းသို့) ကလည်း
မေ့ပျောက်လို့မရနိုင်တဲ့အလေ့အထတစ်ခုပါလေ။

၂၁ရာစုရဲ့သီတင်းကျွတ်(သို့)အမှတ်တရရှိလှသောသီတင်းကျွတ်များ
၂၀၀၄ခုနှစ်၁၀တန်းဘော်ဒါရောက်တော့သီတင်းကျွတ်ဘော်ဒါပိတ်ရက်မှာညဘက်အပီးပြင်ကဲမယ်ပေါ့။ နောက်
ဆုံးရက်ဘော်ဒါမဝင်ခင်ရန်ကင်းစင်တာမှာပေါင်းဖော်၇ယောက်ဆုံခဲ့ပြီး ဂွတ်တလစ်ထဲမှာမီးရှူး.မီးပန်း.မီးပုံးမျိုးစုံ
ကိုဝယ်ကာကန်ဘောင်မှာသွားလွှတ်မယ်ဆိုပြီးစိတ်အားထက်သန်စွာသွားတယ်ဗျာ...၆နာရီခွဲလောက်မှာရှူးဒိုင်း
တွေဖောက်.မီးပုံးတွေလွှတ်လို့ကောင်းရင်းIBCဘက်ကိုရောက်နေတဲ့အချိန်မှာ...ရဲကားတွေ၃စီးလောက်
လက်ထိပ်တွေနဲ့ကန်ပေါင်အပေါ်တက်လာတာကိုမြင်လိုက်တဲ့သူငယ်ချင်းတစ်ယောက်က ဟိုမှာရဲတွေလာနေပြီ။ မီပန်းတွေလွယ်အိပ်ထဲထည့်ပြီးအောက်ကိုဆင်းပြေးမယ်ဆိုတာနဲ့ဆိုတာနဲ့ ခပ်တည်တည်ဘာမှမသိသလို
ကျနော့်လက်ထဲ့ရှိတဲ့ရှူးဒိုင်းတွေအကုန်လုံးကိုကန်ဘောင်ထဲပစ်ချပြီးအောက်ဆင်းပြေးပါလေရော...တော်ပါသေး ရဲ့ဗျာ...ရဲတွေကLove Boat ဘက်ကတက်လာကြလို့...စပ်စပ်စုစုရှိလှတဲ့သူငယ်ချင်းများကဘယ်သူတွေများ
အဖမ်းခံရလဲသိအောင်သွားကြည့်မယ်လုပ်တုံးမှာ...တွေ.လိုက်တဲ့မြင်ကွင်းတစ်ခုကတော့စိတ်မကောင်းလှ
မြန်မာကျော်Rapသီချင်းအပြင်းစားတွေဆိုတဲ့hip hopper တစ်ဦးတော့ကားပြာလေးကိုစီးကာပါသွားလေပြီ။ ကျနော်တို့လည်းထပ်မပါခင်နောက်ထပ်ဆက်မနေတော့ပဲ တွေ.ရာတက္ကစီတစ်စီးတားပြီးဘော်ဒါကိုပြန်ဝင်ခဲ့
တယ်...ဟဲဟဲ ဒီသီတင်းကျွတ်ကတော့ပျော်စရာလည်းကောင်း.စိတ်လှုပ်ရှားမှုတွေလည်းဖြစ်ပေါ်ခဲ့တယ်ဗျား။

ခရီးသွားဝါသနာပါလှတဲ့ကျနော်ကတော့၂၀၀၅ ခုနှစ်သီတင်းကျွတ်ကိုကျိုက်ထီးရိုးဘုရားပွဲတော်မှာ ကုန်ဆုံးစေခဲ့ ပြီးအမှတ်တရလည်းရှိလှပါတယ်။ ကျိုက်ထီးရိုးဘုရားမရောက်တာ၆နှစ်လောက်ရှိပြီဖြစ်သောကျနော့်အဖို့
မြင်ကွင်းအစုံစုံကအစစ အရာရာပြောင်းလဲနေသလို သူငယ်ချင်းများနဲ့သွားသောခရီးဖြစ်တဲ့အတွက်ကုသိုလ်
လည်းရပျော်လည်းပျော်ခဲ့တယ်။ ရေတံခွန်ကိုပင်ပင်ပန်းပန်းတောလမ်းအတိုင်းသွားခဲ့သည့်အချိန်များ.လပြည့်ည ဆီမီးတစ်ထောင်မှာလုပ်အားပေးခဲ့သည်များ.မမျှော်လင်ပဲသူငယ်ချင်းအချို့နှင့်ဆုံခဲ့ခြင်းများ.အပြန်ခရီး ပါသမျှပိုက်ဆံတွေကုန်သလောက်ဖြစ်နေသောကြောင့် မုန့်ဟင်းခါး၃ပွဲကိုဘော်ဒါ၈ယောက်အပီတီးခဲ့ခြင်းများ
ကကျနော့အတွက်မေ့ပျောက်လို့မရနိုင်ပြီးမှတ်မှတ်ရရရှိလှတဲ့ သီတင်းကျွတ်အချိန်များပေါ့ဗျာ။

သီတင်းကျွတ်လွမ်းချင်း.....
ငယ်ငယ်တုန်းကဆော့ခဲ့တဲ့ ဆင်ရုပ်.ရှဥ့်ရုပ်.ယုန်ရုပ်စတဲ့လက်တွန်းမီးပုံးလေးများကိုလွမ်းတယ်...
ထားဝယ်မြစ်ကြီးထဲမှာမျှောနေတဲ့သပိတ်ကလေးများရဲ့မီးရောင်ပြင်ကြီးကိုလည်းလွမ်းတယ်...
ပွဲဈေးတန်းမှာလမ်းလျှောက်ရင်းစတွေ.ခဲ့တဲ့ထားဝယ်သူလေးကိုလည်းလွမ်းတယ်...
ထားဝယ်လမ်းမကြီးမှာ သီတင်းကျွတ်ညဆိုင်ကယ်စီးတဲ့အချိန်လေးကိုလည်းလွမ်းတယ်...
၂၀၀၆ခုနှစ်သီတင်းကျွတ်က ကိုရင်ဝတ်ခဲ့တဲ့အချိန်တွေကိုလည်းလွမ်းတယ်...
ပျော်ပျော်ပါးပါးခရီးသွားတဲ့နေရာတွေကိုလည်းလွမ်းတယ်...
မြန်မာပြည်ကြီးကိုလည်းလွမ်းတယ်...လွမ်းတယ်...လွမ်းတယ်.....။

အခုလိုမျိုးဟိုရောက်လိုက်ဒီရောက်လိုက်နဲ့ ညီညာမှုမရှိလှတဲ့ကျနော့်စာသားလေးတွေကိုဖတ်ပေးတဲ့အတွက်
ကျေးဇူးပါခင်ညား...ဆက်လက်ပြီးကံထူရှင်များကိုရွေးချယ်ရမယ်ဆိုတော့ကာ...ဟတ်ချလောင်...

တီတီဆုမွန်
နောင်တော်ကိုမျိုး
ကိုကြီးအိမ်
တီတီဝါ
မမခေါင်
ကိုရွှေပျား
ကိုတောင်ပေါ်သား
မမဝေလေး
ဦးနော်.တီငယ်.ကလေးလေး
တီတီမေ
မမသက်တန့်
မမအိမ်မက် တို့ပဲဖြစ်ပါတယ်ခင်ညား...ဟဲဟဲ...တစ်ဒါဇင်ပြည့်ပြီ။ ကျနော့်ကိုခင်ရင်ရေးပေးကြပါနော့်...မခင်ရင်တော့ သံယောဇဉ်အဖြတ်ပဲ...ဟီး...ဒီတစ်ခေါက်နာမည်မပါလို့စိတ်မညစ်ပါနဲ့ခင်ဗျာ...နောက်တစ်ခါ
ပထမဦးစားပေးတက်ခ်ပါ့မယ်... :P

10 comments:

တောင်ပေါ်သား said...

ကိုသံလွင်ရေ လုပ်ချလိုက်ပြန်ပြီးဗျာ.. ဒုက္ခပါပဲ သီတင်းကျွတ်တဲ့ ဟင်း ဟင်း ဟင်း (ဥထမင်း မဟုတ် ) ဒေါသထွက်ခြင်းပါဗျာ..

Anonymous said...

အသက်အရွယ် အလိုက် မရိုးနိုင်တဲ့ သီတင်းကျွတ်လေးတွေပါလား .
ကောင်းဗျာ ..
သီတင်းကျွတ်ကိုတောင် ပြန်လွမ်းသွားသလိုပဲ ..
သီးတင်းကျွတ် ဇာတ်လမ်းလေးတွေ လုပ်ဦးလေ :P

WWKM said...

အင်း.. ကလေးတွေနဲ့ပေါင်းပြီး တီတီဝါ၀ါ စိတ်ညစ်ပါရဲ့။
ဟိုလူက တက်ဂ်တစ်မျိုး၊ ဒီလူက တက်ဂ်တစ်မျိုး နဲ့
တက်ဂ် ၂ မျိုး အကြွေးတင်နေပြီ... အဟီး
တီတီဝါ၀ါ တက်ဂ်ခိုင်းတဲ့ တက်ဂ်ပို့စ်က လွယ်လွယ်လေး
လေ။ စားရုံလေးပဲဟာ။။။ အင်း..ဒီသီတင်းကျွတ်က နဲနဲ
ခက်မယ် ။ ခဏတော့စောင့်နော် မောင်လေး။း)

ဗီလိန် said...

စိတ်မညစ်ပါ။ ပျော်နေတာ။ ဟဟ။ တက်ပဲရေးနေတော့မှာလား ကိုသံလွင်ရဲ့။ :P

Unknown said...

အန်ကယ်စိုင်းထွန်း စရာလား ;(

Anonymous said...

ဟားးး ခင်လို့တက်တာကျေးဇူးများကြီးတင်တယ်...
သီတင်းကျွတ်အကြောင်းရေးထာတာ စိတ်ဝင်စားစရာပဲ
ဒီလောက်ကောင်းအောင်ရေးတတ်ပါ့မလားမသိ... :)
တက်ကြွှေးတွေများနေလို့ .... ခဏတော့စောင့်နော်..
ရေးပေးမယ် သိလား :D

Dr Phyo Wai Kyaw said...

သူရေးတော့ လည်းပျော်စရာကြီးပါလား

Dream said...

အဟင့်အဟင့်... သူ့ချီရာယယ်မိပါတယ်.. တတင်းကျွတ် တက်ဂ်နဲ့တိုးနေတယ်.. ဟင့်ဟင့်..
မက်မက်ဂိုခင် တယ်ချိုဒဲ့အတွက် ကျေးချုးတင်ပါဒယ်..
ဒါပေမယ့်..အထုတက်ဂ်အကြွေးတွေများနေတော့.. အဒုဟာဂို အရင်တက်ဂ်ပေးရမှန်း မတိဒေါ့ဖူး.....
ဗြဲ... ထနဒေါ့ ချောင့်နော်...ရေးပေမယ်နော်... ဟိဟိ..

အင်း..တက်ဂ်ရောဂါ..တက်ဂ်ရောဂါ.. ကုရာနတ်ထိ
ချေးမချိပါတကား... ဟီးဟီး :P :P

မကျာမီ ရာမီ ညော် နော်.. ဟဲဟဲ...

JulyDream said...

ဟိုးငယ်ငယ်က ရန်ကုန်သီတင်းကျွတ်တွေကို လွမ်းမိတယ်ဗျာ။ ရေကျော်ပွဲလည်း သတိရမိတယ်။ အခုတော့... အဲဒါတွေဟာ အဝေးမှာပဲ ရှိပါတော့တယ်လေ။

Anonymous said...

ရေးတော့ ရေးမယ် ခဏစောင့် မင်းလိုတော့ ကောင်းကောင်းရေးတက်ဘူးဗျး)