October 5, 2008
မျက်ရည်
မိုက်ခနဲတွေဝေသွားပြီးပျံ့လွင့်သွားတဲ့စိတ်
ဖြစ်လာနိုင်သေးပေမဲ့လက်ရှိပျက်သုဉ်းသွားတဲ့မျှော်လင့်ချက်တစ်ချို့
ခြယ်မှုန်းခွင့်မကြုံကြိုက်သေးပေမဲ့ပျောက်ရှသွားတဲ့အနာဂတ်
လေအယိမ်းမှာမြူလိုလွင့်ပျယ်သွားတဲ့ကျနော့်ရဲ့အိမ်မက်
ရှိန်းခနဲဖြစ်သွားတဲ့နှလုံးသားရင်ခွင်
အသက်ပြင်းပြင်းရှုသံတစ်ချက်နဲ့အတူ
မျက်လုံးတစ်စုံလုံးအစွန်ဖျားများမှစီးကျလာတဲ့မျက်ရည်.....။
အောင်နိုင်သူတစ်ယောက်ကျတဲ့မျက်ရည်
ရှုံးနိမ့်သူတစ်ယောက်ကျတဲ့မျက်ရည်
ဟာသတစ်ပုဒ်ကြောင့်ကျတဲ့ပျော်ရွှင်ဖွယ်မျက်ရည်
စိတ်အားငယ်သူတစ်ယောက်ကျတဲ့မျက်ရည်
ဝမ်းနည်းလို့ကျတဲ့မျက်ရည်
ဆရာမင်းခိုက်ပြောသလို
လူဆန်လို့ကျတဲ့မျက်ရည်
မျက်ရည်.....မျက်ရည်.....မျက်ရည်.....
ကျနော်ကျတဲ့မျက်ရည်ကောဘာမျက်ရည်လဲ ?
ကံကြာမ္မာအပြောင်းအလဲမှာ
ခံစားချက်ပြင်းလွန်းသူတစ်ယောက်
ခေတ္တကျတဲ့မျက်ရည်ဟာ
ကျနော့်အတွက် စိတ်သက်သာမှူ
ကျနော့်အတွက် ခွန်အား
ကျနော့်အတွက် ဇွဲ၊ လုံ့လ၊ ဝီရိယ
ကျနော့်အတွက် ကဗျာတစ်ပုဒ်
ကျနော့်အတွက် အနာဂတ်ရှင်သန်ရာ.....
Subscribe to:
Post Comments (Atom)
15 comments:
ကောင်းတယ်ဗျာ. ကဗျာလေးက တကယ်ပြောတာပါ. အဓိပါယ် မဖွင်.တော.ဘူး ဒီအတိုင်းဘဲ ခံစားသွားတော.တယ်။
အလွန်ကောင်းမွန်တဲ့ ကဗျာတစ်ပုဒ်ပါ။ လာရောက် ခံစားသွားပါတယ်ဗျာ ။ :)
imm.. nice poem =)
u are so emo, boy..
အကို ကျတဲ့ မျက်ရည်က ယောကျာင်္းမျက်ရည်ပေါ့
ဆရာရဲ့
စကားပုံတခုကြားဖူးတယ် ဘယ်သူ့မျက်ရည် ဘယ်မကျကောင်းဘူးဆိုလား
ဟိဟိဟိဟိ စတာနော စိတ်ဆိုးနဲ့
ကောင်းတယ်ကဗျာလေး ကြိုက်တယ်ဗျ
ကံကြာမ္မာအပြောင်းအလဲမှာ
ခံစားချက်ပြင်းလွန်းသူတစ်ယောက်
ခေတ္တကျတဲ့မျက်ရည်ဟာ
အော်----ယောင်္ကျားမှာလည်း မျက်ရည်နဲ့ပါလို့
ပြောရမလိုဖြစ်နေပြီနော်---
လွတ်လပ်စွာကျပါ----
ခေတ္တကျတဲ့မျက်ရည်.......
ကဗျာလေးကောင်းတယ် အဓိပ္ပာယ်သေချာမပြောပြတတ်ပေမယ့်
ခံစားမိတာတွေအများကြီးပဲ........
အစစအဆင်ပြေပါစေ
ဘာကြောင့်ကျတဲ့ မျက်၇ည်လည်းဆိုတော့ လူဆန်လို့ ကျတဲ့မျက်ရည်ပေါ့ ညီရ အဲ့လိုပဲ တွေးလိုက်နော်......။
ဘာကြောင့် ကျတဲ့မျက်ရည်ပဲဖြစ်ဖြစ် .. အကြောင်းပြချက်နဲ့ အဓိပ္ပါယ် ရှိဖို့တော့လိုတယ်ဗျ
တော်တော်လေးကြိုက်နှစ်သက်စွာနဲ့..သွားတယ်
ဖတ်ရင်းနဲ့ မျက်ရည်တောင်ကျလာဘီ.... ( ကတောက်.. ကတောက်.. ကတောက်..)
:P
အသက်ငယ်ငယ်နဲ့ အိမ်ဝေးနေသူ၊ ပတ်ဝန်းကျင်သစ်ထဲ တိုးဝင်နေရသူတစ်ယောက်ရဲ့ ခံစားချက် ကို လှမ်းမြင်လိုက်ရတယ်။
ခံစားချက်တွေကိုလာရောက်ဝေမျှခံစားမေးကြတဲ့
ကိုကို.မမ.ဦးဦး.တီတီတို့အကိုလုံးကို သိုင်းခကျူးဂျ
မွေးနေ့ရောက်မှရှယ်ကျွေးပါ့မယ် ဟဲဟဲ
ဒီလို ရေးတတ်မယ်လို့ ထင်မထားမိဘူး ...
ဖတ်လို့ကောင်းလိုက်တာ
ကဗျာလေး အခုမှဖတ်ဖြစ်တယ်။
အရမ်းကောင်းတယ် မောင်လေး ရေ.
နာဂစ်အတွက်တောင်မကျပဲလူမဆန်သူတွေကိုတွေ့ဖူးတာ
ကြောင့် ဒီလိုလူဆန်တာဟာ တကယ်မှန်သောစိတ်ပါ လို့။
ငြိမ်းစိုးဦး
Post a Comment