



















မွေးနေ့မင်္ဂလာဖိတ်ကြားလွှာ...
ယနေ့ ၁၄.၁၀.၁၉၈၈(သီတင်းကျွတ်လပြည့်နေ့) တွင် ကျရောက်သော ကျနော်မျိုးသံလွင်ဟီးရိုး ရဲ့ ဆယ်ကျော်သက်ကုန်လွန်ခါစ အချိန်သမယ ၂၀ ပြည့်နှစ်မြောက်မွေးနေ့ကို တက်ရောက်ပါရန် ကျနော့်ရဲ့
ချစ်လှစွာသော ဘလော့လောကမှ တီတီ.အန်ကယ်.ကိုကို.မမ အားလုံးအား ရိုသေလေးမြတ်စွာ ဖိတ်ကြားအပ်
ပါသည်။
မဂ်လာမွေးနေ့အချိန်... ယခု
မဂ်လာမွေးနေ့နေရာ... သံလွင်ဟီးရိုးဒေါ့ဘလော့စပေါ့ဒေါ့ကွန်
အကျွေးအမွေးအစီအစဉ်...အောက်ပါအစားအသောက်များအား အားရပါးရသုံးဆောင်ပါရန် (အားမနာကြေး)
အထူးကြေညာချက်...မွေးနေ့လက်ဆောင်များလက်ခံနေပါကြောင်း သတိပေးအပ်ပါသည်ခင်ညား။ ဟဲဟဲ
ချစ်လှစွာသော ဘလော့လောကမှ တီတီ.အန်ကယ်.ကိုကို.မမ အားလုံးအား ရိုသေလေးမြတ်စွာ ဖိတ်ကြားအပ်
ပါသည်။
မဂ်လာမွေးနေ့အချိန်... ယခု
မဂ်လာမွေးနေ့နေရာ... သံလွင်ဟီးရိုးဒေါ့ဘလော့စပေါ့ဒေါ့ကွန်
အကျွေးအမွေးအစီအစဉ်...အောက်ပါအစားအသောက်များအား အားရပါးရသုံးဆောင်ပါရန် (အားမနာကြေး)
အထူးကြေညာချက်...မွေးနေ့လက်ဆောင်များလက်ခံနေပါကြောင်း သတိပေးအပ်ပါသည်ခင်ညား။ ဟဲဟဲ
ပထမဆုံးအနေနဲ့ အီတာလီလျံခေါက်ဆွဲ. စတော်ဘယ်ရီမွေးနေ့ကိတ် နဲ့ အိုက်စကရင်ကို သုံးဆောင်ကျပါဂျ...
တီတီ.မမ နဲ့ သိပ်မသောက်နိုင်တဲ့ ကိုကြီး.အန်ကယ်ကြီးများအတွက်က red wine နဲ့ cocktail မျိုးစုံပါ။
အပီအပြင်ကစ်မဲ့ သူတွေကတော့ရှန်ကီကောင်းကောင်းထုလို့ရအောင် vodka နဲ့ chivas
အခုလောလောဆယ် ဒီဟာလေးတွေနဲ့ပဲကျေနပ်ပေးပါ...home made တွေရရင်ချက်ချင်းလာကျွေးပါမယ်ဂျ။
20 comments:
အဟမ်းဟမ်း ဟန်မဆောင်တော့ပါဘူး ။ chivas တစ်လုံး
မ သွားတယ်ညီလေး ။ home made တွေ မစောင့်တော့
ဘူး ။ ညနက်သွားမှာစိုးလို့  ။ :D စတာပါ အတည် ။:P
မွေးနေ့ မှသည် နောင်နှစ်ပေါင်းများစွာတိုင်အောင်
ကျန်းမာ ပျော်ရွင် အောင်ပွဲဆင်နိုင်ပါစေလို့  ဦးဉ်ီးဖျားဖျား
ဆုတောင်ပေးသွားပါတယ် ညီလေးရေ ။
P.S ~ Vodka ကသောက်ရတာ ရိုးနေပြီ ။ ဟဲဟဲ
မွေးနေ့မှာ ပျော်ရွှင်ပါစေနော်။ မွေးနေ့မှစ၍ စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာနဲ့ အလိုရှိတိုင်း ရရှိနိုင်ပါစေနော်။ ဒါနဲ့၊ စကားမစပ် အအေးလေးလည်း ရှိရင်ကောင်းမှာနော်။ :P :P
မောင်beeလည်းတက်ရောက်ကြောင်းပါ heroရေ အီတာလျှံ ခေါက်ဆွဲနဲ့ chivas ဆိုပါလား တော်သေး တာပေါ့ ကိုဗီတို့,ကိုတောင်ပေါ်သားတို့မရောက်ခင်ရောက်လို့ ..ဟီ ဟီ
မွေးနေ့မှာပျော်ရွှင်ပါစေကွာ။
သံလွင်ရေ---
မွေးနေ့ မှ သည်---
နှစ်ပေါင်းများစွာ---အသက်ရာကျော်ရှည်ပြီး
အနာကင်းမဲ့ကာ
တိုင်းပြည်နှင့်လူမျိုးအတွက် ပရဟိတစိတ်
ဖြင့် အကျိုးပြုနိုင်ပါစေသော်---
လာလည်တယ် ညီလေးရေ ..
ဂွတ်ထ ဂွတ်ထ မွေးနေ့ပွဲနဲ့ တိုးနေပြီ အဟီး
ဗိုက်ဆာနေတာနဲ့ ခေါက်ဆွဲကြော် တစ်ပွဲ ဆွဲသွားပြီကွာ
ကိတ်မုန့်လေးတွေ ပါဆယ်ဆွဲသွားတယ် ဟဲဟဲ
ဒါနဲ့ ညီလေးရ ၀ိုင်ကျတော့လည်း ပျော့တယ်
vodka ကျတော့လည်း ပျင်းတယ် ညီလေးရ ..
ကြားထဲက ဘီဘီ ( ဘီယာ ) လေး မရှိဘူးလား
အဟဲ ..
မွေးနေ့မှာ ပျော်ရွှင်ပါစေဗျာ စိတ်၏ချမ်းသာခြင်း ကိုယ်၏ ကျန်းမာခြင်းနဲ့ ပြည့်စုံပါစေဗျာ သွားလေရာ ခလုတ်မထိ ဆူးမညှိပဲ စိတ်သွားတိုင်း ကိုယ်ပါလို့
လိုအင် ဆန္ဒ တစ်လုံးတစ်ဝတည်း ပြည့်ဝပါစေဗျာ
( မွေးသဖခင် ပေးနေကျ အလွတ်ရနေတဲ့ ဆုကို ညီလေးကို ပြန်ပေးလိုက်တာ :P )
မောင်ငယ်လေးသံလွင်ရေ...
ပျော်ရွှင်ဘွယ်မွေးနေ့ လေးတွေ နောင်နှစ်ပေါင်းများစွာ
ကျင်းပပျော်ရွှင်နိုင်ပါစေ မောင်လေးရေ...
တီတီဝါ နဲ့ မွေးလတူမောင်လေး အောင်မြင်ပျော်ရွှင်ပါ
စေနော်။
ခင်မင်လျှက်
တီတီဝါ၀ါ
ကျန်သေးလား ဟတ်ပီးဘတ်ဒေး ပုံတွေ ဟဲဟဲ
ညီငယ် သံလွင်ဟီးရိုးခင်ဗျာ.. ဒီနေ့မှာကျရောက်တဲ့ ညီငယ်ရဲ့မွေးနေမှသည် နောင်နှစ်ပေါင်းများစွာတိုင် ချစ်ဖေဖေ။မေမေ ချစ်သောမိသားစုတို့နဲ့အတူ နေထိုင်နိုင်ပြီး ဘာသာ သာသနာ အကျိုးဆောင်ရွက် နိုင်ပါစေကြောင်း အစ်ကိုတို့ ပုလုကွေး fm မှ ဆုမွန်ကောင်းတောင်လိုက်ပါတယ် ညီငယ်သံလွင်ဟီးရိုး ခင်ဗျား....
တူနယ်တူနယ် ဗျောင်..
(ပေးတော့ စလုံး ၁၀၀ ... ကြော်ငြာခ)
Happy Borthday ဟီးရိုးး
အသက် ၂၀ ပြည့်ပြီးဆိုတော့ လူကြီးဖြစ်ပြီးနော့် အရင်ကစိတ်တွေလျှော့း)
မွေးနေ့ မှစနေ့ ရက်တိုင်းပျော်ရွှင်ပါစေ ညီရေ့ ။
Happy Birthday!!!!
ညီလေးပေါ့နော့် ကျနော်ထက်ငယ်တာကိုးဗျ ဟဲဟဲ ညီရဲ့ အသက်၂၀မြောက် မွေးနေ့မှသည် နောက်နှစ်ပေါင်းများစွာထိ ချစ်သောမိသားစုနဲ့ ပျော်ရွှင်စွာ နေနိုင်ပါစေ ညီရေ. chivas ၁ လုံးတော့ ဆွဲသွားပြီ ညီရေ ကိုယ်မွေးနေ့ကိုလဲ ဖိတ်ပါတယ်ဗျာ.. ကျနော်က ၁၆ ရက်နေ့ဗျ
အင်း..
မွေးနေ့ပွဲက ကျွေးသမျှ ပုံတွေ
ကိုယ့် ဘလော့ဂ်ထဲထိ (တိတ်ခဝေး)ဆွဲသွားပြီကွာ..
အဲ.. အဲ..
လက်ဆောင်ကိုတော့ .. friendster ကနေ attch: တွဲပြီးပို့ပေးလိုက်ပြီနော်... ညီ...
ကျန်းမာပျော်ရွှင်ပါစေ.
ကိုဖြိုး
happy b day ...i came to ur wedding aww hote par bu....b day
Pyaw shwin par say naw
လာစားသွားတယ်နော်
မွေးနေ့မှာပျော်ရွှင်ပါစေနော် မောင်သံလွင်ဟီးရိုးတစ်ယောက်
မွေးနေ့မှစ နှစ်ပေါင်းများစွာ ပျော်ရွှင်စိတ်ချမ်းသာစွာနေထိုင်သွားနိုင်ပါစေနော်...
အောင်မလေး နာမည်ခေါ်ရတာမောသွားပြီ ကိတ်မုန့် အဝစားသွားမှ.. :P
ဟယ်...ဦးဦးမွေးနေ့ပွဲကိုအမြန်ပြေးလာတာ....
မောမောနဲ့ဆွဲလိုက်တာ ဟိဟိ..နောက်လူတွေအတွက်
မရှိမှာစိုးလို့ မနဲဘရိတ်အုပ် လိုက်ရတယ်.... ဟိဟိ
မွေးနေ့မှာ ပျော်ရွှင်ပြီး.. မိဘတို့ကိုလုပ်ကျွေးနိုင်သော
သားကောင်းသားမြတ်တစ်ဦး ဖြစ်ပါစေ။ သာသနာ
ပြုနိုင်သော ပုဂ္ဂိုလ်မြတ်တစ်ဦးလည်းဖြစ်ပါစေလို့
ဆုတောင်းပေးပါတယ်။
happy birthday!!!Thanlwin Hero!!!
လာသောက်သွားတယ်...အရမ်းလည်းမသောက်ရဲဘူး..
.တော်ကြာအမူးလွန်ပြီး ပုဆိုးမနိုင်ရင် online ပေါ်မှာက မလွယ်ဘူးလေ...ok..happy birthday ပါညီလေးရေ
ဒီနှစ်မှသည်နောင်နှစ်ပေါင်းများစွာသို့ ပျော်ရွှင်ဖွယ်ကောင်းသောနေ့လေးများပိုင်ဆိုင်ပြီး
မွေးနေ့လေးလေးများလဲနှစ်တိုင်းပြုလုပ်နိုင်ပါစေနော်
တမုန်းဆွဲသွားတယ်ဗျိုး။
Post a Comment