October 7, 2008

မသေခင်၁၀ရက်အလို.....

မနေ့ကဖြစ်သလိုစားတဲ့အကြောင်းတက်ခ်ခံထားရလို့ရေးလို့တောင်ပြီးသေးဘူး...တီတီဆုမွန်တက်ခ်ထားပါတယ်တဲ့...ဩော်.ကျနော့်အထင်ကတော့အခုတလောပထမဆုံးတွေ ဝါးကြောလိုင်းလေးတွေပဲတက်ခ်နေကြတာဆိုတော့ဟဲဟဲရေးပြီးပြီပေါ့...ဘယ်ရမလဲ...အားရဝမ်းသာစွာတီတီဆုမွန်ဘလော့ခ်ထဲဝင်ကြည့်လိုက်တော့မှ ရေးရမဲ့ခေါင်းစဉ်က မသေခင်၁၀ရက်အလို... ဗုဒ္ဒေါ.တားတားအသက်၂၀တောင်မပြည့်သေးဝူး...သေတဲ့အကြောင်းတွေစဉ်းစားခိုင်းနေပြီ ဗြဲ...။ တစ်ခါမှတောင်မတွေးဘူးသေးပါဝူးဂျာ...ဒီလိုနဲ့ဘလော့လေးတွေလည်လည်သွားပြီးအပြန်လာတော့...ကိုကြီးအိမ်ကနောက်ထပ်တစ်တက်ခ်တဲ့...တားတားရေစုန်မြောပြီ။ တက်ခ်ခံထိတဲ့ခေါင်းစဉ်လေး
တော့တူပါစေဆိုပြီးအိပ်ခါနီးဘုရားဦးချဆုတောင်းပြီးဝင်ကြည့်လိုက်တော့မှ...ဟဲဟဲဆုတောင်းပြည့်သွားတယ်...တီတီဆုမွန်တက်ခ်တဲ့ဟာနဲ့တူတူဆိုတော့ အခုလည်းပေါင်းပြီးရေးလိုက်ပါရစေဗျ...(တားတားကိုချစ်လို့တက်ခ်ကြတာပဲလို့စိတ်ထဲမှာဖြေသာလိုက်တယ်အဲလိုမျိုးတွေရေးချင်နေတာ
တားတားကြိုက်ကြိုက်လေ...ပို့စ်အသစ်တင်ဖို့တားတားဂေါင်းမခြောက်တော့ဝူး ဟီဟီး ။ )

၁၀ရက်သာကျန်တော့သည်။
စလုံးမှာဆိုတော့အဲဒီနေ့မောနင်းဖလိုက်နဲ့ပဲရန်ကုန်ရွှေမြို့တော်ကြီးကိုပြန်မယ်ရောက်ရောက်ခြင်း
ရန်ကုန်ကတားတားအမျိုးတွေဆီဖုန်း ဆက်...အကျိုးအကြောင်းပြောပြ.မုန့်ဖိုးတောင်း(နောင်ပေးချင်ရင်တောင်ပေးလို့မရဘူးလို့ထည့်ပြောအုံးမှာ).ညနေပိုင်းရောက်တော့
့ရေးမိုးချိုးပြီးသူငယ်ချင်းတွေကိုအိမ်မှာလာခေါ်ခိုင်း၊ ဒီကောင်တွေနဲ့ပဲရွှေတိဂုံဘုရားသွားမယ်...အောင်မြေမှာကျနော်မျိုးလူ့လောကမှာနေခွင့်extension လေးပေးပါလို့သွားဆုတောင်းမယ်ဂျ...ဘုရားကအပြန်Ginki kids မှာသွားထိုင်မယ် သိပ်ညဥ့်နက်ထိတော့မနေတော့ပဲ ၁၀နာရီလောက်အိမ်ပြန်...
၈မိုင်လမ်းဆုံရောက်တုန်းအရှင်ဆေကိန္ဒ.အရှင်ဆန္ဒဓိကတို့ဟောထားတဲ့မသေခင်ဘာလုပ်မလဲ
ကူးခွေလေးဝင်ဝယ်.အိမ်ရောက်တော့ ကွန်ပျုတာလေးထဲသွင်းပြီးတရားနာပြီးအိပ်...ခေါခလူး ခေါခလူး...ခေါခလူး.....ဟောက်သံ)

၉ရက်သာကျန်တော့သည်။
မနက်စောစောထ ဘုရားဝတ်ပြု(ရသမျှဘုရားစာတွေအကုန်ရွတ်ပါမည်။)ရန်ကုန်ကကျနော့်အဖိုးလေးဖွားလေးကိုကန်တော့...နောက်ဘော်ဘော်တွေနဲ့ပထမဆုံး နောက်နေ့ထားဝယ်ပြန်ဖို့၃၈လမ်းမှာအဲပုဂံလက်မှတ်သွားဝယ်မယ်.ပြီးတော့၃၇အပေါ်ဘလောက်ကကျနော်
အရမ်းကြိုက်တဲ့ ၂၀၃ တရုတ်ထမင်းဆိုင်လေးမှာငါးရှဥ့်ဟင်း.ဘူးသီးချဉ်ရည်.အစိမ်းကြော်နဲ့သွားတီးမယ်...နေ့လည်ဘက်အေးအေးဆေးဆေးမစ္စတာဂီတာသွားပြီးExpressoတစ်ခွက်လောက်သွားမော့.နောက်စိမ်းလမ်းစိုပြေကိုခဏဝင်ပြီးအင်းယားကန်ကြီးကိုအဝကြည့်ခံစားမယ်...ပြည်လမ်းအပေါ်ကDream fashiopn shop ကိုသွားပြီးလိုရမယ်ရလေးတွေဝယ်.အိမ်ပြန်ရေချိုးဖို့အချိန်မရှိတော့လို့ ညနေပိုင်းExcel towerမှာအခန်းတစ်ခန်းငှါးပြီးရေမိုးချိုး...ညပိုင်းဘော်ဘော်တွေနဲ့ပြန်ထွက်ပြီးဆရာစံလမ်းက YKKOမှာနောက်ဆုံးအနေနဲ့ကြေးအိုးသွားသောက်မယ်.သေရမယ့်အကြောင်းကိုလုံးဝမတွေးထားပဲညနက်တဲ့အထိလေကန်မယ်...ညနဲနဲနက်လာရင်Dusit Innya Lake ကDJ Barမှာခတ္တခဏသွားအပန်းဖြေ...အပြန်ပွင့်သစ်စမ်းခဏဝင်ပြီးထမင်းကြော်လေးဝင်ဆွဲ...၁နာရီလောက်
ရှိလာပြီဆိုရင်ဘော်ဒါတွေကိုအပြီးပိုင်နှုတ်ဆက်ပြီး...အိမ်အရောက်ပို့ခိုင်းမယ်...မနေ့ကဝယ်လာတဲ့တရားခွေလေးကိုဆက်နားထောင်ရင်း...

၈ရက်သာကျန်တော့သည်။
လေယဉ်ကနေ့လည်ဘက်မလို့အိမ်ကဒေါ်ကြော်ထားတဲ့ပုစွန်ဆီကြော်လေးစားအိမ်မှာရှိတဲ့လူတွေကိုအကုန်လုံးနှတ်ဆက်...(သေရင်လေယဉ်တစ်စီးလုံးငှါးပြီးလိုက်လာဖို့ပါအရွှန်းဖောက်ပြီးပြောအုံးမှာ)...ကွင်းချိန်းအမှီလေယဉ်ကွင်းကိုဆင်းမှာ...ထုံးစံအတိုင်းလေယဉ်ကဒီလေးဖြစ်တော့ ညနေ၅နာရီလောက်မှပဲထားဝယ်လေဆိပ်ကိုရောက်...ပြန်လာမယ်ဆိုတာအိမ်ကလူတွေပဲသိတယ်ဆိုတော့ဒီကဘော်ဘော်တွေကိုဘာမှမပြောပဲအိမ်မှာ
အေးအေးဆေးဆေးဘွားဘွား.ပါပါး.မာမား.အငယ်နှစ်ကောင်နဲ့ထမင်းစား...သူတို့တွေကစိတ်မကောင်းကြပေမဲ့အချိန်ကကုစားပေးသွားမယ်ဆိုတဲ့အကြောင်း.မွေးကတည်းကတစ်နေ့နေ့သေဖို့visaရထားပြီးဆိုတဲ့အကြောင်း.သေခြင်းတရားကို
ရဲရဲကြီးရင်ဆိုင်သွားမယ်ဆိုတဲ့အကြောင်းအားပေးစကားပြောပြီးထုံးစံအတိုင်းတရားနာပြီးအိပ်ရာဝင်.....

၇ရက်သာကျန်တော့သည်။
ကျနော်ထားဝယ်ရောက်နေပြီဆိုတာသိတော့ဘော်ဘော်တွေလည်းလူစုံစွာကျနော့်အိမ်ကိုချီတက်လာကြပြီ။
ခရီးသွားဝါသနာပါတဲ့ကျနော် မသေခင်လေး ထားဝယ်မြို့ကနာမည်ကြီးရှင်ကိုးရှင်ဘုရားသွားမလို့ ပလန်ဆွဲပါ့မယ်.ကျနော့်မိသားစုလေးရော.ဘော်ဒါတွေအပါပျော်ရွှင်စရာခရီးလေးဖန်တီးမလို့ပါ။ ရှင်ကိုးရှင်ဘုရားကိုတစ်ပတ်အတွင်းဖူးမျှော်နိုင်လျှင်တောင်းဆုပြည့်သတဲ့...ပုဂံကစွယ်တော်လေးဆူဘုရား
များလိုတန်ခိုးကြီးဘုရားတွေပါ။ ဘုရားကိုးဆူအား ကိုထားဝယ်သားဘလော့တွင်ဖူးမျှော်နိုင်ပါသည်။ ကျနော်အခုရွယ်ထိကိုးဆူလုံးမစုံသေးသောကြောင့်စီစဉ်လိုက်ပါတယ်.ပလန်တွေအကုန်ပြီးမှာ ချစ်သူငယ်ချင်းများနဲ့ထားဝယ်မြို့ကိုမော်တော်ဆိုင်ကယ်စီးပြီးပတ်ပါ့မယ်...
မစားရတာကြာပြီဖြစ်တဲ့ ထားဝယ်မုန့်တီ.ဘဲသားသုတ်.မုန့်ဟင်းခါး.....ရှိသမျှအစားအသောက်တွေကိုစားမယ်.ဝါးမယ်...

၆ရက်သာလိုတော့သည်။
ရှင်ကိုးရှင်ဘုရားများထဲကပထမဆုံးကလိန်အောင်ဆံတော်ရှင်ဘုရားကိုသွားရောက်ဖူးမျှော်မယ်.ရန်ကုန်-ထားဝယ်ကားလမ်းမပေါ်မှာပါ. ထားဝယ်ကနေ ၅၆မိုင်.ကားနဲ့ ၃နာရီနီးပါးသွားရပါမယ်ဂျ။တောင်သုံးတောင်.ပြင်သုံးပြင်.ကုန်းသုံးကုန်း စသဖြင့်ရှိရာ ကလိန်အောင်ဆံတော်ရှင်ဘုရားကတောင်ပေါ်ဘုရားဖြစ်ပါတယ်ဂျ.

၅ရက်သာလိုတော့သည်။
ဒုတိယအနေ့နေနဲ့ ရှင်မျှော်တောင်ဘုရားဖြစ်ပါတယ၊်အရင်ကကားလမ်းအဆုံးထိမရှိသော်လည်းအခုဖောက်
လုပ်ပြီးစီးပြီဖြစ်သောကြောင့် ကျနော်တို့လောင်းလုံမြို့နယ်ကြက်လွှတ်ရွာကနေကားဆက်စီးသွားရုံပဲ။
အရင်ကဆိုလျှင်ကြက်လွှတ်ရွာကနေလှေစီးပြီးတစ်ဆင့်သွားရ သောကြောင့်၂ညခန့်ကြာတတ်တယ်တဲ့.ကျနော်ကတော့အခုချိန်ထိတော့မရောက်ဖူးသေးဝူး.....တန်ခိုးတော်တော်ကြီးပြီးနတ်ကြီးတယ်လို့လည်းကြားဖူးတယ်ဂျ။ အခုတော့နေ့ချင်းပြန်လေးပေါ့...

၎ရက်သာလိုတော့သည်။
ဩော်...လူ့လောကလေးကဘာမှမဟုတ်ပါလားလို့ကိုယ့်ကိုယ်ကိုတစ်ရေးနိုးလေးမှာစဉ်းစားမိနေပီ။
ဒီနေ့ခရီးကတော့သရက်ချောင်းမြို့နယ် ရှင်တောင့်ပုံဘုရားပါ...ကားလမ်းလေးဖောက်လုပ်ပြီးစီးနေပြီမို့တောင်ပေါ်အထိကားနဲ့တက်လို့ရနေပါပြီ။ (ဟီးဟီးကျနော်မရောက်ဖူးသေးကြောင်းပါ)...ဘုရားကအပြန်ညနေပိုင်းသရက်ချောင်းရေတံခွန်နဲ့ရှင်မုတ္ထီးဘုရားဝင်လိုက်မယ်။

၃ရက်သာလိုတော့သည်။
၃ရက်သာကျန်တော့ရင် မနက်စောစောကြီးကတည်းကတရားခွေတွေဖွင့်မယ်...နောက်ဒီနေ့သွားမဲ့ခရီးကမြို့နားနီးတဝိုက်ကရှင်ကိုးရှင်သမိုင်းဝင်တွေပါ။ ပထမဆုံး မြို့ပေါ်ကရှင်ပင်ခရု.ရှင်ဥဩ.အရင်သွားမယ်...နောက်တော့မြို့ဟောင်းကရှင်ဇလွန်.ရှင်တောက်ထိန်နဲ့ ရေဖြူမြို့နယ်ကရှင်ဓာတ်ဝဲဘုရားမှာ...ရှင်ကိုးရှင်ခရီးပြီးစီးကြောင်းနဲ့ အဖြစ်ချင်ဆုံးဆန္ဒတစ်ခုတောင်းမယ်...(လူ့ဘဝမှာသက်တန်းစေ့နေလို
သွားရလိုပါ​ဧ။် လို့ဖြစ်ရင်ဖြစ်မှာပေါ့ ဟဲဟဲ)

၂ရက်သာလိုတော့သည်။
တော်တော်တော့တရားရနေပါပြီ။နံနက်စောစောထမင်းကြမ်းလေးနဲ့ငပိဖုတ်ဆီဆမ်းစားပြီးကမ်းနားက
ကွမ်ရင်ဘုံကျောင်း(မစောဘုံ)နဲ့လက်ဝဲကျွန်းက စောစီကုန်းဘုံကျောင်းမှာသစ်သီးဆွမ်းကပ်ရင်ဆုတောင်းမယ်...
အပြန်မှာ ပါပါး.မာမားကိုးကွယ်တဲ့ဘုန်းကြီးကျောင်းကဆရာတော်ဆီမှာ တရားအမြိုက်ဆေးကိုသွားနာမယ်...အပြင်ကယိုးဒယားဆိုင်တစ်ဆိုင်မှာထမင်းဝယ်စားပြီး(ယိုးဒယားသင်္ဘောသီးထောင်း၊ ပုဇွန်အစိမ်းသုတ်၊ ကွန့်တီယို နဲ့ ဖက်ဖစ်ကိုမှာဖြစ်အောင်မှာစားမယ်) ဘုရားကြီးကိုဝင်...ဂြိုလ်တိုင်မှာရေသွားလောင်း...အိမ်ပြန်ပြီး အိမ်မှာအကုန်လုံးနဲ့စကားတွေအများကြီးပြောမယ်...

နောက်ဆုံးရက်...
မောင်းမကန်ကိုသွားပြီး မစားရတာကြာတော့တဲ့ပင်လယ်စာတွေတဝတပြဲစားပြစ်မယ်.နေ့လည်ပိုင်း
အုန်းစိမ်းရေသောက်ရင်းရှမ်းကိုးမီးရိုက်ကြရင်ကောင်းမယ်...နောက်ဆုံးတော့သဲခုံပြင်မှာနေမင်းကြီးပင်လည်ထဲကိုဝင်သွားတာလေးကိုကြည့်ရင်း...လောကကြီး
ကိုတစ်သက်လုံးနှုတ်ဆက်ရင်ကောင်းမလားလို့ပါ.....(ဖွဖွဖွ...လွဲပါစေ...ပါယ်ပါစေ...)

သေခါနီးအကြောင်းရေးတာ မြန်မာပြည်ကိုခဏပြန်လိုက်ရသလိုပဲ....ဟဲဟဲ...ပျော်စရာကြီး...ကျနော်ဆက်ပြီးတက်ခ်မဲ့သူကတော့...မနေ့ကမှပူပူနွေးနွေကျနော့ကိုတက်ခ်ထားတဲ့
မမခေါင် ပဲဖြစ်ပါတယ်ခင်ညား.....။

9 comments:

Anonymous said...

ကိုယ့်ဆရာနဲ့ ကျနော်နဲ့က အကြိုက်ချင်းတော့တူနေပြီဗျို့
၂၀၃ ဆိုင်က ကျနော်သဘောကျတဲ့ ဆိုင်လေးဗျ။ဆိုင်ကသာဘာမှမဟုတ်တာ အစားအသောက်ကတော့ဟိုတယ် အစားအသောက်လောက်တော့ ပျင်းတယ်။
ykko ကြေးအိုးဆီချက်လဲ ကြိုက်တယ်ဗျ။
အင်းကောင်းပါ့ဗျား သေခါနီး အစီအစဉ်လေးတွေ

မောင်ပိစိ said...

ရော.. ခက်ပြီ လုပ်ချင်တာတွေ စားချင်တာတွေ သွားချင်တာတွေ လွှတ်ကိုလုပ်နေတော့ပါလား... ၁၁ရက်မြောက်တော့မှ မသေဘူးဆိုရင် ဘယ့်နယ့်ရှိစ ဟဟ :D

မောင်bee said...

တော်သေးတာ ပေါ့ ၁၀ရက်မို့လို့ တလလောက်သာဆိုရင် မြန်မာပြည်တပတ် ဘုရားဖူး ထွက်မလားမသိဘူး

Unknown said...

တရားနာတယ်.. တရားနာတယ်ဆိုပြီး... အိပ်အိပ်သွားတာပါလား..
ငါ့အတိုင်းပဲ.. တူလိုက်တာ..
အဟီး...
၁၀ ရက်ဆို.. ငါလည်း မင်းအတွက် Design ကောင်းကောင်းနဲ့ လှလှပပလေးလုပ်ပေးဖို့ အချိန်ရသေးလို့ တော်ပါသေးရဲ့။
အော်..မေ့လို့..
မိတ်ကပ်က ဘယ်သူနဲ့လိမ်းမှာလဲဟင်..
ခင်စန်းဝင်းနဲ့လား..
အောင်အောင်နဲ့လား..
:P

ဗီလိန် said...

တစ်ယောက်တစ်မျိုး သေနေကြပါရောလား။ ဘလော့ဂ်ဂွတွေကုန်တော့မယ်။ ဖြည်းဖြည်းသေကြပါဗျာ။ :)

khin oo may said...

သေချာစဉ်းစားပြီးရေးထားတာပါလား။

thonn thonn said...

ဖတ်ရင်း မျက်လုံးထဲမြင်ယောင်လာတယ်။ မွေးနေ့အတွက်လည်း ပို့စ်လေးတစ်ပုဒ်လောက်ရေးပေါ့။

သံလွင် HeRo said...

ဗျိုးကိုကြီးအိမ်...အကြိုက်တွေတူနေတဲ့အတွက်ဝမ်း
မြောက်လှပါတယ်ဗျာ...၂၀၃ ကတော့ကျနော့တစ်ပတ်
ကိုအနည်းဆုံး၁ခေါက်ရောက်ဖြစ်တယ်.အခုတော့လွမ်း
လိုက်တာဗျာ
ကိုပိစိ
၁၁ရက်မြောက်နေ့မှာကံမကုန်ရင်တော့တားတားအ
ပျော်ကြီးပျော်...အိမ်မှာခြေရုပ်တယ်ဆိုပြီးစလုံးကိုပြန်
ပို့မှာကျိမ်းသေတယ် ဟဲဟဲ

အစ်ကိုဘီး...ဘုရားဖူးသွားရင်ခေါ်လိုက်မယ်

ကိုဖြိုးစကီး...ဒီဇိုင်းလေးတော့လိုချင်ပါရဲ့ဗျာ...ဒါပေမဲ့
ဟိုဟာကြီးတွေနဲ့တော့မိတ်ကပ်မလိမ်းချင်ဝူး...တားတား
ကြောက်ကြောက်

နောင်တော်ဗီလိန်...ကျနော်နဲ့အကြွေးရှိသေးတယ်နော်
ဆပ်ဖို့ပြင်ထားပေတော့...မသိချင်မယောင်ဆောင်ကျေး

တီတီခင်ဦးမေ...ကလေးအတွေးလေးနဲ့ရေးထားတာပါ
အပျော်ပေါ့ဟဲဟဲ

မမမစ်စ်ရေ...မျက်လုံးထဲတောင်ပေါ်လာပေးတဲ့အတွက်
ကျေးဇူးဂျ...ဟုတ်ကဲ့ရေးပါ့မယ်

Anonymous said...

သူ့ ( ၁၀ ) ရက် အလိုက ပျော်စရာကောင်းနေသလိုပဲ ..
ကျနော်ကတော့ ငရဲက ပြန်ခဲ့ပြီ အရင်တပတ်က အန်တီ Dream ခေါ်လို့ ..
ပျော်ရွှင်ပါစေဗျာ :P