October 13, 2008

အချစ်ဆိုသည်မှာ.....

အချစ်ဆိုသည်မှာ...
အချစ်ဆိုသည်မှာ များစွာသော စိတ်ခံစားမှုတွေနဲ့အတူ အတွေ.အကြုံတွေကြောင့်ရခဲ့တဲ့ ပျော်ရွှင်မှုလား။
ဗီးနပ်စ်နတ်သမီးဖန်ဆင်းပေးထားတဲ့ ကိုယ့်ချစ်သူအလှကို ခံစားရင်းထွက်ပေါ်လာတဲ့ ကျေနပ်အားရမှုလား။
ဂရုဏာသက်ရောက်မှု၊ သနားငဲ့ညှာမှု၊ အနွံတာခံတက်မှု၊ တွေကြောင့်ဖြစ်ပေါ်လာတဲ့ စိတ်အလိုလိုက်မှုလား။
အိုးချင်းနားအိုးချင်းထိ၊ ကြိုးချင်းနားကြိုးချင်းညိဆိုသလို အနေနီးမှုကြောင့်ဖြစ်ပေါ်လာတဲ့သံယောဇဉ်များလား။
တစ်ချို့.ချို့တွေကပြောကြတယ်...အချစ်ဆိုတာ ပေးဆပ်မှု.ရယူပိုင်ဆိုင်မှု.ကမ္ဘာမြေကြီး.လေယာဉ်ပျံ.ပန်းသီး....
စုံနေတာပဲဗျာ...တစ်ယောက်နဲ့တစ်ယောက်ဖြစ်ပေါ်လာတဲ့အချစ်တွေကမတူသလို အနက်ထွက်ဆိုမှုလည်း
ကွဲလွဲနေကြတယ်...အဲဒါဆို အချစ်ဆိုတာက ရတနာဦးပြောသလိုလေးများလား...





ကိုမျိုးကျော့ရေးထားတဲ့ အချစ်သီချင်းလိုလား...




အခုထိရေရေရာရာမရှိသေးလှတဲ့ကျနော့်လိုချာတိတ်တစ်ယောက်အတွက်၁၅၀၀ဆိုသောအချစ်ဆိုတာ.....ကြက်ဖတို့ ၉မီလီမီတာကဆိုထားတဲ့ သူငယ်ချင်းအချစ်ကပထမဆုံးဖြစ်ပေါ်ခဲ့သလိုလို... ဖြူစင်သောသံယောဇဉ်တွေကြောင့် ရိုးသားမှုကိုသဓေတည်ပြီး အချစ်တစ်ခုမွေးဖွားခဲ့ဖူးလေရဲ့...


လှပတဲ့ဆွဲဆောင်မှုများကြောင့်နှလုံးသားကိုအရင်းခံပြီးဖြစ်ပေါ်လာတဲ့အချစ်တစ်ခုကလည်း အဆင်ပြေတဲ့

့အချိန်မှာ ပျော်ရွှင်မှု.ကြည်နူးမှုများကိုပေးနိုင်ခဲ့သလို...တစ်ယောက်နဲ့တစ်ယောက်မပြေလည်တဲ့အခါ နားလည်

မှုတွေကွဲလွဲတက်ကြပြီး ညိုနှိုင်းလို့မရတဲ့အချိန်အနေထိရောက်တတ်ကြတယ်...ဒါပေမဲ့တူညီတဲ့အချစ်က ဘာနဲ့

ယှဉ်ယှဉ် အားသာမြဲပါပဲ...


ဆုံမှတ်မရှိတော့တဲ့မျဉ်းပြိုင်နှစ်ခုလို ဝေးကွာခဲ့မှုတွေကြောင့် နောက်ဆုံးအလွမ်းနဲ့ ဆုံးတာကအချစ်လား...

ကျနော့်အတွက်အချစ်ဆိုတာ ရိုးသားမှုလား. သံယောဇဉ်လား.ပျော်ရွှင်ချင်းလား.ယစ်မူးသာယာခြင်းလား.အလွမ်းလား........မှန်တာတစ်ခုကတော့ ရတနာဦးပြောသွားသလို အခုထိဖြေရှာလို့မတွေ.သေးတဲ့ပုစ္ဆာတစ်ပုဒ်ပါလေ...

အဲလောက်ဆိုရင်တော့ ကျနော့်ကိုသတိတရတက်ခ်ထားကြတဲ့ ကိုတောင်ပေါ်သား နဲ့ မမအိမ်မက် တို့ ကျေနပ်နိုင်မယ်ထင်ပါတယ်ဗျာ...

(ref:သီချင်းများကို youtube မှကူးယူထားပါသည်။)

10 comments:

Anonymous said...

ဟားဟ
သီချင်းတွေနဲ့ အချစ်ကို ဖော်ပြထားတယ်ပေါ့လေ
ကိုယ့်ဖာသာပဲ တွေးယူရမယ့် သဘောဖြစ်နေပြီ ..
ကောင်း၏ ကောင်း၏ :P

WWKM said...

ဟတ်ဟတ်..
ဟုတ်ပါရဲ့..
အချစ်ဆိုတာသိချင်ရင် သီချင်းလေးတွေနားထောင်သွား
ရမယ်ပေါ့ ဟုတ်လား မောင်လေး။
အမ ကတော့ အချစ်သိချင်လို့မဟုတ်ဖူး။။သီချင်းလေးတွေတော့ နား
ထောင်သွားပြီနော်။
ခင်မင်လျှက်
မမ၀ါ

Dr Phyo Wai Kyaw said...

်လေ့လာသွားပါတယ်...
အဖြေရမှ ထပ်ရေးပေါ့ဗျာ...

Anonymous said...

သီချင်းတွေနဲ့ တင်တန်သွားပြီးး ကောင်းပါ့ ဟီးရိုးရေ့း)

မောင်bee said...

hero တို့ အထုပ်မဖြည်ချင်တာနဲ့ songsတွေနဲ့ရောချလိုက်တာသိတယ်နော်။ :P

Dream said...

ကျေနပ်ပါဒယ်ဦးဦးတန်ယွင်ရယ်..
သီချင်းလေးတွေ လည်းနားထောင်သွားပါတယ်နော်..
အချစ်အကြောင်းလေးတွေကို သီချင်းလေးနားထောင်ပြီး
ပဲကျေကျေနပ်နပ်နဲ့ ပြန်သွားပါတယ်။ :P :P :)

ဗီလိန် said...

တကယ်တမ်းကျတော့...........
အချစ် = သီချင်းပဲဗျ။
ဟိဟိ သိလိုက်ပြီ။ :)

:P said...

သီချင်းတွေအရမ်းကောင်းတယ်၊
ဒေါင်းလုဒ် လုပ်လို့ရလား:P
ရရင် ဘယ်လိုလုပ်ရမလဲ

တောင်ပေါ်သား said...

ကျေနပ်ပါ့ဗျာ ကျေနပ်ပါ့ တကယ်တော့ အချစ်ဆိုတာ သီချင်းပါပဲဗျာ..

chanye` said...

အချစ်=အချစ်သီချင်းလေးကို ငါလည်းကြိုက်တာပဲ :(
အဲဒီဗီဒီယိုလေးကို ငါ့ဘလော့မှာလည်းတင်ချင်တယ်