October 6, 2008

ဖြစ်သလိုလေးတီးလိုက်တယ်...

ကျနော်ဒီနေ့မနက်စောကြီးအတန်းရှိလို့အိပ်ရာကမန်းကတမ်းထပြီးဖြစ်သလိုပဲရေသောက်ပြီးကျောင်းရောက်သွားခဲ့တယ်.အတန်းဆင်းတော့လည်းဖြစ်သလိုပဲနေ့လည်စာ fish&chip လေးဆွဲ။ ကန်တင်းမှာဘော်ဘော်တွေနဲ့အလာပ
သလာပလေးပြောပြီး၎နာရီလောက်အိမ်ပြန်ရောက်တော့တော်တော်ကြီးကိုဒေါင်းနေပြီ.အဲဒါကြောင့်အဝတ်စား
တောင်မလဲပဲစက်တော်ခေါ်တာ၈ ၃၀ သွားတယ်ဂျ။ တားတားတစ်ရေးနိုးတော့ဗိုက်ကရေလည်အသံမည်
နေပြီ။ အိမ်ရှေ့ထွက်ပြီးစနည်းနာကြည့်တော့အိမ်ကချစ်ကိုကြီးတစ်ယောက်ကရှမ်းပဲပုတ်နဲ့ဂျူးမြစ်ကြော်ကိုထမင်း
နဲ့ဖြစ်သလိုအပီလွေးနေတော့ ကျနော်လည်းအားကျမခံမနေ့ကမှ clementi ရောက်တုန်းစပယ်ကဝယ်လာတဲ့
ပဲပြုတ်ကို oven ထဲမှာနွေးပြီးဆီကလေးဆမ်း ကြက်သွန်နီပါးပါးလှီး ဆား ကြက်သားမှုန့် သကြားလေးရောပြီး
သုတ်လိုက်တယ်ဗျား။ ပြီးတော့ထားဝယ်ငါးပိထောင်းကိုဇွန်းနဲ့ကလော်ပြီး ဂတ်စ်နဲ့ကင်...ထွက်လာတဲ့အနံ့က
တော့ငပိကြားမှာမွေးလာတဲ့ကျနော့်အတွက်တော့ CK enternity နဲ့တောင်မလဲနိုင်ဘူးဗျို့...ဟဲဟဲ ရေတောင်
မချိုးသေးပဲ လက်ကျန်ထမင်းကို စားတော်ပဲသုတ်.ငါးပိဆီဆမ်း.ရွာကအမေပို့ထားတဲ့ငါးခြောက်ထောင်း
နဲ့အပီပြင်ဖြစ်သလိုပဲကစ်လိုက်တာ ဗိုက်ကတော့တော်တော်ကြီးကားသွားတယ်.အူမတောင့်မှဘလော့ရေးနိုင်
မယ်ဆိုသလိုချစ်ကိုကို.မမ.တီတီ.လေးလေးတို့ဆီလည်လည်သွားမယ်အကြံနဲ့ကျနော့်စာမျက်နှာကိုဖွင့်လိုက်
တော့ရှေ့ဆင့်နောက်ဆင့်ဆိုသလိုစီဗုံးလေးထဲမှာ ...
တီတီဝါမမခေါင် နဲ့ ကိုကြီးအိမ်တို့ကတက်ခ်ထားတယ်တဲ့။
" ဖြစ်သလိုလေးပဲတီးလိုက်တယ်..." ဖြစ်တတ်ပါတယ်။ကျနော့်အတွက်တော့်ဖြစ်သလိုစားတဲ့နေ့ရက်တွေကများနေတော့အမှတ်တယဖြစ်သလို
စားခဲ့တာလေးတွေပဲရေးပါရစေဂျ။

ငယ်ငယ်တုန်းကILBCကsummer school မှာဖူးကြီးရေလှောင်တမံကိုလေ့လာရေးခရီးလိုက်သွားဖူးသဗျာ။
အဲဒီမှာ၂ မိုင်လောက်လမ်းလျှောက်ပြီးမောမောပန်းပန်းဖြစ်နေတဲ့ကျနော်တို့ကယေးယေးတွေကို
ကွင်းပြင်ကျယ်ကြီးတခုကိုရောက်တော့ထမင်းပဲကျွေးတော့မလိုလို ၁၀ ယောက်တစ်စုစီခွဲပြီး တဲအရင်ထိုးခိုင်း
တယ်.တားတားဗိုက်ဆာလို့မန်မန်းစားချင်ပီလို့ပြောတော့လည်းမရ။ တဲထိုးပြီး တဲတခုမှာဆန် ၁၀လုံး.
ငါးသတ္တော ၅ဘူး.ဘဲမှိုပေါင်း၅ဘူးစီလာဝေသွားပြီး.၂ယောက်တစ်အိုးထမင်းချက်.ဟင်းတွေက၁၀ယောက်မျှမျှ
တတဝေစားရမယ်တဲ့...ဗြဲ...သားသားငိုချင်စိတ်ပေါက်သွားတယ်...လိုက်လာပြီးမှတော့မီးစင်ကြည့်ကရတော့
တာပေါ့ဂျား။ ကျနော်ကပထမဆုံးထင်းနဲ့ကျောက်တုံးသွားရှာ.အနော့်သူငယ်ချင်းက Oasis ရေသန့်ကြီးနဲ့
ဆန်ဆေး.နောက်တော့ကျောက်တုံးကြီးနှစ်တုံးကြားမှာမီးထည့် တုတ်ချောင်းကြီးကြီးတစ်ချောင်းကြားမှာစစ်သား
တွေရှေ့တန်းမှာချက်တဲ့ထမင်းအိုးလေးကိုချိတ်ပြီးတည်ခဲ့ရတယ်.ပျော်ဖို့တော့်ကောင်းသား.အတန်းကြီးကကိုကို.မမတွေကဆရာကြီးစတိုင်လ်နဲ့အဆင်ပြေလားဘာလားလိုက်မေးနေတော့အားကိုးတကြီးသူတို့ကိုဆရာတင်မိပြီး
ထမင်းအိုးနှပ်ခိုင်းလိုက်တော့တားတားတို့၂ယောက်စားမဲ့ထမင်းအိုးလေးကတူးနံ့လေးကသင်းသင်းလေးထွက်
လာပြီ။ ကျနော့်တို့သူငယ်ချင်းနှစ်ယောက်တစ်ကိုတစ်ယောက်ကြည့်ပြီး ဝါးဟားဟား.....လို့အော်ရီပြီး နောက်
ဆုံးတော့ မီးခိုးနံ့.တူးနံ့လေးနဲ့ထမင်းကိုငါးသေတ္တာ.ဘဲပေါင်းမှိုနဲ့အပီကစ်တာ...ဆာနေလို့လားမသိ...အကုန်လုံး
ကိုပြောင်ရော...ငယ်ငယ်ကအိမ်မှာလူကြီးတွေအပြင်သွားတုန်းဟင်းမရှိတာနဲ့ဒုရင်းသီးကိုထမင်းနဲ့နယ်စားခဲ့တာလေးတွေ.....
ဆယ်တန်းပြီးတော့သူငယ်ချင်းတွေနဲ့တူတူနေပြီးဖြစ်သလိုဝမ်းမီးကိုငြိမ်းခဲ့တာလေးတွေ.....ညသန်းခေါင်ကြီးဖရေဇာလမ်းမကြီးရဲ့လမ်းဘေးထမင်းဆိုင်လေးတွေမှာဖြစ်သလိုစားခဲ့တာလေးတွေ.....
ကျနော့်ရဲ့ဖြစ်သလိုလေးတွေကအခုပြန်တွေးမိတော့ပျော်ဖို့အကောင်းသား...အစဖော်ပေးခဲ့တဲ့ချစ်ကိုကို.မမ.တီတီ.ဦးဦးတို့ကိုလည်းကျေးဇူးဂျ...နောင်များကြုံရင်ကြုံကြိုက်သလိုပြောပြပါ့မယ်...ဟဲဟဲ။
အလှည့်ကျမနွမ့်စတမ်းဆိုသလိုပဲ...ကျနော့်ဆီမှာကံစမ်းမဲပေါက်ပြီးအခုတက်ခ်ကလေးကိုနောက်ထပ်ရေးပေးမဲ့သူတွေက
ကိုတောင်ပေါ်သား
ကိုဗီလိန်
မလင်းလက်ကြယ်စင်
မမdream
နန်ယန်းပိုလီကedukingတို့ဖြစ်ပါတယ်...ဖြောင်း...ဖြောင်း...ဖြောင်း ။

7 comments:

Anonymous said...

ဟက်ဟက် ကောင်းပါ့ဗျား တချိန်က အဖြစ်လေးတွေပေါ့ဗျာ မှတ်သားလောက်ပါတယ်။
ဘာမှမပူနဲ့ နောက်တတက် ထပ်လာမယ်ဗျား ရေးဖို့သာ
ပြင်ထား ကိုယ့်ဆရာ

WWKM said...

(အိမ်ရှေ့ထွက်ပြီးစနည်းနာကြည့်တော့အိမ်ကချစ်ကိုကြီးတစ်ယောက်ကရှမ်းပဲပုတ်နဲ့ဂျူးမြစ်ကြော်ကိုထမင်း
နဲ့ဖြစ်သလိုအပီလွေးနေတော့ ကျနော်လည်းအားကျမခံမနေ့ကမှ clementi ရောက်တုန်းစပယ်ကဝယ်လာတဲ့
ပဲပြုတ်ကို oven ထဲမှာနွေးပြီးဆီကလေးဆမ်း ကြက်သွန်နီပါးပါးလှီး ဆား ကြက်သားမှုန့် သကြားလေးရောပြီးသုတ်လိုက်တယ်ဗျား။ ပြီးတော့ထားဝယ်ငါးပိထောင်းကိုဇွန်းနဲ့ကလော်ပြီး ဂတ်စ်နဲ့ကင်...ထွက်လာတဲ့အနံ့က
တော့ငပိကြားမှာမွေးလာတဲ့ကျနော့်အတွက်တော့ CK enternity နဲ့တောင်မလဲနိုင်ဘူးဗျို့...ဟဲဟဲ ရေတောင်
မချိုးသေးပဲ လက်ကျန်ထမင်းကို စားတော်ပဲသုတ်.ငါးပိဆီဆမ်း.ရွာကအမေပို့ထားတဲ့ငါးခြောက်ထောင်း
နဲ့အပီပြင်ဖြစ်သလိုပဲကစ်လိုက်တာ ဗိုက်ကတော့တော်တော်ကြီးကားသွားတယ်.) ..ဂလု..ဂလု... ဟင်း..သူ့ဖြစ်သလိုလေးဖတ်မိမှပဲ ဗိုက်ပိုဆာ
သွားပြီ။ ရှမ်းပဲပုတ်၊ ဂျူးမြစ်ကြော် ၊ ငါးပိဆီဆမ်း ၊
ငါးခြောက်ထောင်း.. ရှယ်မှရှယ်။ တော်ပြီ..အနံလေးပဲ
ခံသွားတော့မယ်။ အဟီး..
မောင်လေးရေ.. ကျေးဇူးနော် ။

Dream said...

အဟင့်..... ရှမ်းပဲပုတ်၊ ဂျူးမြစ်ကြော်... အဲဒါ
တွေစားချင်နေပါတယ်ဆိုမှ... ဟွန့်... သူများကို
သားရေကျ သွားအောင်..လုပ်သွားတယ်... ကျွေးတော့မကျွေးပဲနဲ့.. :(

ရဖူး..ရဖူး... အဲဒါချားမယ်...အထုကျွေး..
မကျွေးယင်... မပျံဒေါ့ဖူး.... ဒါဖဲ.. :P :P

ခေါင်ခေါင် said...

ဟီးရိုးရဲ့ ဖြစ်သလိုလေး စားချင်လိုက်တာ...
စားတော်ပဲ လေးနဲ့ ငပိဖုတ်သုတ်လေးနဲ့.....

ဗီလိန် said...

ဖြစ်သလိုကို ဖြစ်သလိုမရေးချင်လို့ပါ။ ခဏစောင့်နော်။ :)

သံလွင် HeRo said...

ကိုအိမ်ကြီးအကြွေးရှင်းနေပြီနော်...တီဝါရယ်.မမအိမ်မက်ရယ်.မမခေါင်ရယ်ကို ဒီလင်ဘလီပို့ပေးလိုက်
မယ်ဟဲဟဲ...နောင်တော်ဗီလိန်မြန်မြန်ဗျို့

Anonymous said...

ဟား ဗိုက်တောင် ပိုဆာလာသလိုပဲ .. ဟင်းမရှိပါဘူး ဆိုမှနော် ..
ဖတ်ရတာလေးတွေ ပျော်စရာကောင်းတယ်ဗျာ ..
များများသာ ဆက်ရေး အားပေးပါတယ်ဗျာ