October 26, 2008

ဆွဲဆောင်မှုကောင်းပေမဲ့ ကျေနပ်မှုမပေးနိုင်ခဲ့တဲ့ရုပ်ရှင်တစ်ကား

ကြော်ငြာအားကောင်းပြီး ထွေလာမှာရိုက်ပြထားတဲ့ အခန်းတွေဆွဲဆောင်မှုရှိတဲ့အတွက် The coffin က ကျနော်တို့သွားကြည့်တဲ့ ပထမဆုံးရက် mid-night showမှာလူများပြည့်လုနီးပါးပါပဲ။ (အောက်တိုဘာ ၃၀ရက်နေ့မှာပြသမှာဖြစ်ပေမဲ့ အခုကြိုပြီးပြသခဲ့ပါတယ်) Shutterကနာမည်ကျော်ထိုင်းမင်းသား Ananda Everingham နဲ့
ထိုင်ဝမ်မင်းသမီး Karen Mok တို့ပါဝင်သောကြောင့်လည်း
လူတော်တော်များများကကောင်းမယ်လို့မျော်လင့်ထားခဲ့ကြပါတယ်...သို့သော် ကျနော်တို့ကောင်းမယ်လို့မျော်လင့်ထားပေမဲ့ ထင်သလောက်မပေါက်ခဲ့ပါ။ဇာတ်အိမ်အရထိုင်းရဲ့တစ်ကယ့်ဖြစ်ရပ်မှန်
ဇာတ်လမ်းတစ်ပုဒ်ကို ဒါရိုက်တာ Ekachai Uekrongtham ကကောင်းဆုံးဖြစ်အောင် ဖန်တီးထားပေမဲ့တကယ်တမ်းကျတော့....
အောက်လမ်းနည်းပညာ၊ ရိုးရာကုသမှု နဲ့ စုန်းတစ္ဆေယုံကြည်မှုများတဲ့ထိုင်းနိုင်ငံမှာ လူသေတွေထည့်တဲ့အခေါင်းထဲမှာဝင်အိပ်ပြီးမကောင်းသောကံဆိုးခြင်းများရောဂါဝေတနာများပျောက်ကင်းတယ်လို့ယုံကြည်မှုတွေမှုတွေကြောင့် လူတော်တော်များများကကြောက်လန့်မှုတွေရှိပေမဲ့ အခေါင်းထဲမှာအိပ်စက်ခြင်းကို ပွဲတော်တစ်ခုအနေနဲ့ကျင်းပလေ့ရှိပါတယ်။ ဒါပေမဲ့တစ်ချိန်မှာတော့...ခေါင်းထဲဝင်ပြီးကုသသူတွေရဲ့ရောဂါတွေဟာပျောက်ကင်းသွားပေမဲ့တစ်ချိန်တည်းမှာ မိမိချစ်နှစ်သက်သူတစ်ယောက် မထင်မှတ်ပဲတိုက်တိုက်ဆိုင်ဆိုင်ဆုံးရုံးသွားတဲ့ ဖြစ်ရပ်တွေပေါ်လာပါတယ်ဗျ။ဘယ်လိုတိုက်ဆိုင်မှုတွေဖြစ်ပေါ်လာလဲဆိုတာတော့...ကင်ဆာဖြစ်နေတဲ့မင်းသားနဲ့ Brain tumor ရနေတဲ့မင်းသမီးတို့ အခေါင်းထဲမှာ အိပ်စက်လို့အပြီးဖြစ်ပေါ်လာတဲ့သွေးပျက်စရာ ဇာတ်လမ်း.ပရော်ဖတ်ဆာတစ်ယောက်အကူညီကြောင့် သိရှိခဲ့ရတဲ့သူရဲတွေအကြောင်း...ဟဲဟဲ အရသာပျက်သွားမှာမို့ဆက်မပြောတော့ပါဘူးဂျ ။ sound effectတွေကကြောက်လန့် သွေးထိပ်ဖို့ကောင်းပြီးဇာတ်လမ်းသဘောအရစိတ်ဝင်စားဖို့ကောင်းပေမဲ့ ဒါရိုက်တာရဲ့ရှုပ်ထွေးလှတဲ့ တင်ပြမှုဆက်စပ်မှုမရှိတာတွေကြောင့် ပရိတ်သတ်စိတ်ကြိုက်မဖြစ်ခဲ့ရကြောင်းပါဗျာ...
youtube မှာတင်ထားတဲ့ထွေလာလေးကိုရှုစားကြည့်ပါခင်ညား...။

7 comments:

Anonymous said...

အဲတော့ သွားကြည့်သင့်သလား၊ မကြည့်သင့်ဘူးလား ညီရေ။ စိတ်ကျေနပ်မှုမရှိဘူးဆိုကတည်းကတော့ နည်းနည်းတော့ စဉ်းစားမိသွားပြီ။ ရုပ်ရှင်တစ်ကားက အပြီးသတ်မှာ စိတ်ကျေနပ်မှုရမှ ဖြစ်မှာမဟုတ်လား ... အဲတော့ ကဲ ... ဘာလုပ်သင့်သလဲ ညီ?

khin oo may said...

စိတ်ကြိုက် မဖြစ်တာ ကိုထွေလာကြည့်ခိုင်းနေသေးတယ်။ ကြည့်ဘူး။

:P said...

ဇာတ်လမ်းပဲအစအဆုံးပြန်ပြောပြတော့...
သွားမကြည့်တော့ဘူး..:D

ဗီလိန် said...

ဟုတ်တယ် ပြောပြလိုက်ပြီးနေတာပဲကို။ စိတ်ဝင်စားဖို့မကောင်းပါဘူးဆိုမှ သွားကြည့်တော့ဘူး ပြောပြတော့။
ဟုတ်တယ်ဗျ။ ဇာတ်လမ်းက နားမလည်အောင်ရိုက်ထားရင် ဘယ်သူကကြည့်ချင်မှာတုန်း

Anonymous said...

ညီလေးရေ ဒီမှာက ဘယ်မှာ သွားကြည့်ရမှန်းလည်း မသိ ..
ဇာတ်လမ်းလေး အပြည့်ရရင် တင်ပေးပါဦးဂျို့
ဆန့် တငင်ငင်ကြီး အလုပ်ပါနဲ့ :P

WWKM said...

ဟုတ်တယ် မမခင်ဦးမေ ပြောသလိုပဲ မကြိုက်တာကို
များထွေလာကြည့်ခိုင်းနေသေးတယ်.. ကြည့်တော့ဘူး။
အရမ်းကောင်းတယ်ဆိုမှကြည့်မှာပေါ့။ :P

ဇင်ယော် said...

အဟဲ တားတားက သွေးပျက်စရာဆို မကြည့်ရဲဘူး။ ကြောက်တတ်တယ်။ သွေးဆို ၀က်ခြံညှစ်တာတာင် ရဲရဲမကြည့်ဝံ့ဘူး။ ဟီး နေတာကတော့ ဆင်မလိုက်ဝက် သတ်ရုံဘေးတင်။ ဟေဟေ.။