October 5, 2008

ဟဲပီးဆန်းဒေးနေ့လည်စာ

တစ်ပတ်မှတစ်ရက်လောက်သာလူဆုံဖြစ်တဲ့ကျနော်တို့ရဲ့ခြသေ့င်္ကျွန်းသစ်တောထဲကအိမ်မှာရွှေညီကိုများနဲ့နေ့လည်
စာမရောက်ညနေစာမဖြစ် ၄း၃၀ လောက်မှာ မနက်စာနဲ့ ဖြစ်သလိုပေါင်းစားခဲ့ကြတယ်ဂျ...အလုပ်မှရသော
ဝင်ငွေမဟုတ်ဘဲ (သဘောပေါက်ကြပါခင်ဗျား) ရေလျှံနေတဲ့ ဥက္ကာနဲ့ချေဇီက black pepper crab နဲ့ chilli crab ကျွေးမယ်ဆိုတော့ ဘယ်ရမလဲ...ကျနော်လည်းစားရကံကြုံတုန်းမုတ်ဆိတ်ပျားစွဲသဗျာ...ဟဲဟဲ...
ကျနော့်ရဲ့အိမ်ကရွှေညီကိုတွေတည်ခင်းဧည့်ခံတာကို ဘလော့ဂါကိုကို.မမ.ဦးဦး.အန်တီတို့လည်းဝင်ရောက်သုံး
ဆောင်နိုင်အောင်တင်ပေးလိုက်ပါတယ်...စားကြပါခင်ညား...လုံးဝအားမနာကြေး...ညကြရင် pizza hut ကျွေးအုံးမယ်တဲ့...ဒီတပတ် ဆန်းဒေးတော့တားတားပိုက်ဆံမကုန် ရှလွတ်...



ဥက္ကာကိုယ်တိုင်ကြော်ထားတဲ့ကြက်ဥဂေါ်ဖီကြော်ပါ...ကောင်းမှကောင်း



ဒါကတော့ရွှေတုတ်ကြက်ခြေနီသုတ်...ဂေါ်ဖီ.ခရမ်းချဉ်သီး.ရေချိုပုဇွန်ခြောက် နဲ့ရောထားတယ်ဆိုတော့
ရှယ်ဗျို့။





Chilli Crab Vs Pepper Crab
ဂဏန်းကတော့အိမ်အောက် hawker center ကပါ...ကြိုက်တာသာစားကြပါတော့ဗျို့...ညကျရင်ပီဇာလာကျွေး
မယ်ဗျ...အခုဒါလေးနဲ့အရင်ကျေနပ်နှင့်ပါဂျ...

14 comments:

megumi said...

ဂဏန်းကြီး လာစားတာ၊ မဝသေးလို့ အိမ်သယ်သွားပြီ။ အိမ်ရောက်မှ ဆက်စားတော့မယ်။ :P :P

ရွှန်းမီ said...

အား.. ကနန်း.. ကနန်း.. =)
ကြောက်ကြောက်..

Unknown said...

အသေသာသတ်လိုက်ပါတော့ဗျာ ... :( ဟင့်..။ ဂယ်လည်းကျွေးပဲနဲ့ ... ရှလွှတ် :P

ဇင်ယော် said...

အီး ပုံကြည့်ပြီး တားရေယိုလာတယ်။ တားတား ဗိုက်ချာလာပြီဂျ။ ဦးရေးတို့ ရေ အခုပဲပို့ လိုက်ပါလားဂျာ။

မသက်ဇင် said...

အားလုံးသွားရည်ယို စရာတွေပဲနော်---
တော်လိုက်ကြတာ-----
စင်္ကာပူမှာ သူငယ်ချင်းမိတ်ဆွေတွေ အများ
ကြီးဖြစ်နေပြီ---လာဖြစ်အောင်ကိုလာလည်မယ်----
လာလည်ရင် တကယ်ကျွေးရမှာနော်---
ခင်မင်လျက်
မသက်ဇင်

ခေါင်ခေါင် said...

သူတို့ကျတော့လည်း happy sunday meal တွေလုပ် ပြီး ပျော်နေလိုက်ကြတာ.. ..

Chilli Crab ကလဲ တော်တော်စားကောင်းမှာနော်..

တစ်ကယ်လဲ မကျွေးပဲနဲ့..
တော်တော် ရက်စက်တဲ့ ဟီးရိုး..

မနာလိုဘူး..
မခေါ်ဘူး...သွား..

မီးငယ် said...

ရက်စက်ပီ...တကယ်လည်းမစားရပဲနဲ့... အဟင့်အဟင့်

Unknown said...

သူလေးလဲ ဟင်းချက် တက်သားပဲ ;)

khin oo may said...

မြတ်စွာ ဘုရား age 19 ဆိုပါလား။ တို.တူက ၁၆ . အခု ၁၀ တန်းအောင်ထားတယ်။ ဘလော.လုပ်တတ်မယ် မထင်ဘူး။ ကဗျာလည်း စပ်တတ် မယ် မထင်ဘူ။ game ဆော.နေတာဘဲ တွေ.တယ်။ ဘယ်အချိန်ကသင်ထားသလဲဟင်။ ရည်းစားရောထား တတ်ပြီ လား။ အလုပ်မှ မရတဲ.ပိုက်ဆံ့ ကတော. တခါမှ မကြားဘူ.းဘူ. သဘော မပေါက်ပါ။ တကယ်။
ကြက်ဥ ဂေါ်ဖီက ပြောလို.သာ သိရ. မဟုတ်ရင် ဒါ ဘာဟင်းလည်းဟင်လို.မေးရမယ်။
ကြက်ခြေနီသုတ်က ဘာလီု.ဖြူနေတာလဲဟင်။
ဂင်္ဏးန်းကတော.မဆိုးဘူး။ ပြောစရာ မလိုဘူးး ဒါပေမဲ.ဆိုင်ကမိုလို.ကို.း
ကဲ Pizza ဘဲ ကျွေးပါတော.ဗျူို့....

Anonymous said...

လာခေါ်လို့  စားရတာပေါ့ ဂဏန်းက အရိုးကြီးပဲ ကျန်တော့တယ် မင်းစားလို့ အသားတွေ ကုန်ပြီဟုတ်း)

Unknown said...

ရှလူး.. ရှလူး...

ကောင်းမှကောင်း...

တကယ်စားလိုက်ရသလိုပဲ.. ဟွင့်...

:P

Phyo Evergreen said...

Black pepper ကဏန်းစားချင်ပါတယ်..။ ဂယ်ဝယ်ကျွေးပါချင်ဗျ..။

Anonymous said...

မနေ့ကမအားလို့ ဒီနေ့မှ ပုံကြည့်ပြီး သွားရည်လာယိုတာ.. ဟဲ
ဂဏန်းကြီး..... စားလို့ကောင်းမယ့်ပုံနော်......
ဒါနဲ့ pizza ရော ကုန်သွားပြီလား...... :)

မောင်bee said...

အော မောင်bee ... မောင်bee... အလာကောင်းပေမယ့် အခါနှောင်းခဲ့ပြီ။ ဘာမှကို မကျန်တော့ပါလား ကွယ်။ :(