October 4, 2008

ဘယ်သူလဲ.....?


သံယောဇဉ်...
ဖြတ်ရခက်တယ်ဆိုတာ
ရစ်ဖွဲ.မိမှသိပြီပေါ့
သက်မဲ့နေတဲ့
နှလုံးသားကို
ချစ်တက်လာအောင် ပြုစားထားခဲ့သူ.....။
၅၂၈ မှ ၁၅၀၀ သွင်ပြောင်းကာ
အဖြူရောင်စည်းကို အရောင်ခြယ်ခဲ့တဲ့သူ.....။
အဖော်မဲ့တဲ့ရင်ခွင်ကို
နွေးထွေးစွာဖက်ရင်း
အကြင်နာစကားတွေ ဖလှယ်စေသူ.....။
ခါးသက်သက်အရသာ
စွဲလန်းစေတဲ့အနံ့ရှိတဲ့
ကော်ဖီပြင်းတွေသောက်အောင် သင်ပြပေးခဲ့သူ.....။
နေညိုချိန်
ကန်ဘောင်မှာ
ပျော်ရွှင်ဖွယ်နေ့ရက်တွေဖန်တီးသူ.....။
ခံစားချက်တွေကို
ကဗျာအသွင်
သီဖွဲ.တက်အောင် လမ်းပြပေးသူ....။
နောက်ဆုံးတော့
အရည်ပျော်နေတဲ့နှလုံးသားကို
ပာက်တက်ကွဲစေပြီး
သင်္ကြန်ရေနဲ့ မျှောပေးခဲ့သူ.....။
မိုးထဲမှာလမ်းလျှောက်ရင်း
တလိမ့်လိမ့်ကျလာတဲ့မျက်ရည်တွေကို
လူမမြင်အောင် ကွယ်ဝှက်ပေးသူ.....။
သူ.....။ သူ.....။ သူ.....။ ဘယ်သူလဲ.....။

8 comments:

WWKM said...

ကောင်းလိုက်တဲ့ ခံစားချက်ကဗျာလေးတစ်ပုဒ်ပဲ
မောင်လေးရေ... တော်ပါပေ့...း)

မသက်ဇင် said...

အရည်ပျော်နေတဲ့နှလုံးသားကို
ပာက်တက်ကွဲစေပြီး
သင်္ကြန်ရေနဲ့ မျှောပေးခဲ့သူ.....။

ဒီအပိုဒ်လေးကောင်းတယ်---ကဗျာတွေလှတယ်-
အတွေးကောင်းတယ်---
ဆက်ရေးပါ--
အားပေးနေပါတယ်---
ခင်မင်လျက်
မသက်ဇင်

mgngal said...

တလိမ့်လိမ့်ကျလာတဲ့မျက်ရည်တွေကို သုတ်လိုက်ဦးဗျ။
လူမြင်ရင် ရှက်စရာကြီး ။ ဟိးဟီး။ င်္ဒီအရွယ်ကြီးရောက်မှ။ :P

ဗီလိန် said...

အဲဒါဒူရဲဟင်။
:)

ဇင်ယော် said...

အဖြူရောင်စည်းကို အရောင်ခြယ်ခဲ့တဲ့သူတဲ့ ။ သူကခြယ်ပြီး ခုတော့သူကပဲ ပာက်တက်ကွဲအောင် လုပ်လိုက်တယ်ပေါ့။ ရက်စက်တယ်ဗျ။ ဒါနဲ့  အဲဒါ အဒူလေးတုန်း။

ခေါင်ခေါင် said...

ဘယ်သူလဲ ..ပြော..

သံလွင် HeRo said...

ကောင်းတယ်လို့ပြောသွားတဲ့တီဝါနဲ့တီတီသက်ဇင်ကို
ကျေးဇူးဂျ...ဟဲဟဲတားတားမြောက်တက်သွားပီ...ဟီး
သိချင်နေကြတဲ့မမ နဲ့ ကိုကိုတွေကိုတော့
နောက်ကြုံရင်ပြောပါ့မယ်...အခုတော့...ရဝူး :P

Anonymous said...

ခံနိုင်ရည်တွေပိုကောင်းလာအောင်လေ့ကျင့်ပေးတယ်လို့ပဲ
မှတ်လိုက်ရင် ... သူ့ကိုကျေးဇူးတင် ...။
ငြိမ်းစိုးဦး