အားလုံးမဂ်လာပါခင်ဗျား... အနန္တော အနန္ဒငါးပါးအားဦးထိပ်ထားလျက်ပထမဆုံး ကျနော့်မွေးသဖခင်ကျေးဇူးရှင်ပါပါး နဲ့ မာမားအားကျနော့်မွေးနေ့ နှင့်အတူ သီတင်းကျွတ်ကန်တော့ပန်း...ကျနော့်မွေးနေ့ပွဲကလေးကိုမပျက်မကွက်တက်ရောက်ကြတဲ့ဘလော့လောကမှချစ်ကိုကို.မမ.တီတီ.ဦးဦးများ
ကျနော့်ရဲ့ချစ်လှစွာသောသူငယ်ချင်းများအားလုံးကိုကျေးဇူးအထူးတင်ရှိပါကြောင်းနှင့်
ကျနော့်ထက်အသက်.ဝါကြီးမြင့်သော ဘလော့ဂါလောကသားတို့အား သီတင်းကျွတ်ဂါရဝါပြုကန်တော့ပါတယ်။
ဒီနှစ်ကျရောက်တဲ့ကျနော့်မွေးနေ့က ဆယ်ကျော်သက်ကုန်လွန်သွားသော ကျနော့်အတွက်
ထူးထူးခြားခြားဖြစ်သလို အမှတ်တရပျော်ရွှင်ဖွယ်များလည်း ပေါင်းစုခဲ့ပါတယ်...ချစ်သောကျနော့်ရဲ့ဘလော့
မိသားစုလေးလည်း ပျော်ရအော်ဓာတ်ပုံလေးများလည်းမျှဝေပေးပါရစေဗျ...
ကျနော့်ထက်အသက်.ဝါကြီးမြင့်သော ဘလော့ဂါလောကသားတို့အား သီတင်းကျွတ်ဂါရဝါပြုကန်တော့ပါတယ်။
ဒီနှစ်ကျရောက်တဲ့ကျနော့်မွေးနေ့က ဆယ်ကျော်သက်ကုန်လွန်သွားသော ကျနော့်အတွက်
ထူးထူးခြားခြားဖြစ်သလို အမှတ်တရပျော်ရွှင်ဖွယ်များလည်း ပေါင်းစုခဲ့ပါတယ်...ချစ်သောကျနော့်ရဲ့ဘလော့
မိသားစုလေးလည်း ပျော်ရအော်ဓာတ်ပုံလေးများလည်းမျှဝေပေးပါရစေဗျ...
လူစုရခက်လှတဲ့ကျနော့်သူငယ်ချင်းတွေနဲ့ မရမကစုံအောင်စုပြီးမွေးနေ့မရောက်ခင်နေ့မှာပဲအားလုံးကအားကျ
လို့ jurong east-capital mall မှာဆုံဖြစ်ပြီး ပထမဆုံး နေ့လည်စာစားပြီး ဘိလိယက်ထိုးကျတယ်. အဲဒီနောက်
ဓာတ်ပုံရိုက်ဆိုင်ထဲဝင်ပြီး သောင်းကျန်းကြတာပေါ့ဗျာ...လူက ၁၀ ယောက်ရှိလို့အကုန်လုံးမပါဝူးဖြစ်သွားတယ်။
လိုက်ရင်း နောက်ဆုံး jurong east က ဖောင်းဖောင်းတို့အိမ်မှပဲ spaghetti လုပ်စားကြဖို့အားလုံးသဘောတူ
လိုက်ကျတော့ IMM က giant ကိုအမြန်ပြေးပြီး လိုရမယ်ရဝယ်ကြရတာပေါ့ဗျာ...ဖောင်းဖောင်း.ဟန်နီ.မီးပု. နဲ့
အိရွှေစင်တို့အဖွဲ.က ကျနော့်မွေးနေ့အတွက် ရှယ်ချက်ပေးကြပါတယ်...ကဲချစ်မမ.ကိုကို.ဦးဦး.တီတီတို့လဲသုံး
ဆောင်ပါအုံး...
ဒုတိယမွေးနေ့ပွဲလေးကို ကျနော်တို့ woodlands casino family ကမွေးနေ့ချင်းသိပ်မကွာတဲ့ခက်ခက်နဲ့ပေါင်း
ပြီး SIM ကသူငယ်ချင်းများအတွက် clementi ကဂျပန်ဆိုင်လေးမှာပြုလုပ်ပေးခဲ့ပါတယ်ဗျား...
မွေးနေ့လက်ဆောင်အနေနဲ့ ဂျပန်ဆိုင်ကပေးတဲ့ဝိုင်တွေနဲ့လည်း...ဟဲဟဲ
ကျေးဇူးတင်လွှာ
အခုချိန်ထိ ကျွေးမွေးပြုစုနေပါသောကျနော့်ကျေးဇူးရှင်ဖေဖေ နဲ့ မေမေ...
မွေးနေ့အမှတ်တရကဗျာလေးလက်ဆောင်ပေးခဲ့သော ထားဝယ်မှဆရာမဒေါ်ဆွေသန်း နှင့်မသီတာ...
မွေးနေ့မတိုင်မီကပင် မွေးနေ့ဆုတောင်ပေးနေသောသူငယ်ချင်းများ နဲ့ ည ၁၂ နာရီထိစောင့်ပြီးဆုတောင်းပေး
ခဲ့ကြတဲ့သူငယ်ချင်းများ.ဘလောဂါကိုကို.မမ များ.....
ဘလော့လောကမှ မွေးနေ့ပွဲတက်ရောက်ပြီး စီဗုံး နဲ့ ကွန်မန်းတွေမှာ ကွန့်ပြီး တန်ဖိုးမဖြတ်နိုင်တဲ့ စကားလုံးများရေးပေး ခဲ့တဲ့ချစ်ကိုကို.မမ.ဦးဦး.တီတီများ...
friendster, g-talk, MSN, E-mail, SMS, phone တို့မှတဆင့် birthday wish လုပ်ပေးခဲ့တဲ့သူငယ်ချင်းများ...
ပျော်စရာကောင်းတဲ့ home party ဖန်တီးပေးတဲ့သူငယ်ချင်းများ နဲ့ spaghetti ချက်ပေးတဲ့သူများ...
clementi ave 4 ထိတကူးတကလာပြီး အားပေးခဲ့ကြတဲ့ SIM, RMIT, UOL တို့မှဘော်ဒါကြီးများ...
အမှတ်တရမွေးနေ့လက်ဆောင်ပေးခဲ့ကြသူများ...အားလုံးအားလုံး ကို ကျေးဇူးအထူးပင်တင်ရှိပါတယ်ခင်ဗျား ။
(အနေဝေးနေလို့မွေးနေ့ပွဲမဖိတ်ဖြစ်ခဲ့တဲ့သူငယ်ချင်းများလုံးလည်း နားလည်ပေးနိုင်မယ်လို့မျော်လင့်ပါတယ်...)
8 comments:
Happy Birthday!!
Many happy return of the days...
SMNTL
မွေးနေ့ က ရှယ်ပါလား ကျင်းပနေလိုက်တာ ။တကယ်စားချင်တယ် အပြာနဲ့  ပြောင်စပ်စပ်ကောင်က ဘယ်သူလဲး)
ညီရေ ညီရဲ့ မွေးနေ့လေးက ပျော်စရာလေးတွေနဲ့ ပြည့်စုံတယ်ဗျာ.. ညီလည်း အဲလိုပျော်ရွှင်မူ အပေါင်းနဲ့ မိသားစုနဲ့ ဘ၀သက်ဆုံး နေနိုင်ပါစေလို့ ဒုတိယမိ ဆုတောင်းပေးပါတယ်နော့်
အလို၊ တိုက်တိုက်ဆိုင်ဆိုင်ပါလားငါ့ညီ..
၁၁ နှစ်တိတိကွာပေမဲ့ ကိုယ်လည်းညီ့လိုပဲ နုတုန်းပျိုတုန်းပါပဲ.. ငှဲငှဲငှဲ..
ဩော်.. မေ့နေလိုက်တာ.. ဟက်ပီး belated ဘတ်ဒ်ဒေးပါကွာ..
happy birthday ပါဗျာ အလာနောက်ကျတာ ဆော်တီးနော်
HAPPY BIRTHDAY TO U. :P
သူငယ်ချင်းတွေနဲ့ ပျော်စရာ ။
ခင်တဲ့
မမ၀ါ
မောင်လေး ရဲ့ မွေးနေ့ အပျော်လေးတွေ ကို ဝေမျှခံစားသွားပါတယ်။
အဆင်ပြေပါစေ.. မောင်လေးရေ...
အလုပ်မရှုပ်တော့ရင်လာလည် ဦးနော်
ညီရေ ခုမှတွေ့လို့ကွာ ပထမဆုံး မွေးနေ့ဆုတောင်းကတော့ ခု ဒီမွေးနေ့မှာ ပျော်ခဲ့ရသလို နောက်နောင် နှစ်တွေမှာလည်း ဒိထက်မလျော့တဲ့ အပျော်မျိုးနဲ့ သူငယ်ချင်းတွေ အတူတကွ ကျင်းပ နိုင်ပါစေလို့ .. ညီတို့ အဖွဲ့ကြည့်ပီး အကိုတောင် အားကျရဲ့ကွာ :)
Post a Comment