October 20, 2008

ဘရုတ်သုတ်ခအကျဆုံးနေ့တစ်နေ့


အခုတလောကျနော်တစ်ယောက်အလုပ်တော်တော်ရှုပ်နေပုံရပါတယ်
ဗျာ။ တစ်နေ့တစ်နေ့ကျောင်းသွား.အဆိုင်းမင့်လုပ် ဘလော့လည်ရင်းနဲ့ ပဲစာမရေးဖြစ်တာ ၁ပတ်လောက်ရှိနေပြီ။
ဒီနေ့တော့မဖြစ်သေးပါဘူး ရေးမှပဲဆိုပြီး မုဒ်သွင်းနေတုန်း တီတီဝါတစ်ရောက်စီဗုံးမှာလာအော်သွားမှသတိရတယ်...တက်ခ်အကြွေးကျန်သေးတယ်တဲ့...
အားပါးပါး...ဟုတ်သားပဲဗျာ...တီဝါတက်ခ်ထားတာဖြစ်ကြာလှပြီ...အခုမှသတိရတယ်(မေ့ချင်ယောင်ဆောင်နေလားတော့မသိ) တီဝါရေ...ချောတီးနော်...တားတားအခုရေးပေးမယ်...ဟဲဟဲ.....။
ဘရုတ်သုတ်ခကြဆုံးနေ့တဲ့။ စဉ်းစား...စဉ်းစား...ဘရုတ်သုတ်ခနေ့လေးတွေကတော့တော်တော်များသား...ဘယ်တစ်ရက်ကိုရေးရင်ကောင်းမလဲဆိုတော့...ဟုတ်ပြီ...လွန်ခဲ့တဲ့မတ်လတုန်းကမြန်မာပြည်ပြန်ဖြစ်တော့ထားဝယ်သားတို့ရဲ့သည်းခြေကြိုက်မောင်းမကန်ကလည်းမသွားပဲ
မနေနိုင်ပေါ့ဗျာ။ ဘော်ဒါတွေလည်းဆုံတုန်းညအိပ်ပျော်ပွဲစားလေးသွားကြမယ်ဆိုတော့...ကျနော်ကိုယ်တိုင်ပဲ
မောင်းမကန်ကိုသွားဖို့ရွေးခဲ့တယ်...ဘယ်လောက်ဘရုတ်သုတ်ခကြခဲ့လည်းတော့အောက်မှာပဲဆက်ဖတ်ပေးကြ
ပါခင်ညား...မောင်းမကန်မှာကဟိုတယ်မရှိ.ရိုးရာခြေတံရှည်ဘန်ဂလိုများသာရှိတာမို့ စောင်.ခေါင်းအုံး.ခြင်ဆေး.
ဖျာ.ကအစ မီးစက်.မီးချောင်းအဆုံးယူသွားမှတော်ကာကြတာမို့ အားလုံးနီးပါးကိုကျနော်ပဲဒိုင်ခံအိမ်ကသမသွား
ပါတယ်...ကျနော့်ပါပါးကလည်းမင်းတို့ဟိုမှာ ထမင်းကိုဝယ်မစားနဲ့ကို့ဟာကိုယ်ချက်စားကြ.ဒါမှပျော်ဖို့ကောင်းမှာ
ဆိုတာနဲ့ ဆန်ကအစ မီးသွေးအဆုံးအိမ်ကကောင်မလေးတစ်ယောက်ကိုဝယ်ခိုင်းပြီးထည့်ပေးလိုက်တာပေါ့ဗျာ ။
ဒိုင်နာကားတစ်လုံးငှားပြီး ဘော်ဒါ ၁၂ ယောက်နဲ့ညနေပိုင်းလောက်မှာမောင်းမကန်ရွာထဲကိုဝင်တော့ စပီကာ
တွေ၃လုံးနဲ့သားစိုးရဲ့ကိုကြီးကျော်သီချင်းသံကရွာထဲကကလေးတွေကို လှုပ်ဆော်စေခဲ့ပြီး ရွာထိပ်ရောက်တော့
ချာတိတ်တစ်ယောက်ရေပုံးကြီးတစ်ပုံးဆွဲပြီးထွက်လာပြီး ...ဗြန်း...တိန်သွားပါပြီဗျာ...သင်္ကြန်တောင်မကျသေး
ဘူး...ချာတိတ်တွေကဲချက်ကြောင့် စိုစိုကိုရွှဲသွားပါတော့တယ်( စပီကာနဲ့မီးစက်ကတော့သိပ်မစိုလို့တော်ပါသေး
ရဲ့)
ကျနော်တို့ရဲ့ဘရုတ်ချက်တွေကိုစတင်ပါပြီဗျာ...ကမ်းခြေရောက်တော့ပစ္စည်း.သယ်ချ.တာဝန်အသီးသီးခွဲပြီး
ဂျီတီစီတက်နေတဲ့ကျနော့်ဘော်ဒါနှစ်ယောက်က မီးဆင်. ဖလော်ကကောင်နဲ့မြန်မာစာကကောင်ကရေခပ်.
ကျန်တဲ့ ၇ ယောက်ကထမင်း.ဟင်းချက်...ဟားဟားကျနော်ကဖလာပဲ.ဟိုနေရာစပ်စပ်.ဒီနေရာစပ်စပ်ပေါ့ဗျာ...
ညနေ ၆ နာရီလောက်မှာ.မှောင်စပြုလာတော့မီးဆင်တဲ့.ကောင်တွေရဲ့ဇာတ်လမ်းစပါ တော့တယ်...ပါလာတဲ့မီးချောင်း ၃ လုံးကိုဟိုတပ်ဒီတပ်.မီးကြိုးတွေဟိုသွယ်ဒီ သွယ်...ကဲမီးစက် နှိုးပြီ..တစ်ချက်.နှစ်ချက်.သုံးချက်.လေး ငါးချက်....တိန် သွားပါပြီ.ဆီလည်းအပြည့်ထည့်ထားပေမဲ့လည်း လုံးဝ နှိုးလို့မရ။ ကျွမ်းကျင်လှသောဂျီတီစီကျောင်းသားများကိုမေးကြည့်တော့သူတို့လည်းမသိပါလေ...မရမှအဆုံး..အနီနားက ဘန်ဂလိုအစောင့်အိမ်မှာ ဖယောင်းတိုင်.မီးခြစ်.ဘတ္တရီအိုးပါငှါးပြီး ညနေစာကို အကုန်လုံးပင်ပင်ပန်းပန်းနဲ့ ဝိုက်မယ်ကျန်တုန်း...မီးဖိုထဲက ကျနော့်သူငယ်ချင်းအော်သံကြောင့်အကုန်လုံး...ဟာ...ဟင်..အန်...အာမေဍိတ်သံမျိုးစုံက ညံနေပြီ...အကြောင်းမှာထမင်းချက်ကောင်းသောကျနော်တို့အုပ်စုထဲမှ ဆရာသမားတစ်ယောက်ရဲ့လက်စွမ်းပြချက်ကြောင့် ထမင်းအိုးမှာ မနှံ့ပဲ ဆန်နဲ့အိုး .ရေမမျှသဖြင့်မာကုန်ပြီတဲ့...
အိမ်မှာပေါင်းအိုးနဲ့ပဲချက်တာအခုက ထမင်းရေခန်းဆိုတော့ တလွဲတွေဖြစ်နေပြီ ဆိုပြီးဇီးရွက်လောက်ရှိတဲ့ မျက်နှာနဲ့ပြောနေတဲ့ဆရာသမားကိုကြည့်ပြီး ကျနော်တို့မှာ ငိုရမလို.ရည်ရမလိုဖြစ်ပြီး သူ့ကိုလည်း
အပြစ်မတင်နိုင်ပဲ ငှားလာတဲ့ဘက်တ္တရီနဲ့ မီးဆင်ပြီး အဲကောင်တွေရဲ့ချက်နေတဲ့ဟင်းကို
ကြည့်လိုက်တော့ တုန်ရမ်းဟင်းချို.ကြက်သားကာလသားချက်.ကန်စွန်းရွက်ကြော်.ငါးပိသုတ်.ငါးခြောက်ဆီဆမ်း
တဲ့ ဟိုက်ရှားပါးကောင်းလိုက်တဲ့ဟင်းတွေ...မြည်းကြည့်မှပဲဆိုတော့ တုန်ရမ်းဟင်းချိုကိုသောက်ကြည့်တော့ အယ်လယ်မဆိုးဘူးဗျ...ရန်ကင်းသဘာဝက တုန်ရမ်းအရသာအတိုင်း...ဘူးသီးများများအရည်ကျဲကျဲနဲ့
သေအောင်စပ်တဲ့ ကြက်သားဟင်းကို မာကလောက်နေတဲ့ ထမင်းနဲ့ ၁၂ယောက်သားဖြစ်သလိုလေးစားလို့အပြီး
ဆေးပေါ့လိပ်ကလေးထုတ်ပြီးဇိမ်ခံနေတုန်းမှာ စာဖတ်ဝါသနာရေလည်ပါတဲ့ဘော်ဒါတစ်ယောက်က မင်းတို့ကို သရဲအကြောင်းပြောပြမယ်တဲ့...တစ်ယောက်တစ်လှည့်ပြောတမ်းဆိုပြီး သူမနေ့ကမှလက်လက်ဆက်ဆက်
ဖတ်ထားတဲ့မဖဲဝါအကြောင်းကို ဖောက်သည်ချပါလေရောဗျာ...ပင်လယ်မှလှိုင်းလုံးကြီးတွေပုတ်ခတ်သံ.
ထင်းရှူးပင်တွေကြားပုဇဉ်းရင်ကွဲအော်သံ. ပျင်းထန်လှတဲ့လေတိုက်သံ များကိုအံတုပြီး ပုံပြောကောင်းတဲ့ဖလော်ကျောင်းသားပါးစပ်မှထွက်ပေါ်နေတဲ့ မဖဲဝါအကြောင်းကိုစိတ်ဝင်တစားနားထောင်
နေရာမှ .....ဖြောက်( မီးပျက်သံ) .....အားးးးးး ဆက်တိုက်ထွက်ပေါ်နေသော ဗန္ဒုလသွေးအပြည့်ပါတဲ့ကျနော်
တို့သံများ....ရှိစုမဲ့စုငှားထားတဲ့ ဘက်တ္ထရီအိုးလည်းအားကုန်တော့ မဖဲဝါအကြောင်းကလည်းကောင်းခန်းရောက်
နေပြီမို့ အကုန်လုံးကြောက်ကြောက်နဲ့ ဂီတာဆွဲသူကဆွဲ ဖရောင်းတိုင်ယူသူကယူ.သော့ပိတ်သူပိတ်. လက်နှိုတ်ဓာတ်မီးထိုးသူထိုး ၊ ကျနော်ကတော့ဘယ်ဘက် မှာအရက်ပုလင်း ညာဘက်မှာကိုလာဆွဲပြီး
အကုန်လုံးဘန်ဂလိုအပေါ်ကနေဆင်းပြေးပါရောဗျာ...
လမိုက်ညဖြစ်သလို.ကြားရက်ဖြစ်တာမို့ ခရီးသွားမရှိသလောက်နည်းနေပြီး သဲခုန်ပြင်တစ်လျှောက်ကျနော်တို့
မီးပုံ ၊ ပင်လယ်အတွင်းမှိတ်တုတ်မှတ်တုတ်နဲ့ငါးဖမ်းသဘော်များရဲ့မီးရောင်ကလွဲလျှင်ပတ်ဝန်းကျင်တစ်ခုလုံးက
အမှောင်တိ...မီးပုံအတွက်ထင်းရှာ...အမြည်းအတွက်ဂဏန်းရိုက် ရသမျှဂဏန်းတွေကို ကင်ကြ.ဖုတ်ကြ နဲ့ တဖြည်းဖြည်းနဲ့အရှိန်တက်လာတဲ့ ကျနော်တို့ရဲအရက်ဝိုင်းကလေးကို ဖလော်သမားကမဖဲဝါအကြောင်းဆက်
မယ်ဆိုတော့ အကုန်လုံး ကြောက်ကြောက်နဲ့ တစ်ခွက်ပြီးတစ်ခွက်သောက်လိုက်မော့လိုက်တော့ အရက်၃လုံး
ကကုန်မှန်းမသိကုန်သွားပါတော့တယ်...မူးမူးနဲ့အိပ်သူကအိပ်.ကွဲသူကကွဲနဲ့ နောက်ဆုံး ကျနော်အပါဝင်၎ယောက်သာကျန်တော့တာမို့ သူရဲဇာတ်လမ်းတွေအကြောင်းရပ်ပြီး ဂစ်တာတီးလေးနဲ့ပဲ အကြောက်တွေပျောက်
အောင်ဖျောက်...ပင်လယ်ကမ်းစပ်မှာသီချင်းညည်းရင်းနဲ့ပဲကျနော်ပါအိပ်ပျော်သွားတော့....မနက်မိုးလင်းနေထွက်လာပြီး..... သဲဂဏန်းလေးတစ်ကောင်ကိုယ် ပေါ်တက်လာကာ ဟိုပြေးဒီပြေးလုပ်နေမှ ယားယားနဲ့နိုးလာပါတော့တယ်ဗျာ...ကျန်တဲ့ဘော်ဒါ ၁၁ယောက်ကိုကြည့်လိုက်တော့ သဲများတစ်ကိုယ်လုံးပေကျန်ပြီး...ပင်လယ်ကမ်းစပ်မှာ
ပိုးလုံးပက်လက်ကြီး...ခေါခလူးအသံပေါင်းစုံနဲ့ အိပ်လို့ကောင်းနေတုန်း...
ကျနော့်ရဲ့ဘရုတ်သုတ်ခနေ့ကလေးလည်းဖြစ်...မှတ်မှတ်ယယနေ့လေးတစ်နေ့လည်းဖြစ်တာမို့လို့ ဇာတ်လမ်း
ကလေးကနည်းနည်းရှည်သွားပါတယ်ခင်ညား...သည်းခံပြီးဖတ်ပေးကြတဲ့အတွက်ကျေးဇူးပဲဗျို့...
တီဝါရေ...အကြွေးတွေအကုန်ရှင်းပြီနော်...ဟဲဟဲ

6 comments:

တောင်ပေါ်သား said...

ညီရေ တော်တော်ပျော်စရာကောင်းမယ်နော့် ပျော်စရာတွေ ရယ်စရာတွေနဲ့ အပြည့်ပါပဲဗျာ..

WWKM said...

သူငယ်ချင်းတွေနဲ့ ပျော်စရာဗရုတ်သုတ်ခ နေ့လေးပါလား မောင်လေးသံလွင် ရေ...း)
ဘူးသီးများများအရည်ကျဲကျဲနဲ့.. တဲ့.. ဟီးဟီး..ဘူးသီး
နဲ့ ကြက်သားဟင်းစားချင်လိုက်တာနော်။ ဒီမှာ ဘူးသီး
က ရှိဘူးရယ်လေ။ ဂလု..
ဖတ်လို့ ကောင်းတဲ့ ဗရုတ်သုတ်ခနေ့လေးတစ်နေ့ပါ။
ပျော်ရွှင်အဆင်ပြေပါစေ မောင်ငယ်လေးသံလွင် ရေ..
ဒါနဲ့ ကိုကြီးတောင်ပေါ်သားက ရည်းစားရှာပေးပြီလား.
သူတောင်မှ ရှိပါရဲ့လားမသိ.. :P

ခင်တဲ့
တီတီဝါ၀ါ

Anonymous said...

ဟဟ ဖတ်လို့ ကောင်းတယ်ဗျ
ရီနေရတယ် ..
သဲသောင်ပြင်ပေါ်မှာ ပိုးလိုးပက်လက် အိပ်နေတာကို
မြင်ယောင်မိတယ် ..
တော်သေးတာပေါ့ ဂဏန်းပဲ တက်လာလို့
ငမန်းသာ တက်လာရင် မလွယ်ဘူး :P
ပျော်ရွှင်ပါစေ ညီလေးရေ

chanye` said...

အဟင့်..ညီ့စာကိုဖတ်ပြီး ကမ်းခြေသွားချင်လာပြီ ။ ပျော်စရာကြီးနော် :(

သက်တန့် said...

ပျော်စရာ ဗရုတ်သုတ်ခတွေပဲ မောင်လေးရေ...
ငါးမန်းတက်လာရင် မောင်လေးမိုးသောက်ဆီ လွှတ်လိုက်ပါကွယ်... :P

Anonymous said...

နာဂစ်လာလိုက်ပါလား။ သူရတစ်ယောက်အေးဆေးဖြစ်သွားမှာ။ ခုလို ဆမ်၅မှာ ဖင်ကုန်းအောင် စာမလုပ်ရတော့ဘူး အဟိ